Pages

Wednesday, January 15, 2014

အခန်း ပေါင်း ၃၅၀၀၀ ပါရှိ မည့် တန်ဖိုးနည်း အိမ်ရာများ ၂ နှစ် အတွင်း ဆောက် မည်

အခြေခံ လူတန်းစား များ ဝယ်ယူ နိုင်သော ဈေးနှုန်း များဖြင့် ရောင်းချ မည့် တန်ဖိုးနည်း အိမ်ရာ အခန်းပေါင်း သုံးသောင်း ငါးထောင် ကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် နှင့် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေး နှစ် တို့တွင် အပြီးသတ် တည်ဆောက် မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် က ပြောကြား သည်။ အဆိုပါ တန်ဖိုးနည်း အိမ်ရာ စီမံကိန်း များ စတင် နိုင်ရန် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် အမျိုးသား စီမံကိန်း ဥပဒေ ကြမ်း တွင် ထည့်သွင်း ရေးဆွဲ ထားပြီး ယင်း ဥပဒေကြမ်း ကို အတည်ပြု ပေးရန် ဇန်နဝါရီ လ ၁၄ ရက် နေ့ တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေး တွင် အဆိုပါ ဝန်ကြီး က တိုက်တွန်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ယင်း တန်ဖိုးနည်း အိမ်ရာ အခန်း ပေါင်း ၃၅၀၀၀ ကို အခြေခံ လူတန်းစား များ အဓိက နေထိုင်ရာ ဒဂုံ မြို့သစ် (ဆိပ်ကမ်း) မြို့နယ် နှင့် လှိုင် သာယာ မြို့နယ် တို့တွင် တည်ဆောက် ရန် စီစဉ် ထားခြင်း ဖြစ်ကြောင်း ဆောက် လုပ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် က ဆိုသည်။ ယင်း တိုက်ခန်း များကို အခြေခံ လူတန်းစား များပါ ဝယ်ယူ နိုင်ရန် စီစဉ် ထားသော် လည်း မည်သည့် ဈေးနှုန်း ဖြင့် ရောင်းချ မည် ကို ထုတ်ပြန် ပြောကြား နိုင်ခြင်း မရှိသေး ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာန ထံမှ သိရှိ ရသည်။ ရန်ကုန် တိုင်း ဒေသကြီး အတွင်း တွင် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ က အကောင် အထည် ဖော် ဆောင်ရွက် နေသော တန်ဖိုး မျှတ အိမ်ရာ စီမံကိန်း သုံးခု နှင့် မြို့ရွာ နှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီး ဌာနက တာဝန် ယူ ဆောင်လုပ် သော တန်ဖိုးနည်း အိမ်ရာ စီမံကိန်း နှစ်ခု ရှိကြောင်း အဆိုပါ ဌာန များ ထံမှ သိရှိရ သည်။ ဝန်ထမ်း များနှင့် ဝင်ငွေ နည်း လူတန်းစား များ အတွက် ရည်ရွယ် သည် ဆိုသော အဆိုပါ အိမ်ရာ စီမံကိန်း များ ၏ သတ်မှတ် နှုန်းထား နှင့် အရစ် ကျ ပေးသွင်း ရမည့် ငွေကြေး သတ်မှတ်ချက် မှာ ဝင်ငွေ နည်း လူတန်းစား များ နှင့် ဝန်ထမ်း များ ဝယ်ယူ နိုင်သည့် အနေ အထား မရှိ သဖြင့် ငွေကြေး တတ်နိုင် သူများ အတွက် အခွင့်အလမ်း များ ဖော်ဆောင် ပေးသကဲ့ သို့ ဖြစ်နေ ကြောင်း ဝေဖန် မှုများ ဖြစ်ပေါ် လျက် ရှိသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်