Pages

Showing posts with label သတင်းတို. Show all posts
Showing posts with label သတင်းတို. Show all posts

Tuesday, January 14, 2014

( ၇ ) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား တိုက်ရိုက် ထုတ်လွှင့် လျက် ရှိ

မြန်မာနိုင်ငံ တွင် ပထမဆုံး အကြိမ် အဖြစ် လက်ခံ ကျင်းပသော ၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်း အနား ကို ယနေ့ ညနေ ၅း၁၅ နာရီ တွင် စတင် ကျင်းပ လျက် ရှိနေပြီ ဖြစ်ပါ သည်။ ၄င်း အခမ်း အနား ကို မြန်မာ့ ရုပ်မြင် သံကြား မှ တိုက်ရိုက် ထုတ်လွှင့် ပြသ လျက် ရှိရာ Online မှ တစ်ဆင့် ကြည့်ရှု လို သူများ www.mrtv.gov.mm ၏ MRTV Live Streaming တွင် လည်းကောင်း https://www.facebook.com/mrtvwebmediaportal ၏ Live Stream တွင် လည်းကောင်း ကြည့်ရှု နိုင်ပါ ကြောင်း သတင်း ကောင်း ပါး အပ်ပါ သည်။

Saturday, April 20, 2013

အင်ဒိုနီးရှား သမ္မတနှင့် ဇနီး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့၏ ဖိတ်ကြားချက် အရ အင်ဒိုနီးရှား သမ္မတ နိုင်ငံ သမ္မတ ဒေါက်တာ ဆူစီလိုဘမ်ဘန်း ယူဒိုယိုနိုနှင့် ဇနီးမစ္စစ် ဟာဂျာ အာနီးဘမ်ဘန်း ယူဒိုယိုနို တို့သည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သို့ မကြာမီ ကာလအတွင်း တရားဝင် ချစ်ကြည်ရေး ခရီး လာရောက်မည် ဖြစ်သည်။

သမ္မတကြီး ဦးသိန်းစိန် ကျန်းမာပါစေ


ဒီနေ့ ဧပရယ် ၂၀ ဟာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ၏ ၆၈ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။  သမ္မတကြီး ကိုယ်၏ ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်း တို့နှင့် ပြည့်စုံစွာဖြင့် နိုင်ငံ့ ကောင်းကျိုး ၊ အမျိုး ဘာသာ သာသနာ ကောင်းကျိုး ကို စွမ်းစွမ်းတမံ ရွက်ဆောင်နိုင်ပါစေ ခင်ဗျာ ။

Tuesday, April 2, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ မကြာမီ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ဟိုင်နန်ကျွန်း ဘိုအောင်းမြို့တွင် ကျင်းပမည့် ၂၀၁၃ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောင်းဆွေးနွေးပွဲသို့လည်း တစ်ဆက်တည်း တက်ရောက်မည်ဖြစ်သည်။

Monday, February 18, 2013

ကောင်းမွန်သော အစိုးရ တရပ် ဖြစ်စေရေး အတွက် ပြယုပ် တစ်ခု

နတ်တလင်းမြို့၊ ရန်ကုန် ပြည်လမ်းရှိ သစ်တော ဦးစီးဌာနရုံးမှ သစ်တော ဦးစီးအရာရှိ ဦးခင်မောင်ကျော် သည် 14.2.2013 ရက်နေ့ 0930 အချိန် သစ်တောရုံး၍ ရုံးလုပ်ငန်း ဆောင်ရွက်နေစဉ် ကိုခင်ဝင်း (၆၁) နှစ် (ဘ) ဦးမောင်ဦး၊ အရောင်းအ၀ယ် လုပ်၊ ကမ္မမြို့နေသူမှ ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ ရုံးအတွင်း ၀င်ရောက်လာပြီး ညောင်လေးပင် ကျေးရွာတွင် ဖြစ်ပွားခဲ့သော တရားမ၀င် သစ်ဖမ်းဆီး ခဲ့မှုအပေါ် လာရောက် ညှိနှိုင်းပေးခြင်း ဖြစ်ကြောင်း၊ ၀န်ထမ်း တစ်ဦးအား စိတ် အနှောက် အယှက် ဖြစ်စေရန် လည်းကောင်း၊ ၀န်ထမ်းအား အဂတိ လိုက်စားရန် မြူဆွယ်သော စကားဖြင့် လည်းေ ကာင်း ၊ နှောက်ယှက် ပြောဆိုခဲ့သဖြင့် ကိုခင်ဝင်းအား မြို့နယ် သစ်တောဦးစီးဌာနရုံးမှ ဖေ ၁၄ ရက်ရက်စွဲပါ တိုင်စာ ပေးပို့ တိုင်ကြားသဖြင့် 1430 အချိန် နတ်တလင်း ရဲစခန်း (ပ) ၅၄/၂၀၁၃၊ ပြစ်မှုပုဒ်မ-၃၅၃ ဖြင့် အမှု ဖွင့်လှစ်ထားရှိပြီး ဒုရဲအုပ်ကျော်မိုးမှ စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရပါသည် .....

