Pages

Wednesday, January 15, 2014

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး အစည်းအဝေး သို့ တက်ရောက် အမှာ စကား ပြောကြား

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည် တော် ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ ၌ ကျင်းပ သည့် တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး အစည်း အဝေး သို့ တက်ရောက် အမှာ စကား ပြောကြား သည်။ အဆိုပါ အစည်း အဝေး သို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီး များ၊ ပြည်နယ် / တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြ သည်။ ရှေးဦးစွာ ဒုတိယ သမ္မတ ဒေါက် တာ စိုင်းမောက်ခမ်း က အဖွင့်အမှာ စကား ပြောကြား သည်။ ယင်းနောက် ပညာရေး ဝန်ကြီး ဌာန ခေတ္တ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးမြင့် က တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး ကိစ္စရပ် များနှင့် စပ်လျဉ်း ၍ ရှင်းလင်း တင်ပြ သည်။

ထို့နောက် တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ ပညာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင် က တိုင်း ဒေသကြီး / ပြည်နယ် များ အလိုက် တည်ရှိ နေသည့် တက္ကသိုလ် / ကောလိပ် များမှ ဘောလုံး ထူးချွန် အားကစား သမား များ ပေါ်ထွန်း လာ စေရေး အတွက် လိုအပ်ချက် များ အပေါ် ရှင်းလင်း ဆွေးနွေး တင်ပြ သည်။ ဆက်လက် ၍ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း နှင့် ဒုတိယ ဝန်ကြီး များက တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး အပေါ် ဆောင်ရွက် ရန် လိုအပ် သည့် လိုအပ်ချက် များ၊ အစဉ် အလာ ကောင်းများ နှင့် အားနည်း ချက် / အားသာချက် များ၊ ဆက်လက် အကောင် အထည် ဖော် လုပ်ဆောင် သွားရန် လိုအပ် သည့် လိုအပ်ချက် များနှင့် နိုင်ငံတော် မှ ပံ့ပိုး ကူညီ ဆောင်ရွက် ပေးသွား နိုင်ရေး ဆိုင်ရာများ အပေါ် ဆွေးနွေး ကြ သည်။

ယင်းနောက် မြန်မာ နိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က တက္ကသိုလ် များ ဘောလုံး ပြိုင်ပွဲ ကျင်းပရေး နှင့် စပ်လျဉ်း သည့် ကိစ္စရပ် များ အပေါ် လိုအပ် သည်များ ကို ဆွေးနွေး တင်ပြ သည်။ ထို့နောက် ဒုတိယ သမ္မတ က ဆွေးနွေး တင်ပြ ချက်များ အပေါ် လိုအပ် သည်များ ကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးကာ နိဂုံးချုပ် အမှာ စကား ပြောကြား ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်