Pages

Wednesday, January 15, 2014

မလေးရှား ရှိ မြန်မာ အလုပ်သမား များ အား ကူညီ ဆောင်ရွက်



မလေးရှား နိုင်ငံ ဆာရာဝပ် ပြည်နယ်၊ မလေးရှား နှင့် ဘရူနိုင်း နယ်စပ် အနီး မီရီမြို့နယ် တွင် တည်ရှိ သည့် Shin Yang Shipyard သင်္ဘော ကျင်း ကုမ္ပဏီ ၌ အလုပ်လုပ် ကိုင်လျက် ရှိသော မြန်မာ ရွှေ့ပြောင်း အလုပ် သမားများ နှင့် အင်ဒိုနီးရှား ရွှေ့ပြောင်း အလုပ် သမားတို့ အကြား ၂၃-၁၂-၂ဝ၁၃ ရက် ဒေသ စံတော်ချိန် ည ၈ နာရီခွဲ ခန့်မှ စတင် ၍ ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ နှင့် စပ်လျဉ်း ၍ မြန်မာ အလုပ်သမား ၉၈ ဦး အား အဆိုပါ လုပ် ငန်းခွင် ရှိ ဂိုဒေါင် တွင် ထိန်းသိမ်း ထားသည် ဆိုသည့် သတင်း အရ ဖြစ်စဉ် အခြေ အနေ မှန် ရရှိရန် နှင့် မြန်မာ အလုပ် သမား အတွက် လိုအပ် သည် များ ကူညီ ဆောင်ရွက် ပေးရန် တို့အတွက် မြန်မာ သံရုံး၊ ကွာလာ လမ်ပူမှ အလုပ် သမား သံ အရာရှိနှင့် သံရုံး ဝန်ထမ်း တစ်ဦး တို့ ပါဝင် သည့် ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ အား အဆိုပါ လုပ်ငန်း ခွင်သို့ စေလွှတ် ၍ လိုအပ် သည်များ ကူညီ ညှိနှိုင်း ဆောင်ရွက် စေခဲ့ သည်။

ဖြစ်စဉ်မှာ မြန်မာ အလုပ်သမား မောင်လှိုင်ဝင်း သည် ဈေးဝယ် ရန် ထွက်လာ စဉ် အင်ဒိုနီးရှား အလုပ်သမား ငါးဦး က စက်ဘီး များဖြင့် ပိတ်ရပ် ၍ ဖိုက်ဘာ ဦးထုပ်များ ဖြင့် ဝိုင်းဝန်း ရိုက်နှက် ခဲ့သဖြင့် ၄င်းက ထွက်ပြေး ခဲ့ရာ အင်ဒိုနီးရှား တို့က အဆောင် သို့ လိုက်လာ ပြီး ရန်စ ခြင်း မှ စတင် ခဲ့ခြင်း ဖြစ်သည်။ ယင်း သို့သော အခြေ အနေများ ကြောင့် လုပ်ငန်း ခွင် ရှိ မြန်မာ အလုပ် သမား ၉၈ ဦး တို့သည် အဆောင် တွင် မနေဝံ့ တော့ သဖြင့် ၄င်းတို့၏ ဆန္ဒ အ လျောက် စုစည်း ၍ စက်ရုံ ရှိ ဂိုဒေါင် တွင် နေထိုင်ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက် ၍ မြန်မာ အလုပ်သမား များအား မလေးရှား ရဲစခန်း မှ ဖမ်းဆီး ထိန်းသိမ်း စစ်ဆေး ခြင်း မရှိဘဲ၊ မလေး ဘာသာ စကား တတ်ကျွမ်း နားလည် သော မြန်မာ အလုပ် သမား တစ်ဦး ကိုသာ ခေါ်ယူ မေးမြန်း ၍ တိုင်ချက် ဖွင့်စေ ခဲ့သည်။