မြန်မာသဘောင်္ ဖီလစ်ပိုင် တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ ဦး ပျောက်ဆုံး

ဖိလစ်ပိုင် နိုင်ငံ ပန်ဂီစီနန် ဒေသ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်၌ မြန်မာ သင်္ဘော တစ်စီး နစ်မြုပ်သဖြင့် သင်္ဘောသား တစ်ဦး သေဆုံးကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် GMA သ တင်းတွင် ဖော်ပြထားသည်။ အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန် ဂစီ နန် ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံး များေ ကြာ င့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲ တပ်ဖွဲ့ က ပြော ကြားေ ကြာင်း ယင်း မီဒီယာ တွင် ဖော်ပြ ထားသည်။ သင်္ဘော နစ်မြုပ်သည့် သတင်း ရလျှင်ရချင်း ဘို လီနောဝ် အစိုး ရ အ ဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေ ရေး လုပ်ငန်းများ စတင် ခဲ့ သည်ဟု ဆိပ်ကမ်း ရဲ များက ဆိုကြောင်း ယင်းသတင်း ဌာန တွင် ဖော်ပြထားသည်။ လက်ရှိ အခြေ အနေ တွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်း သတင်း အရ သိရသည်။

www.MyanmarExpress.net

Monday, February 11, 2013

ဦးသန်းထွဋ်အောင် နှင့် မီဒီယာ စီးပွားရေးသမားများ အား စီးပွား ပိတ်ဆို့ရန် USCB တောင်းဆို

ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ တင်ထွန်းဦး၊ ဒေါက်တာနေဝင်းမောင်၊ ကိုကို(စက်မှုတက္က သိုလ်)၊ မြတ်ခိုင်၊ ဟိန်းလက် နှင့် မျိုးအောင် တို့အား စီးပွားပိတ်ဆို့ရန် ဝါရှင်တန်အခြေစိုက် အမေရိကန် အခြေ စိုက် မြန်မာ့အရေး လှုပ်ရှားသူများ အဖွဲ့ USCB မှ အမေရိကန် ဘဏ္ဏာရေးဝန်ကြီး တီမိုသီဂတ်နာ ထံ သို့ တိုင်ကြားပေးပို့ခဲ့ကြောင်း သတင်းရရရှိသည်။ 

DVB

Sunday, February 10, 2013

ဖားကန့် မြို့လယ်တွင် ပစ်ခတ်မှုများ ဖြစ်နေသည်ဟု သိရ


ကြိုးတံတားဖက်ကနေပြေးလာတာ တယောက်နှစ်ယောက်မကဘူး နေရာအနှံ့ပစ်နေတာ ပထမမြို့ လယ်လမ်း နောက်ဗျုဟာကုန်း ရဲစခန်းဖက် ခြံစည်းရိုးတေတောင်ဝင်တိုးတယ်ဗျ တယောက်မှမထွက်ရဲဖူး။

Tuesday, February 5, 2013

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မြစ်ကြီးနားမြို့ရှိ စစ်ဘေး ဒုက္ခသည် စခန်း များ သို့ သွားရောက်


