Pages

Thursday, February 7, 2013

ကေအိုင်အို အနေဖြင့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ အဆင်မပြေဟုဆို

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု လုပ်ငန်းကော်မီတီဗဟိုအဖွဲ့က နေပြည်တော် တွင်ကျင်း ပ ပြုလုပ်မည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲကို တက်ရောက်ဖို့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေ အိုင်အို အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် ကေ အိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဘက်မှ ကေအိုင်အိုပြောခွင့်ရ ဦးလနန်းက “လက်ရှိ နိုင်ငံရေး ၊စစ်ရေး အခြေအနေအရ နေပြည်တော်မှာ ကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်ဖို့ အဆင် မပြေသေးဘူး”လို့ ဖေဖော်ဝါရီလ ၆ရက်(မနေ့က) အကြောင်းပြန်ခဲ့ပါတယ်။

နေပြည်တော် ပြည်ထောင်စုနေ့အခမ်းအနားတက်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက ကေအိုင်အိုအဖွဲ့ကို ဖိတ် ကြား ခဲ့ တာ ဟာ နိုင်ငံတော်သမ္မတရဲ့ကိုယ်စား  ဖိတ်ကြားခဲ့ခြင်းဖြစ်ပေမယ့် ကေအိုင်အိုကတော့ သမ္မတက ဖိတ် တာ မဟုတ်ဘူးလို့ပြောပါတယ်။ အစိုးရရဲ့ ဖိတ်ကြားချက်ဟာ စစ်မှန်သော ငြိမ်းချမ်းရေးဘက်ကို ဦး တည်ပြီး ဖိတ်ကြားခြင်းဖြစ်ပါတယ်။ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာစားပွဲဟာ နေပြည်တော်ရှိ သမ္မတအိမ်တော်ဝင်းအတွင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၁၈ နာရီမှ ၂၁ နာရီထိ ကျင်း ပမှာဖြစပါတယ်။ ကေအိုင်အို အနေနဲ့ ဖိတ်ကြားချက်ကို လက်ရှိအခြေအနေအရ မတက်ရောက်နိုင်ဘူး ဆိုပေ မယ့် ဘာကြောင့် ငြင်းခဲ့တယ်ဆိုတာ ကိုတော့ ပြောမ သွားပါ ဘူး။ပြီးခဲ့ တဲ့ဖေဖော်ဝါရီလ ၄ ရက်နေ့ က တရုတ်နိုင်ငံ ရွှေလီမြို့ တရားဝင်တွေ့ဆုံဆွေးနွေးပြီးတဲ့အချိန်မှာ ၀န်ကြီး ဦးအောင်မင်း က နှတ်ဖြင့် ပဏာ မဖတ်ကြား ခဲ့ပါသေးကြောင်း သိရသည်။

ကချင်သတင်း

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်