Pages

Wednesday, January 15, 2014

ထိုင်း ဝန်ကြီးချုပ် ယဉ်လပ် နှင့် အဓိက ဝန်ကြီးများ ကို ဖမ်းဆီး ထိန်းသိမ်း မည်ဟု ဆန္ဒပြ ခေါင်းဆောင် ခြိမ်းခြောက်

 
 
ထိုင်း နိုင်ငံတွင် ဝန်ကြီးချုပ် ယဉ်လပ် ရှင်နာဝပ် ဦးဆောင် သည့် အစိုးရ အဖွဲ့အနေ ဖြင့် နုတ်ထွက် ပေးခြင်း မရှိပါ က၊ ယဉ်လပ် နှင့် တကွ အဓိက ကျသည့် ဝန်ကြီး များ ကို ဖမ်းဆီး ထိန်းသိမ်း မည်ဟု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင် Suthep Thaugsuban က ဇန်နဝါရီ ၁၄ ရက် တွင် ခြိမ်းခြောက် ခဲ့သည်။ ဆန္ဒ ပြသူများ အား Suthep က စင်မြင့် တစ်ခု ပေါ်မှနေ၍ ပြောကြား ခဲ့ရာတွင် ၄င်းတို့ အနေဖြင့် အစိုးရ ရုံး အားလုံး ကို လာမည့် နှစ်ရက် သုံးရက် အတွင်း ၌ သိမ်းပိုက် မည်ဟု ဆိုခဲ့ ကြောင်း Xinhua သတင်း ဌာန က ဖော်ပြ ထားသည်။

အကယ်၍ ယဉ်လပ် ဦးဆောင်သည့် ကြားဖြတ် အစိုးရ အဖွဲ့အနေဖြင့် နုတ်ထွက် ပေးရန် ငြင်းဆန် ပါက၊ ပြည်သူ့ ဒီမိုကရက် တစ် ပြုပြင် ပြောင်းလဲ ရေး ကော်မတီ (PDRC) အနေ ဖြင့် ဆန္ဒပြ မှုများ ကို အရှိန် မြှင့်ကာ ယဉ်လပ် ၏ နေအိမ် နှင့် အဓိက ဝန်ကြီး များ၏ နေအိမ် များကို ဝန်းရံ ပိတ်ဆို့ မည်ဟု Suthep က ပြောကြား ခဲ့ကြောင်း Xinhua သတင်း ဌာနတွင် ဖော်ပြ ထားသည်။ ဝန်ကြီးချုပ် ယဉ်လပ် ဦးဆောင် သော အစိုးရ နုတ်ထွက် ပေးရေး အတွက် ထိုင်း နိုင်ငံ၏ မြို့တော် ဖြစ်သည့် ဘန်ကောက် မြို့၏ အချက် အချာ ကျသော နေရာ များကို အတိုက် အခံများ က ဇန်နဝါရီ ၁၄ ရက်တွင် ဒုတိယ မြောက်နေ့ အ ဖြစ် ဆက်လက် ပိတ်ဆို့ ဆန္ဒ ပြလျက် ရှိသည်။ ယဉ်လပ် ဦးဆောင်သည့် လက်ရှိ ထိုင်း အစိုးရ ကို ကျေးလက် နေ ပြည်သူ အများစု က ထောက်ခံ ကြ သော်လည်း၊ အထက် လွှာ များ၊ ဘန်ကောက် မြို့နေ လူလတ် တန်းစား များနှင့် ထိုင်း တောင်ပိုင်း သားများ က မနှစ်မြို့ ကြပေ။

Mizzima

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်