Pages

Saturday, March 16, 2013

လက်ပံတောင်းတောင်အနောက်ကလူ




 နေပူဖုံထူသော ချင်းတွင်း အနောက်ခြမ်း၊ မတ်လအတွင်း တစ်ရက်။ ဆန္ဒပြနည်းပေါင်းစုံဖြင့် နာမည်ကျော်သော ဆည်တည်းရွာအနီး အိမ်တစ်အိမ်သည် မိုဘိုင်းလ်များ၊ တက်ဘလက်များ၊ ကင်မရာများဖြင့် အလုပ်များလျက် ရှိသည်။ ထိုတိုက်ခံ နှစ်ထပ်အိမ်အနောက်ဘက်တွင် Sky Net ဂြိုလ်တုလိုင်းကို တပ်ဆင်ထားရာ တစ်ကမ္ဘာလုံးနှင့် တိုက်ရိုက်ချိတ်ဆက် ထားသကဲ့သို့ဖြစ်သည်။ ထိုရွာ သည် လက်ပံတောင်း အနီးတစ်ဝိုက်တွင် ရှားရှားပါးပါး လျှပ်စစ်မီးရသော ကျေး ရွာဖြစ်ပြီး ဒေါ်ေ အာင် ဆန်းစုကြည် ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် မုံရွာမြို့ မရောက် မီ နှစ်နာရီခန့် အလိုတွင် ထိုအိမ်အောက်ထပ်မှ လူတစ်ဦး ဖုန်းတစ်လုံးဖြင့် အောက်ပါအတိုင်း ခပ်သွက်သွက် ညွှန် ကြားလျက်ရှိသည်။

"ဦးသိန်းကိုပြောထား။ ဒေသခံက အော်သင့်ရင် အော်ပေးလိုက်။ တောင်ပေါ် မှာ ဖုန်းဘယ်သူ ကိုင်ထားလဲ။ ဆိုင်းဘုတ်တွေ ပြီးသွားပြီလား တကယ်လို့ အဲဒီဘက်ကို ဒေါ်စုလမ်းကြောင်း မတော်တဆ ဖြတ်ရင် လူထုကိုကြွေးကြော်သံ တင်ပေးလိုက်၊ ပုဒ်မ ၁၄၄ ရုပ်ဖို့၊ သံဃာတွေကို မီးလောင်ဗုံး တရား ခံဖော်ထုတ်ဖို့၊ ကော်မရှင်အလို မရှိ၊ စီမံကိန်းရုပ်သိမ်းရေး .... ဒါပဲ တင်ပေးလိုက်" "ရွှေညဝါကို ဆည် တည်းကို ရွှေ့ထား"၊ "အဖြူ လေးယောက်ကို တောင်ပေါ်က ပြန်ဆွဲ ချခဲ့တော့" စသည်တို့ဖြစ်သည်။ ယင်း ကဲ့သို့ဖုန်းဖြင့် ညွှန်ကြား နေသူသည် ထိုဒေသဇာတိ မဟုတ်ဘဲ ရန်ကုန်မှလာသူ တစ်ဦးဖြစ်ပြီး ၄င်းနှင့် အတူ အနည်းဆုံးငါးဦးမှ ၁၀ ဦးခန့် ပါလာကြကာ ထိုဒေသတစ်ဝိုက်တွင် ယမန် နှစ် အတွင်းက ပင် ရောက် ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဆည်တည်းရွာ ဒေသခံ တစ်ဦးက ပြောပြသည်။
 

လက်ပံတောင်း ဆန္ဒပြပွဲများအား နောက်နောင် လုံးဝ မဖော်ပြတော့ဟု ပြည်တွင်း မီဒီယာ အုပ်စု ကြေငြာ

ပြည်တွင်း မီဒီယာ အုပ်စု ဖြစ်သော First Media Group မှ စီစဉ်ထုတ်ဝေလျှက် ရှိသော ဂျာနယ်များတွင် လက်ပံ တောင်းတောင် ဆန္ဒပြပွဲ သတင်းများအား နောက်နောင် လုံးဝ ဖော်ပြတော့မည် မဟုတ်ကြောင်း ယနေ့ ထုတ် First News Journal တွင် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြသူများကို အရေးယူမည်ဖြစ်ကြောင်း ဒေါ်စုပြောပြီး နာရီပိုင်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ဆန္ဒပြခဲ့သူများကို တရားစွဲ

 
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ အလိုမရှိကြောင်း ရန်ကုန် တွင် ဆန္ဒ ထုတ်ဖော် ပြခဲ့သော ဦးဆောင် ဆန္ဒပြသူအချို့ကို မြို့နယ် ၃ မြို့နယ်မှပုဒ်မ ၁၈ ဖြင့် အရေး ယူထားကြောင်း ဦးဆောင်ဆန္ဒပြသူ ကိုလှိုင်မင်းဦးက ပြောကြားသည်။

