Pages

Wednesday, January 15, 2014

သန်းခေါင် စာရင်း ရည်ညွှန်းချိန် နှင့် သန်းခေါင် စာရင်း ထည့်ကောက် ရမည့် သူများ သန်းခေါင် စာရင်း ထည့်မကောက် ရမည့် သူများ ဆိုင်ရာ သိကောင်း စရာများ

မြန်မာ နိုင်ငံတွင် သန်းခေါင် စာရင်း မကောက် ခဲ့သည်မှာ နှစ်ပေါင်း ၃၀ နီးပါး ရှိခဲ့ပြီ ဖြစ်၍ မြန်မာ ပြည်သူ လူ ထု အနေဖြင့် သန်းခေါင် စာရင်း ကောက်ယူ ခြင်း လုပ်ငန်းစဉ် နှင့် ပတ်သက် ၍ အလှမ်း ဝေးကွာ နေပြီ ဖြစ်သည်။ သန်းခေါင် စာရင်းဟု ဆိုလျှင် လည်း မိဘ ပြည်သူ တို့ လက်ထဲ တွင် ရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်း ကိုသာ သန်းခေါင် စာရင်း ဟု အမှတ်စွဲ နေကြသည် က များပါ သည်။ နိုင်ငံ အများစု တွင် သန်းခေါင် စာရင်း ဟု အမှတ်စွဲ နေကြ သည်က များပါ သည်။ နိုင်ငံ အများစု တွင် သန်းခေါင် စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူ လေ့ ရှိကြ ပါသည်။ ကမ္ဘာ့ ကုလ သမဂ္ဂ အနေ ဖြင့် ဖွံ့ဖြိုးမှု နှင့် လူဦးရေ တိုးတက်မှု ကို တိုင်းတာ နိုင်ရန် အတွက် ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင် စာရင်း ကောက်ယူ ရန် အကြံပြု ထားပါသည်။ ကမ္ဘာ့ သန်းခေါင် စာရင်း ကောက်ယူ မှု အစီအစဉ် အရ ၂၀၁၀ round အနေဖြင့် ၂၀၀၅ ခုနှစ်က စတင်ပြီး နိုင်ငံ ပေါင်း ၂၀၀ ကျော် တွင် သန်းခေါင် စာရင်း ကောက်ယူ ခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ နိုင်ငံ တွင် ယခု လာမည့် ၂၀၁၄ ခုနှစ် မတ်လ ၃ ရက် နေ့၌ ပြည်လုံး ကျွတ် လူဦး ရေနှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း ကောက်ယူ မည် ဖြစ်ပါသည်။ ကြုံတောင့် ကြုံခဲ လုပ်ငန်းကြီး ဖြစ်၍ မိဘ ပြည်သူ များ၏ အကျိုး၊ နိုင်ငံတော် ၏ အကျိုး ဖြစ်၍ ယခု ကောက်ယူ မည့် သန်းခေါင် စာရင်း အကြောင်း ကို မိဘ ပြည်သူ များ ဗဟုသုတ အလို့ငှာ တင်ပြ အပ် ပါသည်။

၂၀၁၄ ခုနှစ် လူဦးရေ နှင့် အိမ် အကြောင်းအရာ သန်းခေါင် စာရင်းမှ ရရှိ သည့် လူဦးရေ နှင့် လူမှုရေး၊ စီးပွားရေး ဆိုင်ရာ သတင်း အချက် အလက် များသည် နိုင်ငံတော် ပြုပြင် ပြောင်းလဲရေး၊ ဖွံဖြိုး တိုးတက်မှု စီမံကိန်း များနှင့် ကောင်းမွန် သည့် အုပ်ချုပ်ရေး စနစ်များ တည်ဆောက် ရာတွင် များစွာ အထောက် အကူ ပြုမည် ဖြစ်ပါသည်။

