Pages

Wednesday, January 15, 2014

လာမည့် နွေရာသီ ရန်ကုန် တွင် လျှပ်စစ်မီး၂၄ နာရီ ပေးမည် ဟုဆို

 
 
နှစ်စဉ်နွေရာသီ တွင် ရေအား လျှပ်စစ်မှ ထွက်ရှိသော ဓာတ်အား ရရှိမှု လျော့နည်း ပြီး လျှပ်စစ်မီး ပြတ်ေ တာ က်ေ လ့ ရှိသော ရန်ကုန် မြို့တော် အတွက် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ခြောက် လုံး မှ ထွက် ရှိသော လျှပ်စစ်ဓာတ်အားကို အသုံးပြုကာ ၂၄ လျှပ်စစ်နာရီ မီးပေးနိုင် ရန် ဆောင်ရွက် သွား မည် ဖြ စ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင် လတ် က ပြော ကြားသည်။

ရွာမ၊ လှော်ကား၊ အလုံနှင့် သာကေတရှိ ပုဂ္ဂလိက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်များမှ လျှပ်စစ်ဓာတ်အား ၅၀ မဂ္ဂါဝပ်စီ ထွက်ရှိမည် ဖြစ်ပြီး ထိုင်းနိုင်ငံမှ လှူဒါန်းထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်နှစ်လုံးမှ လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ် စီထွက်ရှိမည် ဖြစ်သောကြောင့် စုစုပေါင်း ၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည် ဖြစ်သဖြင့် ၂၄ နာရီ လျှပ်စစ်မီး ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ပြည်သူတွေက မနှစ်ကထက် ဒီနှစ် လျှပ်စစ်ဓာတ်အား ပိုသုံးလာမှာပါ။ မနှစ်က အများဆုံး သုံးတဲ့နေ့က ၈၅၀ မဂ္ဂါဝပ် ရှိပါတယ်။

ဒီနှစ်မှာ ၁၀၀၀ မဂ္ဂါဝပ်အထိ ရှိလာနိုင်တယ်။ ဒီအတွက် ပြင်ဆင်နေတာပါ” ဟု ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ဆိုသည်။ ရန်ကုန်မြို့တော်ကို ၂၄ နာရီ မီးပေးနိုင် ရန် စီစဉ်ထားပြီး ကြိုတင် စီမံထားသော လျှပ်စစ်ဓာတ်အားထက် ပိုမိုသုံးစွဲပါက အလှည့်ကျ မီးပေးစနစ်ကို မသုံးဘဲ ပြည်သူများ မီးသုံးစွဲမှု အများဆုံးဖြစ်သော ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ စက်မှု ဇုန်များကို မီးဖြတ်တောက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ထိုင်းနိုင်ငံမှ လှူဒါန်း ထားသော သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်များကို တည်ဆောက်နေပြီး တစ်လုံး ကို ဖေဖော် ဝါရီလတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကာ အခြားတစ်လုံးကို ဧပြီလတွင် အသုံးပြုနိုင် မည် ဖြစ်ေ ကြာင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။

The Voice Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်