အဆိုပါ ဆန္ဒပြရာတွင် ဦးဆောင် ဆန္ဒပြခဲ့သော လက်ပံတောင်းအရေးနှင့် လယ်ယာမြေအရေး တက်ကြွ လှုပ်ရှားသူ မနော်အုန်းလှ အပါအဝင် ကိုလှိုင်မင်းဦးနှင့် အခြားပုဂ္ဂိုလ်များကိုလည်း မရမ်းကုန်းမြို့နယ်  ၊ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့မှ အမှုဖွင့် အရေးယူ ထားကြောင်း ကိုလှိုင်မင်းဦးထံမှ သိရသည်။ “ဒီလို နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြတာကို အရေးယူတဲ့ ကိစ္စကတော့ ဒီမိုကရေစီမှာ မဖြစ်သင့်ဘူး” ဟု ဒေါ်နော်အုန်းလှကပြောကြားသည်။
 

တရုတ်သမ္မတအဖြစ် ရှီကျင့်ဖျင်အား ရွေးချယ်


တရုတ် ကွန်မြုနစ် ပါတီ (စီပီစီ) ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖျင်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ် မတ် ၁၄ ရက်က ရွေးချယ်တင်မြှောက် လိုက်ပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။ (၁၂) ကြိမ်မြောက် အမျိုး သား ပြည်သူ့ ကွန်ဂရက် (အင်န်ပီစီ) ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေး၌ ရှီကျင့်ဖျင် ကို ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ အမြဲ တမ်း ကော်မတီ ဥက္ကဋ္ဌအဖြစ် ကျန်ဒီကျင်းကိုလည်း ရွေးခြယ်ခဲ့ကြသည်။ တစ်ဖန် တရုတ်ပြည်သူ့ သမ္မတနိုင် ငံ ဒုတိယ သမ္မတအဖြစ်လည်း လီယွမ်ချောင်ကို ရွေးချယ် တင်မြှောက်ခဲ့သည်။ လစ်လပ် သွားသည့် တရုတ် ကွန်မြူနစ်ပါတီ (စီပီစီ) အမြဲတမ်း ကော်မတီ၏ အထွေထွေ အတွင်းရေး မှူး နေရာတွင် ၀မ်ချန်ကို တာဝန်ပေးရန်လည်း သဘောတူညီခဲ့ကြသည်။ ထို့အပြင် (၁၂) ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်း ကော်မတီ အဖွဲ့ဝင် ၁၆၁ ဦး ကိုလည်း ရွေးချယ် တင်မြှောက်ခဲ့ကြသည်။ 

ဆင်ဟွာ

ကြေးနီစီမံကိန်း ဒေသခံများ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြ

လက်ပံတန်းတောင် ကြေးနီစီမံကိန်း ဒေသသို့ သွားရောက် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဆည်တဲနှင့် မိုးကြိုးပြင် ကျေးရွာမှ ဒေသခံများက ဆန္ဒပြခဲ့ကြောင်း သိရသည်။

လူထုနှင့် တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကို ရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိုးအတွက် အလုပ်အကိုင် အခွင့်အလမ်း တွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဆည်တဲကျေးရွာ ဒေသခံ တဦးက မဇ္ဈိမသို့ ပြောသည်ထို့နောက် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာ၍  လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ 

“လွန်ခဲ့တဲ့ ၁၅ မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း  ပြော ဆိုသည်။

တရုတ်ကြောင့် ကချင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ခွင့်မရဟု UWSA ဆို

တရုတ်ပြည် ရွှေလီမြို့၌ မတ်လ ၁၁ ရက်မှ ၁၂ ရက်ထိ ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို မတက်ရော က်နိုင်ခဲ့ခြင်းမှာ တရုတ်ပြည် ဗျူရိုကရေစီ စနစ်၏ နှေးကွေးမှုကြောင့် ဖြစ်သည်ဟု UWSA ဘက် မှ ပြစ် တ င်ဝေဖန်လိုက်သည်။

ကျောက်ကျုံးတန်း (Photo:UWSA)

“တရုတ်ပြည်ရဲ့ ရုံးစနစ်က တဆင့်ပြီး တဆင့်သွားတယ်။ အချိန်ကြာပြီး နှေးကွေးတယ်။ အထက်အရာ ရှိနဲ့ လက်အောက်ဝန်ထမ်းတွေ ဆက်သွယ်တာလည်း နှေးတယ်။ နယ်စပ်မှာရှိတဲ့ မိုင်းငါ့က ဝန်ထမ်း တွေ မိုင်းလျမ်းကို အကြောင်းမကြားလို့ ဖြစ်မယ်။ ဒါကြောင့် နယ်စပ် ဖြတ်သန်းခွင့် အချိန်မီ မရတာ” ဟု UWSA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လျပ်စစ်မီးသာ လိုချင်ပြီး လျပ်စစ် ဘယ်ကထုတ် နေရကြောင်း မသိသော သူများမှ မြစ်ဆုံနှင့် အခြား ရေကာတာများ လုံးဝ ရပ်ဆိုင်းရေး မြစ်ချောင်းများနေ့ ဟူသော လှုပ်ရှားမှု ပြုလုပ်