လိုအပ် သော အချက်အလက် များကို သိရှိရန် အတွက် ယခု ကောက်ယူ မည့် သန်းခေါင် စာရင်းတွင် မေးခွန်း ပေါင်း ၄၁ ချက် အား မေးမြန်း ထားပါ သည်။ ၎င်း မေးခွန်း များကို ဆရာ ဆရာမ များမှ တစ်အိမ် တက် တစ်အိမ် ဆင်း အိမ်တိုင်ရာ ရောက် မေးမြန်း စာရင်း ကောက်ယူ မည် ဖြစ်ပြီး စာရင်း လာကောက် မည့် အချိန် နှင့် ရက်တို့ ကိုလည်း ကြိုတင် အကြောင်းကြား မည် ဖြစ်ပါ သည်။ မေးမြန်း သည့် မေးခွန်း များကို အမှန် အတိုင်း ဖြေဆိုမှ သာ ပြည်သူ များအား အကျိုးပြု မည့် အချက် အလက် များ ရရှိ နိုင်မည် ဖြစ်ပါသည်။ သန်းခေါင် စာရင်း တစ်ခု ၏ အောင်မြင် မှုမှာ ကောက်ယူ ရရှိသည့် အချက် အလက်များ ၏ တိကျ မှန်ကန်မှု နှင့် တိုင်းတာ ၍ ရနိုင် ပါသည်။ တိကျ မှန်ကန် သည့် သန်းခေါင် စာရင်း အချက် အလက် များ ရရှိရန် စာရင်း ကောက်ယူ ချိန်တွင် ဖြေဆို သူမှ ပြည့်စုံ မှန်ကန် စွာ ဖြေဆို ရန် လိုအပ် ပါသည်။

၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့ မှ ဧပြီလ ၁၀ ရက်နေ့ အထိ ၁၂ ရက် ကြာ လူဦးရေ နှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း ကောက်ယူ မည် ဖြစ်ပါသည်။ ယခု ကောက်ယူ မည့် သန်းခေါင် စာရင်း သည် မိဘ ပြည်သူများ ၏ အကျိုး စီးပွား အတွက် နိုင်ငံတော် မှ ဆောင်ရွက် ပေးခြင်း ဖြစ်ပါသည်။ နိုင်ငံ ရေး၊ စစ်ရေး နှင့် လုံးဝ မသက်ဆိုင် ပါ။ ထို့အတူ ရွေးကောက်ပွဲ နှင့် လည်း မသက်ဆိုင် ပါ။ မြန်မာ ပြည် နယ်နိမိတ် အတွင်း နေထိုင် သူ အားလုံးကို လူမျိုး၊ ဘာသာ မရွေး၊ နိုင်ငံသား၊ နိုင်ငံခြား သား မရွေး၊ အဆင့် အတန်း မရွေး စာရင်း ကောက်ယူ သွားမည် ဖြစ်ပါ သည်။ ထိုကြောင့် တစ် နိုင်ငံ လုံး အတိုင်း အတာနှင့် မြေ တစ်လက်မ မကျန် စာရင်း ကောက်ယူ နိုင်ရန် တိုင်းရင်းသား ပြည်သူ များ အနေနှင့် မေးသမျှ ကို အမှန် အတိုင်း ဖြေကြား ပေးရန် လိုအပ် ပါသည်။ အိမ်ထောင်စု တစ်စု တွင် စာရင်း ကောက်ယူ ချိန် ပျှမ်းမျှ မိနစ် ၃၀ ခန့် ကြာမည် ဖြစ်ပါသည်။ အိမ်ထောင်စု ထဲမှ ဖြေဆို နိုင်မည့် သူကိုသာ မေးမြန်း မည် ဖြစ်ကြောင်း သိရှိ စေလို ပါသည်။

