Pages

Showing posts with label ဓါတ်ပုံမှတ်တမ်း. Show all posts
Showing posts with label ဓါတ်ပုံမှတ်တမ်း. Show all posts

Wednesday, March 20, 2013

Myanmar Navy and LIMA 2013


မြန်မာ့တပ်မတော်(ရေ)မှ Frigate အမျိုးအစား စစ်ရေယာဉ် UMS- Mahar Bandoola( F-21) သည် ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ၊ Langkawi တွင် မတ်လ (၂၆) ရက်နေ့မှ မတ်လ (၃၀) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Langkawi International Maritime & Aerospace Exhibition ( LIMA 2013 ) အစီအစဉ်များတွင် ပါဝင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းမှ Langkawi သို့ မကြာမီရက်ပိုင်းအတွင်း ထွက်ခွာမည်ဟု သိရှိရပါသည်။ ထို့ပြင် မြန်မာ့တပ်မတော်(ရေ)မှ Delegation အဖွဲ့ကိုလည်း လေကြောင်းဖြင့် သီးခြားစေလွှတ်သွားမည် ဖြစ်သည်။အလားတူ ကြည်းတပ်/ လေတပ် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ လည်း Delegation အဖွဲ့များ စေလွှတ်မည်ဟု ကြားသိရသည်။

မြန်မာ့တပ်မတော်(ရေ)သည် အိန္ဒိယနိုင်ငံ၊ Port Blair တွင် ပြုလုပ်သော MILAN သို့သာ စစ်ရေယာဉ် များ စေလွှတ်ခဲ့ပြီး ယခုအကြိမ် LIMA သို့ စေလွှတ်ခြင်းသည် ပထမဆုံးဖြစ်၍ တပ်မတော်(ရေ)၏ နိုင်ငံတကာသို့ ခြေဆန့်ဝင်ရောက်မှုအား ကြိုဆိုရမည် ဖြစ်ပါသည်။
 

Saturday, March 16, 2013

ပိတ်မိနေသည့် ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်အဖွဲ့ တပ်မတော် တပ်ရင်းအချို့ အကူအညီဖြင့် လိုင်ဇာမြို့သို့ ဆက်လက် ထွက်ခွာ

လိုင်ဇာတွင် ပိတ်မိနေသည့် ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်အဖွဲ့သည် တပ်မတော် တပ်ရင်းအချို့ အကူ အညီဖြင့် လိုင်ဇာမြို့သို့ ဆက်လက် ထွက်ခွါသွားပြီ ဖြစ်သည်။

The Voice Weekly


Monday, March 11, 2013

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ပအိုဝ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ



ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် သည် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ ဆီဆိုင်မြို့နယ် ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ နှင့် တွေ့ဆုံပွဲကို မတ်လ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက ဆီဆိုင်မြို့ ၊ မြို့နယ် ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အခမ်းအနား တွင် ဆီဆိုင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်က ဒေသဆိုင်ရာ အချက်အလက် များကို ရှင်းလင်း တင်ပြပြီးနောက် ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင် က ဖြည့်စွက် ရှင်းလင်း တင်ပြ၍ ဒေသခံ ပြည်သူများမှ အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြ ကြသည်။ ထို့နောက် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင် က ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့အတွက် ပြည်နယ် အစိုးရ အဖွဲ့မှ လှူဒါန်းသော အလှူငွေ ကျပ် ၁၀ သိန်းစီအား ပေးအပ် လှူဒါန်းရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက လက်ခံ ရယူ ကြသည်။

ဆက်လက်၍ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင် က အမှာစကား ပြော ကြားပြီး နောက် ပြည်နယ် ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေ ရေးရာ ကိစ္စရပ် များကို လည်းကောင်း ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ် များကို လည်းကောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
 

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့ ဆွေးနွေးမှု ဓာတ်ပုံများ

 

အစိုးရနှင့်ကချင်လွတ်မြောက်ရေးအဖွဲ့တို့သည်တရုတ်နိုင်ငံရွှေလီမြို့ရှိ Jing Cheng ဟိုတယ်တွင် ယနေ့ နံနက် ၉နာရီ မိနစ်၂၀မှ စတင်ကာတွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ 

အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သောအဖွဲ့တွင် ကချင်ပြည်နယ်စစ်ဆင်ရေးဆိုင်ရာစစ်ဆင်ရေးအထူးအဖွဲ့ ၁ မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးအပါအ၀င် စစ်ဘက်ဆိုင်ရာအကြီးအကဲများ ပါဝင်လာပြီး ကေအိုင်အိုဘက်မှ တပ်ပိုင်းဆိုင်ရာ ထိပ်တန်းတာဝန်ရှိသည့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်နှင့် တပ်ပိုင်းဆိုင်ရာ အကြီးအကဲများလည်းတက်ရောက်သဖြင့် ယခုဆွေးနွေးပွဲတွင် တပ်နှင့်ပတ်သက်သည့် ကိစ္စများ ဆွေးနွေးသွားနိုင်လိမ့်မည်ဟု နှစ်ဘက်လုံးက သုံးသပ်ပြောကြားသည်။

ကချင်ပြည်နယ် လဂျားယန် ဒေသအနီး ဒေါ့ဖုန်းယန်တွင် ပညာသင် ထောက်ပံ့ ကြေးများ ပေးအပ်



Friday, March 8, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပြန်ရောက်ပြီ

ဖဖော်ဝါရီ ၂၅ ရက်နေ့မှ စတင်၍ ဥရောပသမဂ္ဂအဖွဲ့ဝင်ငါးနိုင်ငံဖြစ်သည့် နော်ဝေ၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယားနှင့် အီတလီနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မတ်လ ၈ ရက်နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်အပြည်ပြည် ဆိုင်ရာေ လဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ပြည်သူများနှင့် အသင်းအဖွဲ့များမှ လာရောက်ကြိုဆို ကြကြောင်း သိရသည်။

 

Sunday, March 3, 2013

မြန်မာ့ရိုးရာ နွားအကြော့မောင်းနှင့် လှည်းအကြော့မောင်း ပြိုင်ပွဲ

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာ နွားအကြော့မောင်းနှင့် လှည်းအကြော့မောင်း ပြိုင်ပွဲကို မုံရွာမြို့နယ် ဗောဓိတစ်ထောင်၊ ခတက္ကန်တောင် ရွာတွင် မတ်လ၂ရက်နေ့မှ စတင်၍ ၃ရက်တိုင်တိုင် ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက် ရှိပြီး၊ ယနေ့ ဒုတိယနေ့ တွင် လှည်းအကြော့မောင်း ယှဉ်ပြိုင်နေကြသည့် မြင်ကွင်းများကို တွေ့ရစဉ်။


Sunday, February 24, 2013

မစိုးရိမ်တိုက်သစ် နာယကချုပ် ဆရာတော် သက်တော် ရှစ်ဆယ်ပြည့် ဂုဏပူဇာ ကျင်းပ


မန်း မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်ရှစ်ဆယ်ပြည့် ဂုဏ်ပြုပူဇော်ပွဲ စတင်ကျင်းပ မန္တလေး-ဖေဖော်ဝါရီ၂၄ ပြည်တွင်းပြည်ပ တပည့်သံဃာ ဒကာဒကာမများ စုပေါင်းညီ ညာ ပြုလုပ်သော မစိုးရိမ်တိုက်သစ် မဟာနာယကချုပ်ဆရာတော်ဘုရားကြီး၏ သက်တော်ရှစ်ဆယ်ပြည့် ဂုဏ်ပြုပူဇော်ပွဲ ဂုဏပူဇာ မဟာမင်္ဂလာ အခမ်းအနားကြီးကို ဖေဖော်ဝါရီ၂၃ကစတင် ကျင်းပကြောင်း သိရသည်။ ဂုဏပူဇာ ပထမနေ့တွင် မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိ မဟာနာယက ချုပ်ဆရာေ တာ် ကြီး မှ တပည့်သံဃာ တပည့်ဒကာ ဒကာမများအား သစေ ဘာယထ ဒုက္ခဿ၊ သစေ ဝေါ ဒုက္ခမပိယံ မာ ကတ္ထ ပါ ပကံ ကမ္မံ၊ အာဝိ၀ါ ယဒိဝါ ရဟော။ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် အကုသိုလ်ကို မလုပ်နဲ့။ ကိုယ့် ကိုယ် ကိုပင်၊ ချစ်ပါလျှင်၊ ရှောင်ကြဉ်အကုသိုလ် သြ၀ါဒကထာမိန့်ကြားခဲ့ကြောင်းသိရသည်။

