Pages

Wednesday, January 15, 2014

၅၉ (စ) ပြင်မှာလား ရွေးကောက်ပွဲ ၀င် မှာလား

၅၉ (စ) ပြင်မပြင် နဲ့ ရွေးကောက်ပွဲ ၀င်မ၀င် ဆိုတာ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါတီ က NLD ကို ဒုတိယ အကြိမ် ဒိုင်အာခီ လုပ်လိုက် တာပါ ဘဲ။ ပထမ အကြိမ် ၂၀၁၀ ရွေးကောက် ပွဲ ၀င် မ ၀င် လုပ်ခဲ့တဲ့ ပုံစံ အတိုင်း ပါဘဲ။ ၂၀၁၀ ရွေးကောက်ပွဲ မ၀င် တော့ ပြည်ခိုင်ဖြိုး က ပိုအကြိုက် တွေ့သွား တယ်။NLD ထဲက အရည်အချင်း ရှိသူ တွေ လည်း ကွဲထွက် သွားကြ တယ်။တစ်ချက် ခုတ် နှစ် ချက်ပြတ် နဲ့ နှစ်ကောင် စား ကင်း ပေါက် သွားတယ်။

အခု ၅၉ (စ) ပြင်မပြင် လည်း ဒီအချိုး အတိုင်း ပါဘဲ။ တခြား အချက်တွေ ပြင် မယ်။ ဒေါ် စု ကိစ္စတော့ အပြော လွတ်အောင် မဖွင့် တဖွင့် လုပ် ထား လိုက်ပါ တယ်။တကယ် တော့ လွှတ်တော် နည်း လမ်းအရ ဆိုရင် အမတ် ၇၅ % ကျော် ထောက်ခံ မှ ပြင်နိင်မှာ ဖြစ်လို့ ရှိသမျှ အမတ် အားလုံး ဖြစ်တဲ့ ၇၅ % က ထောက်ခံ ရမယ့် အပြင် တပ် ၂၅ % ထဲက အနဲဆုံး တစ်ယောက် က ထောက်ခ အုံးမှ ရမှာ ဖြစ်လို့ အလွန့် အလွန် ခက်ခဲတဲ့ ကိစ္စ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး က နာမည် ကောင်းယူပြီး ထောက်ခံ ပေးရင် တောင်မှ အခြား အရပ်သား လွှတ်တော် အမတ် တွေထဲက ကန့် ကွက် လာမယ့် အခြေအနေ ရှိနေ ပါပြီ။ ခြုံပြော ရရင်တော့ လွှတ်တော် နည်းလမ်း မှာ ပြည်ခိုင်ဖြိုး ရဲ့ နည်း ဗျူ ဟာ တွေ အောင်မြင် နေတာ တွေ့ရ ပါတယ်။NLD ရဲ့ တပ် ၂၅ % ကို စည်းရုံးတဲ့ နည်းဗျူဟာ တွေ ကလည်း တပ် နဲ့ ပို စိတ်ဝမ်းကွဲ စေလာ တာတွေ ဖြစ်နေလို့  လွှတ် တော် နည်းလမ်း နဲ့ အောင်မြင် ဖို့ ဆိုတာ ဘယ်လို မှ မဖြစ်နိုင် ဘူး လို့ ပြော ရမှာ ပါ။

လူထု နည်း နဲ့  ၅၉ (စ) ပြင်ဖို့  ကြိုးစား ရာမှာ လူထု ရဲ့ ပါဝင်မှု ၊NLD ရဲ့  ပါတီတွင်း စည်း လုံးမှု ၊အခြား ပါတီများ တိုင်းရင်းသား အဖွဲ့ အစည်း များ နဲ့ တပ်ပေါင်း စု ဖွဲ့ နိင်မှု မရှိ ဘဲ မအောင်မြင် နိုင် ပါဘူး။ အလွန်မာ တဲ့ သံကို ဖြတ်ဖို့ သူ့ထက်မာ တဲ့ သံဖြစ်ဖို့  လိုပါ တယ်။ ပါတီ တွင်း မှာ လည်း ထိုင်ခုံ မရခင် နေရာ လု နေကြပြီး အခြား ပါတီငယ် များ တိုင်းရင်းသား အဖွဲ့  အစည်းများ နဲ့  လည်း တဖြေးဖြေး ဝေးလာ တာဟာ လူထု နည်း အောင်မြင် ဖို့  အခက်အခဲ တွေပါ။ အဲဒီ အချက်တွေ အပြင် လူထု နည်း နဲ့  ၅၉ (စ) ပြင်ဖို့  ကြိုးစား မယ် ဆိုရင် NLD မှာ ကိုယ်ခံ အား ကောင်း ဖို့ နဲ့ နည်းဗျူဟာ ကောင်း တွေ ရှိဖို့  လည်း လိုပါ တယ်။ ခြုံပြော ရရင်တော့ လူထု နည်း နဲ့ ပြင်ဖို့  ကလည်း လက်တွေ့ မှာ အလွန့် အလွန် ခက်ခဲ လှပါ တယ်။

