မြန်မာ့တပ်မတော်နှင့်
ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)
တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် အောက်ခြေအဆင့်ရှိ တပ်များအကြား
အမြင်လွဲမှား မှုကြောင့်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ
မပျက်နိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီလ ၂၃ ရက်က
ရန်ကုန်မြို့ရှိMyanmar Peace Center တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂ဝ
ရက်နေ့များတွင် တပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ
ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
''အောက်ခြေအဆင့်တွေက အထင်အမြင် လွဲမှားတာပါ။ မနေ့ကလည်း တိုက်ပွဲတွေ
မဖြစ်ပါဘူး။ ဒီနေ့လည်း မရှိတော့ဘူး။ အောက်မှာရှိတဲ့ တပ်တွေ
ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပါ။ တခြားနိုင်ငံတွေမှာလည်း အောက်ခြေမှာ
ဖြစ်နေကြတာပဲ။ ဒါကိုတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမ ပျက်နိုင်ပါဘူး''ဟု
ပြောကြားသည်။