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီးယား သည် ပြည်ထောင်စု ၀န်ကြီး နှစ်ဦးနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စစ်ဘေး ဒုက္ခသည် စခန်းများ သို့ သွားရောက်ပြီး ဒုက္ခသည်များနှင့် တွေ့ဆုံမည်ဖြစ်ကာ ထို့နောက် အရပ်ဖက် အဖွဲ့အစည်းများနှ င့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိသည်။မစ္စတာ ဘီဂျေနမ်ဘီးယားနှင့်အတူ နိုင်ငံတော် သမ္မတ ရုံး ပြ ည်ေ ထာင်စုဝန်ကြီး ဦးစိုးသိန်း လူဝင်မှု ကြီး ကြပ်ေ ရးနှင့် ပြည် သူ့ အင်အား ၀န်ကြီး ဌာန ပြ ည်ထောင်စု ၀န် ကြီး ဦးခင်ရီတို့လည်း ကချင်ပြည် နယ် မြစ်ကြီး နားမြို့ သို့ ရောက် ရှိေ နခြ င်းဖြစ်သည်။
 
7Day News

နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရ



 
ယနေ့ နံနက် (၉း၃၀) မှ (၁၀း၀၀) နာရီအတွင်း (US, Malaysia, Russia)အိုင်ပီလိပ်စာများမှတစ်ဆင့် DDoS Request များ ပေးပို့ခြင်းဖြင့် စတင် တိုက်ခိုက်ခဲ့သည်။နံနက်(၁၁း၁၀) တွင်လည်း ထပ်မံ တိုက် ခိုက်လာခဲ့သည်။ နံနက်(၁၁း၅၃) နာရီတွင်လည်း IP-74.220.202.199 မှလည်း DDoS Request သိ န်းနှ င့် ချီ၍ တိုက်ခိုက် လာခဲ့သည်။ သို့ဖြစ်ပါ၍ လက်ရှိ တိုက်ခိုက်ခံနေရသည့် ကာလအတွင်း နိုင်ငံတော် သ မ္မတ ရုံးဝက်ဘ်ဆိုက်အား ကြည့်ရှုရာ တွင် အဆင်မပြေမှုများ ကြုံတွေ့နိုင်ပါ၍ နားလည်ပေးပါ ရန် မေတ္တာရပ်ခံအပ်ပါသည်။ ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ လိုအပ်သည့် လုံခြုံရေးဆိုင်ရာ များေ ဆာင်ရွက်လျက် ရှိပါကြောင်း အသိပေးအပ်ပါသည်။

မှူးဇော်

Monday, February 4, 2013

မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွား


မော်လမြိုင်မြို့တွင် ၀က်မကြီးမှ လူကလေး(၈) ဦးမွေးဖွားကြောင်း သတင်းဓာတ်ပုံနှင့် တကွ facebook က ကိုသိန်းဝင်း စာမျက်နှာ မှာ တွေ့လိုက်ရပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ဓာတ်ပုံ ကို လေ့လာကြည့်ပါ။
 
 

ဓမ္မစကူးလ် ( Dhamma School ) ဖောင်ဒေးရှင်း စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ



ဗုဒ္ဓဘာသာဝင်အားလုံး... ဝိုင်းဝန်းကူညီ ပံ့ပိုးကြပါစို့။

အရှင်ကုသလသာမိ

၀၉ ၄၅၀၀ ၅၇၆၀၉

Thursday, January 31, 2013

နတ်တလင်းမြို့ တွင် လေပြင်း တိုက်ခတ် မိုးသည်းထန်စွာ ရွာသွန်း သဖြင့် ပျက်ဆီးမှုများ ဖြစ်ပေါ်


နတ်တလင်းမြို့တွင် ဇန် 30 ရက်နေ့ 1430 မှ 1715 အချိတ်ထိ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နတ်တလင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ တာပွန်အုပ်စု ၊ ချောင်း သုံးခွအုပ်စု၊ သခွတ်တန်းအုပ်စု၊ ကျွဲသေအုပ်စုရှိ မူလတန်းလွန်ကျောင်းတစ်ကျောင်းနဲ့ အိမ်ခြေ(၆၄)လုံး ပြိုလဲခြင်း၊ အမိုးလန်ခြင်း၊ ယိုင်နဲ့ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး ဒေ သ အာ ဏာပိုင်များမှ ကူညီထောက် ပံ့ကယ် ဆယ်နိုင်ရေး စီစဉ်ဆောင် ရွက် လျှက်ရှိကြောင်း သိရပါတယ် ...

ဆက်သွားချင်သေးတယ် ဆိုရင်