မြစ်ဆုံ ရေကာတာနှင့် အခြား ရေကာတာ ၇ ခု အပြီးပိုင် ရပ်ဆိုင်းရန် လှုပ်ရှားမှု အခမ်းအနား တခုကို ယနေ့ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် မြစ်ကြီးနားမြို့ လူထုအခြေပြု အဖွဲ့များနှင့် ဒေသခံများက ကျင်းပခဲ့ကြသည်။

ဧရာဝတီမြစ် ဆက်လက်ရှင်သန်ရေးအတွက် ထိုဆည် စီမံကိန်းများ လုံးဝ ရပ်ဆိုင်းရေးအပြင် မြစ်ကြောင်း တလျှောက် ရွှေတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းပေးရန် ဆွေးနွေးခဲ့ကြကြောင်း ကချင်ပြည်နယ် အခြေစိုက် လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့ (Mungchying Rawt Jat –MRJ) မှ တာဝန်ရှိသူ ဆရာရှဂေါင်တန်ဂွန်း (Coordinitor) က ပြောသည်။

International-River-Day1

ကျောက်ဖြူ အထူး စက်မူဇုန် ပွင့်လင်းမြင်သာမူ ရှိစေရမည်ဟု အလုပ်သမား ဒုဝန်ကြီးပြော

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တည်ဆောက်မည့် ကျောက်ဖြူ အထူးစက်မူဇုံနှင့် ပတ်သက်ပြီး ပွင့်လင်း မြင်သာမူ ရှိစေရမည်ဟု အလုပ်သမား ဒုဝန်ကြီး ဦးမြှင့်သိန်းက ပြောသည်ဟု သိရသည်။

“အလုပ်သမား ဒုဝန်ကြီး ဦးမြှင့်သိန်းနဲ့ အဖွဲ့က ကျောက်ဖြူကို  စက်မူဇုန်ကိစ္စနဲ့ ပတ်သက်ပြီး ရောက်နေပါ တယ်။ အဲသလို ရောက်နေတဲ့ အချိန်မှာ သူတို့က လူထုတွေနဲ့ တွေ့ပါတယ်။ တွေ့တဲ့ အခါ သူက ဒီစက်မူဇုန်ကို ပွင့်လင်း မြင်သာမူ အပြည့်နဲ့ တည်ဆောက်သွားမယ်လို့ ပြောပါတယ်” ဟု အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ဦးသန္တာမောင်က ပြောသည်။

အလုပ်သမား ဒုဝန်ကြီးနှင့် အတူ ရခိုင်သဟာယ အသင်းမှ လူကြီးများ၊ တခြား စီးပွားရေး လုပ်ငန်းရှင်များ အတူ လိုက်လာပြီး ကျောက်ဖြူမြို့နယ်တွင် လူထု တွေ့ဆုံပွဲများ ပြုလုပ်စဉ် ထိုသို့ ပြောဆိုကြောင်း သိရ သည်။

ပိတ်မိနေသည့် ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်အဖွဲ့ တပ်မတော် တပ်ရင်းအချို့ အကူအညီဖြင့် လိုင်ဇာမြို့သို့ ဆက်လက် ထွက်ခွာ

လိုင်ဇာတွင် ပိတ်မိနေသည့် ငြိမ်းချမ်းရေး ခရီးရှည် လမ်းလျှောက်အဖွဲ့သည် တပ်မတော် တပ်ရင်းအချို့ အကူ အညီဖြင့် လိုင်ဇာမြို့သို့ ဆက်လက် ထွက်ခွါသွားပြီ ဖြစ်သည်။

The Voice Weekly


နိုင်ငံတိုင်းသို့ မြန်မာလုပ်သားများ တရားဝင်ပို့ခွင့်ပြု

ပြည်ပနိုင်ငံ ငါးနိုင်ငံကိုသာ အလုပ်သမား တရားဝင် ခွင့်ပြုထားသော မြန်မာနိုင်ငံက အမျိုးသားလုပ်သားများ အတွက် အလုပ်ရှင်များ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ တာဝန်ယူလျှင် တရားဝင် ပို့ဆောင်ခွင့်ကို မတ်လဆန်းပိုင်းက စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။

