Pages

Sunday, January 19, 2014

အဋ္ဌမ အကြိမ်မြောက် ထွန်း ဖောင်ဒေးရှင်း ၂၀၁၃ စာပေ ဆု ချီးမြှင့်ပွဲ ကျင်းပ

ဇန်န၀ါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန် မြို့ ရန်ကင်း မြို့နယ် စည်ပင် လမ်းသစ် ရှိ မြန် မာ နိုင် ငံ ဘဏ်များ အသင်း အဆောက် အအုံ ဇမ္ဗူရစ် ရွှေစင် ခန်းမ ၌ အဋ္ဌမ အကြိမ် ထွန်း ဖောင်ေ ဒး ရှင်း (၂၀၁၃) စာပေ ဆု ချီးမြှင့် ပွဲ ကျင်းပ သည်။

ထွန်းဖောင် ဒေးရှင်း သည် မြန်မာ စာပေ လောက ဖွံ့ဖြိုး တိုးတက်ရေး နှင့် စာဖတ် ပရိသတ် တိုးပွားရေး၊ စာေ ကာင်း ပေမွန် များ ပေါ်ထွန်း ရေး တို့ကို တစ်ဖက် တစ်လမ်းမှ ပါဝင် ထောက်ကူ သော အားဖြင့် "ထွန်းဖောင် ဒေးရှင်း စာပေ ဆု" ကို ၂၀၀၅ ခုနှစ် မှ စတင် အကောင် အထည် ဖော် ခဲ့ပြီး စာအုပ် စာမူ ဆု များ ကို ချီးမြှင့် ခဲ့သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (၇) ကြိမ်မြောက် အာဆီယံမ သန်စွမ်း အားကစား ပြိုင်ပွဲ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီ ၁၈ ရက်နေ့ နံနက် (၁၁) နာရီခွဲ တွင် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ဗိုလ်မှူး ချုပ် ကျော်ဇံမြင့် တို့နှင့် အတူ နေပြည်တော် ၌ ကျင်းပလျက် ရှိသည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ၏ မြားပစ်၊ စစ်တုရင်၊ စားပွဲတင် တင်းနစ် အားကစား နည်းများ ယှဉ်ပြိုင် ကစား နေမှု ကို ကြည့်ရှု အားပေး သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေး တိုင်း ဒေသ ကြီး အတွင်းရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဇန်န၀ါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း တွင် မကွေး တိုင်း ဒေသ ကြီး အတွင်း ရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး သည်။ ရှေးဦး စွာ နိုင်ငံတော် သမ္မတ သည် မကွေး စက်မှု နယ်မြေ ရှိ အမှတ် (၁၃) အကြီးစား စက်ရုံ (မကွေး) သို့ ရောက်ရှိ ရာ စက်ရုံ အစည်း အဝေး ခန်းမ ၌ စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် က စက်ရုံ တည်ဆောက် ခဲ့မှု၊ စက်ရုံ ၏ ထုတ်ကုန် ပစ္စည်း များနှင့် ထုတ်လုပ် နိုင်မှု အရေ အတွက်၊ ဈေးကွက် တင်ပို့ ရောင်းချ မှု အခြေ အနေ နှင့် ထုတ်ကုန် တန်ဖိုး လျှော့ချ နိုင်ရေး ဆိုင်ရာ များ ကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ဝေလွင် နှင့် ဦးစိုးသိန်း တို့က ဖြည့်စွက် ရှင်းလင်း တင်ပြ ကြသည်။

ဆက်သွားချင်သေးတယ် ဆိုရင်