Pages

Wednesday, January 15, 2014

ဖိုလ်ဝင်တောင် ရှိ နံရံ ဆေးရေး ပန်းချီများ သံကွန်ခြာ အုပ် ထိန်းသိမ်း မည်

 
ယင်းမာပင် မြို့နယ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်သော ဖိုလ်ဝင်တောင် ဒေသရှိ ကျောက်လှိုဏ် အတွင်းနံရံ ဆေးရေး ပန်ချီးများကို ရေရှည် တည်တံခိုင်မြဲ ရန်အတွက် ဖေဖေါ်ဝါရီလ တွင် သံကွန်ခြာ များ ဖြင့် အုပ်၍ ထိန်းသိမ်းမှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
 



အဆိုပါ ထိန်းသိမ်းမှု ပြုလုပ်မည့် နံရံဆေးရေး ပန်ချီ၊မင်စာများ ကို ဖိုလ်ဝင်တောင်ရှိ သဘာဝဂူ ၊ လူ တို့မှအတန်ငယ် ပြုပြင်ထားသော ဂူနှင့် လူတို့ ဖန်တီး ထွင်းထုထားသော ဂူဟူ၍ လှိုဏ်ဂူ သုံးမျိုး ရှိရာ နံရံကို ပြေပြစ်အောင် ပြုလုပ်ပြီး နံရံပန်းချီများ ရေးဆွဲခဲ့ခြင်း  ဖြစ်သည်။ နံရံမင်စာ များတွင် အစောဆုံး တွေ့ ရေ သာ နံရံဆေးရေး ပန်ချီများကို မြင့်မိုရ်တောင်ဂူ ၏ အနောက်ဂူ တွင်တွေ့ရပြီး ညောင်ရမ်းေ ခ တ် နော က် ပိုင်း တနင်္ဂနွေ မင်း ခန့် ဖြစ်ကြောင်း ခန့်မှန်း ကြသည်။ နံရံဆေးရေး ရုပ်ပုံများ ကို ရေးဆွဲ ရာတွင် အောက်ခံ မျဉ်းများကို ပထမ ရေးဆွဲလျှက် ကောက်ကြောင်း ဖြင့် ပုံဖော် ကာ နောက် မှေ ဆးဖြည့် ရေးဆွဲခြင်း ဖြစ်ကာ ဆေးအရောင်ကို နီညိုရောင် အဖြူရောင် ၊ အဝါရင့်ရောင် နှင့် အစိမ်းေ ရာင် တို့ အသုံး များ ပြီး ညောင်ရမ်း ခေတ် ၊ ကုန်းဘောင် ခေတ် နှင့် ကိုလိုနီ ခေတ် စသော ခေတ် သုံး ခေတ် ၏ အနု ပညာ ၊ ပန်းချီ ၊ ပန်းပု ၊ဗိသုကာ လက်ရာ များ နှင့် အနုပညာ ရှင် များ၏ ဆန်းကြယ်ေ သာ စိတ်ကူး ၊ အံ့သြ ဖွယ် အဆောက်အဦး ပညာတို့သည် အများ ပြည်သူကို စိတ်ဝင်စား ဖွယ် ဖြစ် ဆဲ ဖြစ်၍ အဆို ပါ ရှေးဟောင်း လက်ရာများ ရေရှည် တည်တံ့ စေရေး အတွက် ထန်းသိမ်း ဆောင်ရွက် ရခြင်း ဖြစ်ေ ကြာင်း သိရသည်။

အဆိုပါ ဖိုလ်ဝင်တောင် တွင် ညောင်ရမ်း ခေတ် လက်ရာ များကို ခြင်္သေ့ (၄) ကောင်ဂူ နှင့် ကွန်းစင် တိုင် မြောက်ဘက် ကပ်လျက်ဂူများ ၊ ကုန်းဘောင် ခေတ် နံရံ ပန်ချီကား များကို မိဖုရားဂူ ၊ ဝင်္ဂဘာဂူ ၊ နှစ် ကျိတ် ရှစ်ဆူဂူ ၊ လျောင်းတော်မူ ဘုရား နှင့် ကျောက် စေတီ နှစ်ဆူ အောက်ဂူ ၊ ကိုလိုနီခေတ် အစော ဆုံး နံရံ ဆေးရေး ပန်းချီ ကို ဇိနမာန် အောင် ဘုရား လှိုင်ဂူ တို့တွင် လေ့လာ နိုင်ပြီး ဗုဒ္ဓုပ္ပတ္တိ နှင့် ငါးရာ့ ငါး ဆယ် ဇာတ်နိ ပါတ်တော် များနှင့် လောကီသား တို့၏ ဘဝဓလေ့ကို ဖော်ပြသော ပုံများနှင့် ခေတ်ေ ကြမုံ ကို သိရသော ပုံများလည်း ရေးဆွဲ ထားရှိကြောင်း သိရှိရသည်။

မြ၀တီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်