လက်ရှိတွင် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ အပါအဝင် အခြားနိုင်ငံများသို့ အလုပ်သမား တရားဝင် ပို့ဆောင်ခွင့်ပြုထားခြင်း မရှိသော်လည်း ပို့ဆောင်နေကြပြီး အလုပ်သမားများ ပြဿနာ ပေါ်ပေါက်ပါက အစိုးရက တရားဝင် အကာအကွယ် မပေးနိုင်ဘဲ အခွင့်အရေးများ ဆုံးရှုံးနေရသဖြင့် ယင်းသို့ ထပ်မဖြစ်ရန် တရားဝင် ခွင့်ပြုရခြင်း ဖြစ်သည်။ 
 

Google ဥက္ကဋ္ဌ မတ်လ ၂၂ ရက် လာမည်

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သော Google ကုမ္ပဏီဥက္ကဋ္ဌ EricSchmidt မတ်လ ၂၂ ရက်နေ့ တွင် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အတွင်းရေး မှူး ဦးဇော်မင်းဦးက ပြောကြားသည်။ ၎င်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်တွင် လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ကိုယ်ထူကိုယ်ထ စွန့်ဦးတီထွင် လူငယ် ပညာရှင် များနှင့် လည်း တွေ့ဆုံသွား မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် Mr.EricSchmidt သည် လှိုင်မြို့နယ် MICT ခန်းမတွင် မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်းနှင့် ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ကိုမူ သိရှိထားခြင်း မရှိကြောင်း ၎င်းက ရှင်းပြသည်။ “ဘာအတွက် လာတာလဲတော့ မသိသေးဘူး။ ဖြစ်နိုင်ရင် အကူအညီ ပေးမယ်ဆိုရင် ကျေးလက်ဒေသ နည်းပညာဖွံ့ဖြိုးရေး အထောက်အပံ့တွေကို ဦးစားပေး တောင်းဆိုသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ အမေရိကန်အစိုးရ၏ စီးပွားရေး ပိတ်ဆို့မှုများကြောင့် Google ကပေးသည့် အချို့သော နည်းပညာဝန်ဆောင်မှု များ မြန် မာနိုင်ငံတွင် အသုံးပြုနိုင်ခြင်း မရှိသဖြင့် ယင်းဝန်ဆောင်မှု များ ပြန်လည် ဖွင့်ပေးရ န်နှင့် ကျောင်းများတွင် နည်းပညာ အထောက်အပံ့များ ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ကြောင်း Solveware Solution မှ ကွန်ပျူတာ လုပ်ငန်းရှင် ဦးငွေထွန်းက သုံးသပ်ပြောကြားသည်။

မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ဆင်နွှဲသူများ လိုက်နာရန် တိုက်တွန်းနှိုးဆော်


(က) မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် ဝတ်စားဆင်ယင်မှု၊ ပြုမူပြောဆိုမှုများ မပြုလုပ်ရန်။

(ခ) ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆုံးအမနှင့် ဖီလာဆန့်ကျင်သည့် အပြုအမူ၊ ပြောဆိုမှုများ မပြုလုပ်ရန်။

(ဂ) အချင်းချင်း ဒဏ်ရာအနာတရ ဖြစ်စေပြီး အန္တရာယ်ဖြစ်စေသည့် ကြမ်းတမ်းသော ရေကစားမှုများ မပြုလုပ်ရန်။

(ဃ) တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ဆူပူမှုကို ဖြစ်စေနိုင်သည့် လှုံ့ဆော် ဖန် တီး ပြုမူပြောဆိုမှု၊ ကြိုးပမ်းမှုများ မပြုလုပ်ရန်တို့ ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ် စေရန် နိုင်ငံ့ဝန်ထမ်း အားလုံး လစာနှစ်သောင်း တိုးမည်

လုပ်ခလစာ နည်းပါးမှုကြောင့် အခြားမလိုလားအပ်သော စာရိတ္တပိုင်းဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်နေ သည့် နိုင်ငံ့ဝန်ထမ်းများကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှစ၍ လစာကျပ်နှစ်သောင်း တိုးမြှင့်ပေးမည်ဖြစ်ေ ကြာင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၁၅ ရက်နေ့က ကျင်း ပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းများ လစာတိုးရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ ရသုံးမှန်းခြေ ငွေ စာရင်းဆိုင်ရာ ဥပဒေကြမ်းတွင် ၎င်းက ယင်းသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစိုးရဌာန ဆိုင်ရာများတွင် လုပ်ကိုင်နေသည့် နေ့စားဝန်ထမ်းများကို တစ်နေ့လျှင် ခုနစ်ရာကျပ် တိုးပေးမည်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းများ အတွက်လည်း ပင်စင်လစာနှင့် ဆုကြေးငွေ တိုးပေးမည်ဖြစ်ကြောင်း ဦးဝင်းရှိန်က ဆိုသည်။ 
 

ဆက်သွားချင်သေးတယ် ဆိုရင်