Pages

Wednesday, January 15, 2014

ဇန်နဝါရီလ အတွင်း စာအုပ် ဈေး ပွဲတော် သုံး ကြိမ် ကျင်းပ မည်

မြန်မာ နိုင်ငံ စာပေ ထုတ်ဝေသူ နှင့် ဖြန့်ချိသူများ အသင်း က ကြီးမှူး ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီ လ အတွင်း ရန်ကုန် မြို့တွင် စာအုပ် ဈေး ပွဲတော် သုံးကြိမ် ကျင်းပ မည် ဖြစ်သည်။ “ဇန်နဝါရီ ၁၇ ရက် မှ ၂၀ ရက် အထိ မင်းဓမ္မ လမ်းမှာ ရှိတဲ့ MCC ခန်းမ မှာ Second Mega Expo 2014 Expo နဲ့ ပူးပေါင်း ပြီး စာအုပ် ဈေး ပွဲတော် ကျင်းပ ပါမယ်။ ဇန်နဝါရီ ၂၅ ရက် ကနေ ၂၈ ရက် အထိမှာ Reader Channel နဲ့ ပူးပေါင်း ပြီး ရှင်စောပု လမ်းက Myanmar Event Park – MEP ခန်းမ မှာ အကြီးဆုံး စာအုပ် ဈေး ပွဲတော် အဖြစ် ကျင်းပ ပါမယ်။ အဲဒီ ပွဲမှာ တင်မိုးလွင်၊ နန်းခင်ဇေယျာ၊ နန်းဆု ကေဆွမ်၊ အရိုး၊ ကျားပေါက်၊ နိုင်ဇော် (Lazy Club) တို့ရဲ့ ဟောပြော မှုတွေ ပါမယ်။ ကျွန်တော် တို့ အသင်း အနေ နဲ့ လည်း အကောင်း ဆုံး ထုတ် ဝေ သူ ဆု၊ အကောင်း ဆုံး စာအုပ် အရောင်း ဆိုင် ဆုတွေ ပေးအပ်မှာ ဖြစ်ပါ တယ်။ နောက် တစ်ပွဲ ကိုတော့ တော်ဝင် မိသားစု ကုမ္ပဏီ ရဲ့ စာပေ မြှင့်တင် လူ့ စွမ်းအင် ဆုပေးပွဲ နဲ့ အတူ တော်ဝင် စင်တာ မှာ စာအုပ် ဈေးရောင်းပွဲ ကို ဇန်နဝါရီ ၃၁ ရက် ကနေ ဖေဖော်ဝါရီ ၂ ရက် အထိ ကျင်းပ သွားမှာ ဖြစ်ပါ တယ်” ဟု Quality စာပေ မှ ဦးမြင့်ထွန်း က ပြောသည်။ စာအုပ် ဈေးရောင်း ပွဲများ နှင့် ပတ်သက် ပြီး ဦးသိမ်းစိုး သီဟ ရတနာ စာ ပေ ဖုန်း - ၀၉ ၅၀၃ ၈၀၆၅၊ ဒေါ်ဝိုင်း (ကံကော် ဝတ်ရည် စာပေ) ဖုန်း - ၀၉ ၅၁၂ ၇၄၉၃ တို့ထံ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါ ကြောင်း သိရှိရ သည်။

Popular News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်