Pages

Wednesday, January 15, 2014

ပြည်ပ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း ကိုးခု ကို ယခုနှစ် အတွက် ပထမ ဆုံး လုပ်ကိုင် ခွင့်ပြု

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် နှစ်ခု အပါ အဝင် မြန်မာ နိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မတီ MIC က နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကိုးခု ကို ၂၀၁၄ ခုနှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ချထား ပေးလိုက် ကြောင်း MIC မှ သတင်း ရရှိသည်။ အဆိုပါ လုပ်ငန်း ၉ ခုမှာ ခဲသတ္တု သန့်စင် ထုတ်လုပ် မှု လုပ်ငန်း၊ ဆီအုန်း စိုက်ပျိုး ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ CMP စနစ် ဖြင့် အထည်ချုပ် လုပ်ခြင်း လုပ်ငန်း၊ CMP စနစ် ဖြင့် အားကစား သုံး ပစ္စည်း များ ဖြစ်သော ငါးမျှားတံ နှင့် ဂေါက်သီး ရိုက်တံ များ ထုတ်လုပ်ခြင်း လုပ်ငန်း၊ CMP စနစ် ဖြင့် အမျိုးသမီး လက်ကိုင် အိတ်နှင့် ဆက်စပ် ပစ္စည်း အမျိုးမျိုး ထုတ်လုပ် ခြင်း လုပ်ငန်း၊ ပလတ်စတစ် ဘူးခွံ များ ထုတ်လုပ် ခြင်း လုပ်ငန်း နှင့် ပရိဘောဂ နှင့် တပ်ဆင် ပစ္စည်းများ၊ အခန်း တွင်း အလှဆင် ပစ္စည်း ထုတ်လုပ် ရောင်းချ ခြင်း လုပ်ငန်း တို့ ဖြစ်သည်။

အဆိုပါ လုပ်ငန်းများ ကို စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ တိုင်ပေ နှင့် ဘရူနိုင်း တို့မှ လုပ်ပိုင်ခွင့် များ ရရှိ ခဲ့ခြင်း ဖြစ်သည်။ ထို ကုမ္ပဏီ များမှာ ပရိဘောဂ လုပ်ငန်း၊ အားကစား ပစ္စည်းများ ထုတ်လုပ် သည့် လုပ်ငန်း များနှင့် ဆက်သွယ် ရေး လုပ်ငန်း များ ကိုသာ ရန်ကုန် တိုင်း ဒေသကြီး တွင် အခြေစိုက် လုပ်ကိုင် မည် ဖြစ်ပြီး လက်ကိုင် အိတ် ထုတ်လုပ် ခြင်း လုပ်ငန်း ကို ပဲခူး တိုင်း ဒေသကြီး တွင် လုပ်ကိုင် မည် ဖြစ်သည်။ လုပ်ကိုင် ခွင့် ချထား ပေးလိုက် သော လုပ်ငန်း များ တွင် ဖက်စပ် လုပ်ငန်း ငါးခု ပါဝင် ပြီး ရာနှုန်း ပြည့် ရင်းနှီး မြှုပ်နှံခွင့် လေးခု ပါဝင် ကြောင်း သိရှိရပါသည်။

7 Day News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်