အားလုံး ဝိုင်းဝန်း ပူးပေါင်း ပါဝင် ဆောင်ရွက် ပေးကြရန် အမှန် တကယ် လိုအပ် သော လုပ်ငန်းစဉ် ကြီး ဖြစ်ပါတယ်။ ထိုကြောင့် ပြည်သူ အားလုံး သိထားရန် လိုအပ် သည့် သန်းခေါင် စာရင်း ရည်ညွှန်း ချိန်၊ သန်းခေါင် စာရင်း ထည့်ကောက် မည့် သူများ နှင့် သန်းခေါင် စာရင်း ထည့် မကောက် ရမည့် သူများ အကြောင်း ကို အနည်း ငယ် ရှင်းလင်း တင်ပြ အပ်ပါ သည်။

သန်းခေါင်း စာရင်း ရည်ညွှန်းချိန် ဆိုသည်မှာ

မြန်မာ နိုင်ငံတွင် ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ် လူဦးရေ နှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း ကောက်ယူ မည် ဖြစ်ပါ သည်။ လူဦး ရေ အပြောင်း အလဲများ သည် အချိန်တိုင်း ရှိနေသည် ဖြစ်၍ လူဦးရေ သန်းခေါင် စာရင်း ကောက်ယူရာ တွင် သန်းခေါင် စာရင်း ရည်ညွှန်း ချိန် သတ်မှတ် ရပါသည်။ ၁၉၇၃၊ ၁၉၈၃ ခုနှစ် သန်းခေါင် စာရင်းများ တွင် လည်း သန်းခေါင် စာရင်း ရည်ညွှန်းချိန် အဖြစ် သတ်မှတ် ၍  ကောက် ယူ ခဲ့ပါသည်။ ယခု ၂၀၁၄ ခုနှစ် ပြည်လုံး ကျွတ် သန်းခေါင် စာရင်း ကောက်ယူ မည့် အချိန် မတ်လ ၂၉ ရက်နေ့ ညဥ့် သန်းခေါင် ယံ အချိန် ကို သန်းခေါင် စာရင်း ရည်ညွှန်း ချိန် အဖြစ် သတ်မှတ် ထား ပါသည်။

သန်းခေါင် စာရင်း ရည်ညွှန်းချိန် ဖြစ်သည့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ယံ အချိန် တွင် မြန်မာ နိုင်ငံ အတွင်း ၌ ရှိ သည့် လူဦးရေ ကို ရည်ညွှန်း ၍ မတ်လ ၃၀ ရက် နေ့မှ ဧပြီလ ၁၀ ရက် အထိ ၁၂ ရက် တိုင်တိုင် တစ်အိမ် တက် တစ်အိမ် ဆင်း အိမ်တိုင်ရာ ရောက် လူဦးရေ နှင့် အိမ် အကြောင်း အရာ စာရင်း များ ကောက်ယူ မည် ဖြစ်ပါသည်။ ထို့ကြောင့် မိဘ ပြည်သူများ အနေဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက် ည က မိမိတို့ နေအိမ် တွင် ညအိပ် သူ အရေ အတွက်နှင့် အမည် စာရင်းကို မှတ်သား ထားပြီး ဖြေကြား ပေးရန် ဖြစ် ပါသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း ကောက်ယူ ရာတွင် လူဦးရေ သုံးမျိုး အား ခွဲခြား၍ စာရင်း ကောက်ယူ မည် ဖြစ်သည်။ အိမ်ထောင်စု ဖြင့် နေသော လူဦးရေ၊ အဖွဲ့ အစည်း ဖြင့် နေသော လူဦးရေ နှင့် အိမ်ခြေ ယာ ခြေမဲ့ လူဦးရေ ဟူ၍ ဖြစ် သည်။

၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်တော့ မည်ဟု သတင်း ထုတ်ပြန် ခဲ့သည့် နောက်ပိုင်း ပြည်သူ များ သိလို သော အချက်များ အနက် အများ ဆုံး မေးမြန်း သည့် မေးခွန်း များမှာ အိမ်ထောင်စု ဇယား (ပုံစံ - ၆၆ / ၆) မရှိ ပါက ဘာဖြစ် မှာလဲ၊ သန်းခေါင် စာရင်း လာကောက် သည့် အခါ ယင်း ဇယား မ ရှိပါက အကောက် မခံ ရဘူး လား၊ တချို့ ဧည့်စာရင်း နှင့် နေရသူ များ ကိုရော ထည့် ကောက်မှာ လား၊ နိုင်ငံသား စိစစ်ရေး ကတ် မရှိရင် ရော သန်းခေါင် စာရင်း ကောက်ရင် ပါပါ့ မလား၊ ဘာ ကတ်ပြား မှ မရှိဘူး ဆိုရင် ရော စသည် တို့ ဖြစ်ပါ သည်။ ၂၀၁၄ ခုနှစ် တွင် ဆောင် ရွက် မည့် လူဦးရေ နှင့် အိမ် အကြောင်း အရာ သန်းခေါင် စာရင်း သည် မြန်မာ နိုင်ငံ နယ်နိမိတ် အတွင်း နေထိုင် သူ အားလုံး ကို ပါဝင် ခွင့် ပေး ထား သော သန်းခေါင် စာရင်း ဖြစ်သည်။ လူမျိုး၊ ဘာသာ မရွေး၊ မွေးကင်း စမှ အသက်ရာ ကျော် ဘိုးဘွား များ အထိ လူ တစ်ဦးချင်း စီကို ရေတွက် ကောက်ခံ မည် ဖြစ်သည်။ ပြည်သူ များ အလွယ် ခေါ်ဝေါ် သုံးစွဲ နေသော သန်းခေါင် စာရင်း အမှန် က အိမ်ထောင်စု ဇယား (ပုံစံ - ၆၆ / ၆) ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ နိုင်ငံသား ကတ် ရထားသည် ဖြစ်စေ၊ မရသေး သည် ဖြစ်စေ၊ အားလုံး ကို စာရင်း ကောက်ယူ မည် ဖြစ်သည်။ အားလုံး ပါဝင် ခွင့် ရမည် ဖြစ်ပါ သည်။ ပိုမို ရှင်းလင်း လွယ်ကူ စေရန် သန်းခေါင် စာရင်း ထည့်ကောက် ရမည့် သူများ နှင့် သန်းခေါင် စာရင်း ထည့် မကောက် ရမည့် သူများ ကို ဖော်ပြ အပ် သည်။

သန်းခေါင် စာရင်း ထည့်ကောက် ရမည့် သူများ

- သန်းခေါင် စာရင်း ရည်ညွှန်း ချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ယံ) တွင် မြန်မာ နိုင်ငံ နယ်နိမိတ် အတွင်း ရှိသူ / နေထိုင် သူများ

- သန်းခေါင် စာရင်း ရည်ညွှန်း ချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ယံ)  ကျော်လွန်ပြီး မှ သေဆုံး သူများ

- နိုင်ငံခြား သို့ ရောက်ရှိ နေသော မြန်မာ နိုင်ငံ သံရုံး ဝန်ထမ်းများ အပါ အဝင် နိုင်ငံခြား တွင် နေထိုင် လျက် ရှိသော မြန်မာ နိုင်ငံ သားများ

သန်းခေါင် စာရင်း ထည့် မကောက် ရမည့် သူများ

- မြန်မာနိုင်ငံ အခြေ စိုက် သံရုံးများ နှင့် ကောင်စစ် ဝန်ရုံးများ တွင် တာဝန် ထမ်းဆောင် နေေ သာ နိုင် ငံခြား သား နှင့် မိသားစု ဝင်များ

- သန်းခေါင် စာရင်း ရည်ညွှန်း ချိန် (၂၀၁၄ ခုနှစ် မတ်လ ၂၉ ရက်နေ့ ညဥ့် သန်းခေါင်ယံ) ကျော်လွန်ပြီး မှ မွေးဖွား သော ကလေး များ

ခင်စောမူ ( လက်ထောက် ညွန်ကြားရေးမှူး )

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်