Pages

Wednesday, January 15, 2014

တပ်မတော် အနေဖြင့် ယခင် ဗိုလ်ချုပ် မှူးကြီး ဟောင်း ဦးသန်းရွှေ ချမှတ် ခဲ့သည့် တပ် တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး ၄ ရပ် အား အစဉ် အမြဲတမ်း လိုက်နာ သွားရမည့် မူဝါဒ အဖြစ် လိုက်နာ ဆောင်ရွက် သွား မည် ဖြစ်



တပ် တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး (၄) ရပ် နှင့် တပ်ကို ကောင်းအောင် လုပ်ပေး ရမယ်။

(၁) အချက် လေ့ကျင့်ရေး နှင့် တပ် တည်ဆောက်၊
(၂) အချက် အုပ်ချုပ်ရေး နှင့် တပ် တည်ဆောက်၊
(၃) အချက် သက်သာ ချောင်ချိရေး နှင့် တပ် တည်ဆောက်၊
(၄) အချက် စိတ်ဓါတ် နှင့် တပ် တည်ဆောက် ရမယ်။

ဒီ တပ် တည်ဆောက်ရေး တာဝန်ကြီး (၄) ရပ် ဆိုတာ အရင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ချမှတ် ပေးထားတဲ့ မူဝါဒ ဖြစ်ပြီး တပ်မတော် အတွက် အမြဲတမ်း လိုက်နာ ရမယ့် မူဝါဒ ဖြစ် ပါတယ်"

"လွန် ခဲ့တဲ့ ဆယ်နှစ် တာ အတွင်း တပ်မတော်သား တွေ အပြင် မှာ ဆိုက်ကား နင်း တဲ့သူ၊ တက္ကစီ မောင်းတဲ့ သူ၊ အငှား ဆိုင်ကယ် မောင်းတဲ့ သူတွေ ရှိ ပါတယ်။ အရာရှိ များ စဉ်းစား ကြည့်ပါ။ တပ်မတော် ဟာ ပြည်သူ ကို ကာကွယ် ဖို့ ဖွဲ့စည်း ထားတာ။ တပ်မတော် သား တွေ ဆိုက် ကား နင်းပြီး စားဝတ် နေရေး လုပ်နေ ရတာ ဘယ် လိုမှ မသင့်တော် ဘူး။ တို့ရဲ့ မူဝါဒ က တပ်မတော် ဟာ မိမိ ခြေ ထောက် ပေါ်၊ မိမိ ဂုဏ် သိက္ခာ ရှိရှိ ရပ်တည် လုပ်ကိုင် နိုင်ရမယ်။ တပ်မတော် ရဲ့ ဂုဏ်သိက္ခာ ကို အတတ် နိုင်ဆုံး မြှင့်ထား ရမယ်။ ဒါ့ အပြင် တပ်မတော် အနေ နဲ့ တိုင်းပြည် အတွက် နိုင်ငံ နှင့် အ၀န်း လုပ်ငန်း တွေမှ ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့တာ အများကြီး ရှိ တယ်။ဒီလောက် လုပ်ပေး နေတာ တောင် အကောင်း မပြော တဲ့သူ တွေ ရှိနေဆဲ ဖြစ် တယ်။ ဒီဘက် ခေတ် ဒီမိုကရေစီ ခေတ် မှာ ကျတော့ တပ်မတော် သား တွေ စားဝတ် နေရေး အတွက် အပြင် ထွက်ပြီး အလုပ် လုပ်ရ မယ် ဆိုရင် လက်ညိုး ထိုးဖို့ အဆင့်သင့် စောင့်နေတဲ့ သူတွေ ရှိတယ်။ တပ်မတော် က တိုင်းပြည် အတွက် ဒီလောက် လုပ်ပေး ခဲ့ တာ တောင် အကွက် ချောင်းပြီး ထောက်ချင်၊ ပြောချင် နေကြ တယ်"

"မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ တာ ပြည်တွင်း သောင်းကျန်းမှု တွေ ကြောင့် နောက်ကျ ရတယ် ဆိုတာ ဘယ်သူ မှ မငြင်း နိုင်ဘူး။ အဲဒါ ကြောင့် လက်နက် ကိုင် ပဋိပက္ခ တွေ ချုပ်ငြိမ်းရေး အတွက် ခေတ် အဆက် ဆက် ကြိုးစား ခဲ့တယ်။ သဘော ထား ကွဲလွဲ တာ တွေ၊ သဘော ထား မကွဲလွဲ တာတွေ ကုစား ခဲ့ ပေမယ့် ငါ တကော ကော ပြီး ငါဆို တဲ့ စိတ်နဲ့ လုပ်ခဲ့ ကြတဲ့ အတွက် တိုင်းပြည် ဟာ အခုထိ မတည် မငြိမ် ဖြစ်နေ တာ ဟာ ၀မ်းနည်း စရာ ကောင်း ပါတယ်။ ဒီ အဖြစ် တွေကို မိမိတို့ ကျော်ချင် တာ။ တပ်မတော် အစိုးရ လက်ထက် တုန်း ကတော့ စစ် အစိုးရ မို့လို့ ငြိမ်းချမ်းရေး အလှမ်းဝေး တယ် ပြောကြ တယ်။ အခု ပါတီစုံ ဒီမိုကရေစီ စနစ် ကို သွားနေ တာ ဖြစ် တယ်။ မည်သည့် နိုင်ငံရေး စနစ်ပဲ ကျင့် သုံး သည် ဖြစ်စေ၊ လက်နက် ကိုင် ပဋိပက္ခ တွေကို ဘယ် နိုင်ငံ ကမှ လက်မခံ ကြ ဘူး။ အဲဒါ ကြောင့် မိမိ တို့ ငြိမ်းချမ်း ရေး ရအောင် လုပ်ချင် တယ်။ မိမိ တို့က စပြီးတော့ ဘာ တစ်ခုမှ သွား မလုပ်ဘူး။"

"ဒါပေမယ့် တိုင်းပြည် ရဲ့ Situation ကိုတော့ လာပြီး ထိခိုက် အောင် လုပ်လို့ မရဘူး။ အုပ်ချုပ်ရေး ယန္တရား နဲ့ ပတ်သက် ပြီး ထိပါး လို့ မရဘူး။ ပြည် သူ လူထုနဲ့ ပတ်သက်ပြီး သည်းခံ လို့ မရဘူး။ လမ်းပန်း ဆက်သွယ်မှု လုံခြုံရေး နဲ့ ပတ်သက်ပြီး သည်းခံ လို့ မရဘူး။ ဒါမျိုး တော့ တို့ လက်မခံ ဘူး။ တပ်မတော် က ဒီ အတိုင်း ကြည့် နေ လို့ မရဘူး။ တပ်မတော် ရဲ့ တာဝန် က နိုင်ငံတော် ကာကွယ်ဖို့ တာဝန် ရှိတယ်။ နိုင်ငံတော် လုံခြုံမှု ကို ပေး ရမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာ လည်း အတိ အလင်း ပြဌာန်း ထားပြီး သား ဖြစ်တယ်။ ပြည် တွင်း ပြည်ပ အန္တရာယ် များ ကို ကာကွယ် ဖို့ အ တွက် တပ်မတော် က ဦးဆောင် ဖို့ လိုပါ တယ်။ ဒါ့ကြောင့် ငြိမ်းချမ်း ရေး နဲ့ ပတ်သက် လို့ ရှိရင် ခွဲထွက် ဖို့ ဟာတွေ မလုပ် ရင် ဘာမှ ပြဿနာ မရှိ ဘူး။"

တပ်မတော် သည် စည်းကမ်း နဲ့ အမိန့် နာခံမှု အပေါ်မှာ အခြေခံ ပြီးတော့မှ ဖွဲ့စည်း ထားတဲ့ တပ်မတော် ဖြစ်

