Pages

Saturday, January 18, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုများ ကြည့်ရှု အားပေး

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၁ဝ) နာရီခွဲ တွင် နေပြည်တော် ၌ ကျင်းပ လျက် ရှိသည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ များကို ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့်၊ ဦးတင့်ဆန်း၊ မြန်မာ နိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း၊ တာဝန်ရှိ ပုဂ္ဂိုလ် များနှင့် အတူ လိုက်လံ ကြည့်ရှု အားပေး သည်။

ရှေးဦးစွာ အမျိုးသား မီတာ ၂ဝဝ T 52 နှင့် အမျိုးသား မီတာ ၂ဝဝ T37 ပြိုင်ပွဲ များ၏ လူရွေး ပွဲစဉ်များ၊ အာဆီယံ မသန်စွမ်း ဘောစီယာ အားကစား ပြိုင်ပွဲ ၏ တစ်ဦးချင်း ပြိုင်ပွဲ ဆီမီးဖိုင် နယ်ပွဲစဉ်များ၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ မြန်မာ အသင်း နှင့် အင်ဒိုနီးရှား အသင်း တို့ ယှဉ်ပြိုင် ကစား နေမှု များ နှင့် စားပွဲတင် တင်းနစ် ပြိုင်ပွဲ များကို ကြည့်ရှု အားပေး သည်။

ထို့နောက် အမျိုးသား တစ်ဦးချင်း Class  (7) ပြိုင်ပွဲ မှ ပထမ နှင့် ဒုတိယ ရရှိ ကြသည့် အင်ဒိုနီးရှား မှ ခြေ ၂ ဖက် အင်္ဂါ စွန့်လွှတ် အားကစား သမား နှင့် ထိုင်း နိုင်ငံမှ ခြေတစ်ဖက် နှင့် လက်တစ်ဖက် အင်္ဂါ စွန့်လွှတ် အားကစား သမား တို့၏ သရုပ်ပြ ယှဉ်ပြိုင် ကစား နေမှု များကို ကြည့်ရှု အားပေး ကာ ပြိုင်ပွဲ အပြီး ၎င်း အားကစား သမား (၂) ဦးအား ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း က အထူး ဂုဏ်ပြု လက်ဆောင် များ ချီးမြှင့် ခဲ့ကြောင်း သတင်း ရ ရှိသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်