မြန်မာ အလုပ် သမားများ ၏ လုံခြုံရေး နှင့် ပြန်လို သည့် မြန်မာ အလုပ် သမားများ မြန်မာ နိုင်ငံ သို့ ပြန်လည် ပို့ဆောင် ရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ သံရုံးမှ ကိုယ်စားလှယ် အဖွဲ့နှင့် သင်္ဘော ကျင်း ကုမ္ပဏီ ပိုင်ရှင် တို့ ဆွေးနွေး ညှိနှိုင်း ခဲ့ကြပြီး မြန်မာ အလုပ် သမား ၉၈ ဦးအနက် ဆက် လက် အလုပ် လုပ်ကိုင် လိုသည့် ကိုးဦး အား ကုမ္ပဏီ တစ်ခု တည်းပိုင် အခြား သင်္ဘော ကျင်း သို့ ရွှေ့ ပြောင်းပေး ခဲ့သည်။ မြန်မာ နိုင်ငံ သို့ ပြန်လို သည့် ကျန် ၈၉ ဦးအနက် ၂၁ ဦးသာ စာချုပ် သက်တမ်း ပြည့်ပြီး ဖြစ်သည့် အတွက် လျော်ကြေး ပေးရန် မလို သော်လည်း ကျန် ၆၈ ဦး မှာ စာချုပ် သက်တမ်း မပြည့် သေး သည့် အတွက် ကျသင့် လျော် ကြေးငွေ များ ကို ပေးချေ ပြီးမှသာ ပြန်ခွင့် ရှိမည် ဖြစ်ကြောင်း သိရှိ ရချက် အရ အဆိုပါ ကိစ္စရပ် နှင့် စပ်လျဉ်း ၍ အတတ် နိုင် ဆုံး ဖြေရှင်း နိုင်မည့် အနေ အထား သို့ ရောက်ရှိ သည် အထိ မြန်မာ သံရုံးမှ ကိုယ်စား လှယ် အဖွဲ့ နှင့် အလုပ် ရှင် တို့ အကြား ဆွေးနွေး ညှိနှိုင်း ခဲ့သည်။

ယင်းသို့ မြန်မာ အလုပ်သမား များ ကြုံတွေ့ နေရသည့် ပေးလျော် ရမည့် လျော်ကြေး၊ မြန်မာ အလုပ်သမား များ အတွက် လေယာဉ် စရိတ် များ အစရှိ သည့် အလုပ် သမား တို့၏ ပြဿနာ များနှင့် စပ်လျဉ်း ၍ မည်သည့် အလှူရှင် ထံမှ အလှူငွေ ကိုမျှ လက်ခံ ခြင်း မပြု ဘဲ မြန်မာ ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီ နှင့် အလုပ် သမား တို့ အကြား ညှိနှိုင်း ပြီး စိုက်ထုတ် ကျခံ ခဲ့ရသည်။ မြန်မာ နိုင်ငံ သို့ ပြန်လို သည့် မြန်မာ အလုပ် သမား ၈၉ ဦး အနက် စာချုပ် ပြည့်ပြီး သူ ၂၁ ဦး တို့သည် မလေးရှား လေကြောင်း လိုင်း ဖြင့် မြန်မာ နိုင်ငံ သို့ ဇန်နဝါရီ ၈ ရက် တွင် လည်း ကောင်း၊ ၄၈ ဦး တို့သည် ယင်းနေ့ တွင်ပင် Air Asia လေကြောင်း လိုင်း ဖြင့် လည်းကောင်း၊ ကျန် အလုပ် သမား ၂ဝ တို့ သည် Air Asia လေ ကြောင်း လိုင်း ဖြင့် ဇန်နဝါရီ ၉ ရက် တွင် လည်းကောင်း ပြန်လည် ရောက်ရှိ ခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီး ဌာနမှ သတင်း ရရှိ သည်။

ကြေးမုံ သတင်းစာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်