Pages

Wednesday, January 15, 2014

တွန်ဂါ၌ ဆိုင်ကလုန်း မုန်တိုင်းဝင်၊ နေအိမ် များ ပျက်စီး

 
 
တောင် ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ တွန်ဂါ နိုင်ငံတွင် အားပြင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက် ခဲ့ရာ နေအိမ် နှင့် သစ်ပင်များ ပျက်စ်ီး ခဲ့ကြောင်း ဇန်နဝါရီ ၁၄ ရက် က သတင်း တွင် ဖော်ပြ သည်။ အဆိုပါ ဆိုင် ကလုန်း မုန်တိုင်း သည် လွန်ခဲ့ သည့် သီတင်းပတ် ကုန်ပိုင်း က ဟာအပိုင် ကျွန်းစု အလယ်ပိုင်း သို့ တစ် နာရီ ၁၇၈ မိုင်နှုန်း ဖြင့် ဝင်ရောက် တိုက်ခတ် ခဲ့ရာ လူပေါင်း ၈၀၀၀ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ ယင်း မုန်တိုင်း ကြောင့် အသက် ၅၁ နှစ် အရွယ် တစ်ဦး သေဆုံး ခဲ့ကြောင်း အရေးပေါ် ကယ်ဆယ် ရေး ဒါရိုက်တာ လက်ဗီနီ အာဟိုး က ပြောသည်။ ယင်း မုန်တိုင်း ကြောင့် ပျက်ဆီး သွားသော နေအိမ် များ ပြန် လည် တည်ဆောက် ရန် နှစ် များစွာ ကြာနိုင် ကြောင်း အရေး ပေါ် ကယ်ဆယ် ရေး အေဂျင် စီ အော ကစ်ဖန်း က ပြောကြား သည်။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်