Wednesday, February 20, 2013

ဟံသာဝတီ ကားဝင်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်သူများ စီတန်း လှည့်လည် ခွင့် တောင်းဆို

ဟံသာဝတီကားဝင်းပြောင်းရွှေ့မှုနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်သူများမှ စီတန်းလှည့်လည်ခွင့် ပါေ တာ င်း ဆို ထားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ကျွန်တော်တို့ ခွင့်ပြုမိန့်တောင်းဆိုထားပါတယ်။ ခွင့်ပြုမိန့်ကျကျ မကျကျ ကျွန်တော်တို့ ကတော့ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သွားမှာပါ” ဟု အဆိုပါ ကားဝင်း မပြောင်းရွှေ့ရေး ကော်မတီမှ ဦးမင်းကိုကပြောသည်။ ယင်းကဲ့သို့ စီတန်းလှည့်လည်ခွင့်အား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ခွင့်ပြုမိန့် တောင်းခံ ထားဆဲသာ ဖြစ်ပြီး ၎င်းတို့အနေဖြင့် မြို့တော်ခန်း မရှေ့ဖြစ်စေ ရန်ကုန်တိုင်း လွှတ်တော် သို့ ဖြစ်စေ စီတန်းလှည့်လည်ခွင့် ရရှိရေးနှင့် ပတ်သက်၍ ညှိနှိုင်းနေဆဲ ဖြစ်ပြီး ခွင့်ပြုမိန့် ရရှိပါက ယခုလ ၂၃ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။

PNews



Sunday, February 17, 2013

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း မပြောင်းရွှေ့ရေး ဆန္ဒထုတ်ဖော်


 
ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်း သီရိမင်္ဂလာဈေးဟောင်းသို့ မပြောင်းရွှေ့ရေး ဆန္ဒဖော်ထုတ်ပွဲ ခွင့်ပြုမိန့်ရသော ဖေဖော်ဝါရီ ၂၀ရက်မှသာပြုလုပ်မည် ရန်ကုန်-ဖေဖော်ဝါရီ၁၇ ဟံသာဝတီယာဉ်ရောင်း ၀ယ်ရေးစခန်းအား သီရိမင်္ဂလာဈေးဟောင်းသို့ ပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ပွဲကို ခွင့်ပြုမိန့် ရေ သာ ဖေဖော်ဝါရီ ၂၀ရက်တွင် ပြုလုပ်သွားမည်ဟု ကားဝင်းမပြောင်းရွှေ့ရေး ကော်မတီ မှ ဦးဝင်းမြင့် ကပြောသည်။ 
 

Friday, February 15, 2013

ရွှေလက်နဲ့ ခေါ်တုန်းလာပါ ဆိုတဲ့ ဦးလှဆွေ နှင့် Bullet ကို ကန့်ကွက်တဲ့ ဒေါ်ဒွဲဘူ


ရွှေလက်နဲ့ ခေါ်တုန်းလာပါ ဆိုတဲ့ ဦးလှဆွေ နှင့် Bullet ကို ကန့်ကွက်တဲ့ ဒေါ်ဒွဲဘူ တို့ နှစ်ဦးအား ယခုကဲ့ သို့ တွေ့ရသည် မှာလည်း ကချင်ငြိမ်းချမ်းရေး အလှမ်းမဝေးတာ့သည့်နှယ်...

Jumping Juliet

ဆက်သွားချင်သေးတယ် ဆိုရင်