"Institution က စည်းကမ်း နဲ့ စိတ်ဓါတ်၊ အမိန့် နာခံမှု အပေါ်မှာ အခြေခံ ထားတယ်။ ဒီနေ့ တို့ သွား နေတဲ့ ဒီမိုကရေစီ စနစ် နိုင်ငံ တော် ရဲ့ Institution ကို အရာရှိ များ ကြည့်တတ် ရင် တွေ့ လိမ့်မယ်။ ဘာ တစ်ခု မှ အားရ စရာ မတွေ့ ရဘဲ စည်းကမ်း မရှိ၊ ဥပဒေ မလိုက် နာ၊ အလုပ် မလုပ် ချင်၊ အခွင့် အရေး သမားတွေ များ တယ်။ စသည် ဖြင့် မျိုးစုံ တွေ့နေ ရတယ်။ ဒီ အချိန်မှာ တိုင်းပြည် ပြိုကွဲ ဖို့ အတွက် တိုင်းရင်းသား တွေရဲ့ ပဋိပက္ခ ကို ရှေ့တန်း တင်ပြီး လုပ်နေတာ တွေ ရှိတယ်။ ဒီလို အခြေ အနေ မျိုး ကို ထိန်းနိုင် ဖို့ ဆိုရင် တပ်မတော် တစ်ခု ပဲ ရှိတယ်။ ဒါကြောင့် မြင်အောင် လုပ်တတ် ဖို့ လိုတယ်။"

"ငြိမ်းချမ်းရေး ယူတာ ကြောက်လို့ မဟုတ် ဘူး။ တိုင်းပြည် တည်တည် ငြိမ်ငြိမ် နဲ့ အားလုံး စည်းစည်း လုံး လုံး ညီညီ ညွတ်ညွတ် နဲ့ တိုင်းပြည် ကို ဖွံ့ဖြိုး တိုးတက် အောင် ဆက်ပြီး လုပ်မယ် ဆိုတဲ့ နို်င်ငံ တကာ နဲ့ ရင်ဘောင် တန်း နိုင်အောင် လုပ်ချင် တဲ့ စိတ်၊ ဒီမို ကရေစီ နိုင်ငံ အနေနဲ့ သွား နိုင်ဖို့ အတွက် တပ်မတော် က ဒီမို ကရေစီ လမ်း ကြောင်း ဆိုတာ ခင်းတာ ဖြစ် တယ်။ နိုင်ငံခြား က တိုက် တွန်း လို့ လုပ်တာ မဟုတ် ဘူး။ တပ်မတော် က ၈၈ မှာ အာဏာ ယူပြီး က တည်းက ပြော ခဲ့ပြီး သား ဖြစ် တယ်။"

"ဒါ့ကြောင့် ငြိမ်းချမ်း ရေး မရလို့ ရှိရင် ဒီမိုကရေစီ ကို သွားလို့ ရမှာ မဟုတ် တဲ့ အတွက် ငြိမ်းချမ်းရေး ကို ယူတာ ဖြစ်တယ်။ ဒီမို ကရေစီ လမ်းကြောင်း ရောက်ဖို့ ကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ သွားရ မယ်။ ဒီ နှစ်ခု ဟာ တစ်ခု နဲ့ တစ်ခု အမှီ သဟဲ ပြုထား တယ်။"

"ရှင်းအောင် ပြောလို့ ရှိရင် ဒီမိုကရေစီ တို့၊ ငြိမ်းချမ်း ရေး တို့ ဆိုတာက အာဏာ ခွဲဝေ ဖို့ အတွက် မဟုတ် ပါဘူး။ စစ်မှန် တဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေးမှ တိုင်းပြည် တည်တည် ငြိမ်ငြိမ် အေးအေး ချမ်းချမ်းနဲ့ တိုးတက် စေဖို့ အတွက် ငြိမ်းချမ်းရေး ယူ တာ ဖြစ်ပါ တယ်။"

"ကြောက် လို့ လည်း မဟုတ်ပါ ဘူး။ ဘယ်ေ သာင်းကျန်းသူ ကိုမှ မတိုက် နိုင်စရာ အကြောင်း လည်း မရှိ ဘူး ။ မတိုက်ရဲ စရာ အကြောင်း လည်း မရှိပါ ဘူး"


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
ကာကွယ်ရေး ဦးစီးချုပ် ရုံး (ကြည်း) စစ်ဆင်ရေး အစည်း အဝေး ခန်းမ အုပ်ချုပ်မှု မွမ်းမံ သင်တန်း အမှတ် (၃ / ၂၀၁၃) သင်တန်း ဆင်းပွဲ မိန့်ခွန်း
၂၀၁၃ နိုဝင်ဘာ လ ၂၉ ရက်



No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်