ဘာဘဲ ပြောပြော နဲနဲစီ ပွန်းပဲ့ လာပေမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကို မှန်မှန် ကန်ကန် လုပ် ခဲ့ရင် NLD ဘဲ အပြတ် အသတ် နိင်မယ့် အခြေ အနေ မှာ ရှိနေပါ သေး တယ်။၅၉ (စ) မပြင် လို့  ရွေးကောက်ပွဲ မ၀င်ဘူး ဆိုရင် တော့ ပြည်ခိုင်ဖြိုး အကြိုက် ပါ။ ဒီမှာ လဲ NLD မှာ ထပ်ကွဲ လာ ကြအုံး မှာ က အမြတ်ထပ် ထွက်အုံး မှာပါ။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ယခင် န၀တ၊ နယက ယခု ပြည်ခိုင်ဖြိုး ဆိုတဲ့ ပြိုင်ဘက် အဆက် ဆက် ရဲ့ တီးချက် အတိုင်း NLD က လိုက်က ခဲ့ရတာ များ ပါတယ်။ အခု လည်း မိမိရဲ့ အင်အား ကို မှန်မှန် ကန်ကန် သုံးသပ် ပြီး ပြိုင်ဘက် ကို မိမိ ကစေချင် တဲ့ အတိုင်း ဆိုင်းတီး ပေးနိုင် တဲ့ အင်အား မရှိဘူး ဆိုရင်တော့ ပြိုင်ဘက် တီးတဲ့ ဆိုင်း အတိုင်း လိုက်က ရမှာ ဖြစ် ပါတယ်။ မဟာ ဗျူဟာ ယုံကြည်ချက် ခိုင်မာ တာနဲ့ နည်းဗျူဟာ ခေါင်းမာ တာ မရောထွေး ဖို့ လို ပါတယ်။

၅၉ (စ) ပြင်ဖို့ လွှတ်တော်နည်း နဲ့ မရနိုင် ဘူး။ လူထု နည်းနဲ့  လဲ အောင်မြင်အောင် မလုပ်နိုင် ဘူး ဆိုရင်တော့ ၅၉ (စ) နဲ့ ညီအောင် လုပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မှာ အပြတ် အသတ် နိုင်အောင် ပြိုင် အရည် အချင်း ကိုက်ညီသူ သမ္မတ ဖြစ်အောင် လုပ်သင့် ပါတယ်။ ရုရှား မှာ သမ္မတ ပူတင် လုပ် သွားတဲ့ နည်း အတိုင်း မိမိ သြဇာခံ ယုံကြည် စိတ်ချ ရသူ တစ်ဦး ရွေးချယ် တဲ့ နည်းလမ်း စဉ်းစား သင့်ပါ တယ်။ ၂၀၁၅ ရွေး ကောက် ပွဲ ကို တရား မျှတစွာ ဖြစ်ရေး ကို တောင်းဆိုပြီး ပါတီ အတွက် ရရှိ ထားတဲ့ လူထု ဆန္ဒမဲ တွေ အလ ဟ သ မဖြစ် ရေး စဉ်းစား သင့်ပါ တယ်။ ၅၉ (စ) မပြင် လို့ ရွေးကောက်ပွဲ မ၀င်ဘူး ဆိုရင် တော့ ပြည်ခိုင်ဖြိုး က ထ ပြီး “ က” နေ မှာ ဘဲ ဆိုတာ NLD အနေ နဲ့ အသိ ခေါက်ခက် အ၀င်နက် မ ဖြစ် ဖို့ နှိုးဆော် သတိပေး လိုက်ရ ပါ တယ်။

U Thaung Aye

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်