Pages

Thursday, January 16, 2014

ဦးကိုနီ ကို အကြောင်းပြု ၍ NLD အတွင်း သဘောထား ကွဲ

 
 
ပါတီဝင် အဟောင်းများ နှင့် အသစ်များ အကြား တင်းမာ မှုများ တဖြည်းဖြည်း ချင်း ဖြစ်ပေါ် လာ နေသော NLD ဗဟို ရုံးချုပ် ၌ တရား လွှတ် တော် ရှေ့နေ ဦးကိုနီ ကို အကြောင်းပြု ၍ သဘောထား ကွဲလွဲ မှုများ ဖြစ်ပေါ် လာ နေကြောင်း သိရှိရသည်။ NLD ပါတီ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး တွင် မူဝါဒ အသစ်များ ရေးဆွဲရန် ဆောင်ရွက် ကြရာ၌ လွှတ်တော် အမတ် ဦးဝင်းမြင့် က တစ်ဆင့် ပြင်ဆင်ရေး ဆိုင်ရာ ဆောင်းပါး များ ရေးသား လျက် ရှိသော တရား လွှတ်တော် ရှေ့နေ ဦးကိုနီ ကို CEC အတွင်း ထည့်သွင်း ဖွဲ့စည်း ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေကြီး ဦးကိုနီ သည် ယခု အခါ NLD အတိုင်ပင် ခံများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးဝင်းတင် တို့နှင့် တစ်တန်း တည်း ထားကာ ဆက်ဆံ ခြင်း ခံရသော ကြောင့် လူဟောင်း များက မကျေ မနပ် ဖြစ်လာ ကြခြင်း ဖြစ်ကြောင်း တက္ကသိုလ် ရိပ်သာလမ်း ရုံးမှ အတွင်း သိများ က ပြောဆို သည်။ NLD ပါတီ အပေါ် အစ္စလာမ် ဘာသာဝင် များ အကြောင်းပြု ၍ ဝေဖန် တိုက်ခိုက် မှုများ ဖြစ်ပေါ် နေချိန်တွင် ဦးကိုနီ အား ထိပ်ပိုင်း တွင် တာဝန ပေးအပ် ခဲ့ပါက ပိုမို ဆိုးရွား လာနိုင်ကြောင်း ရန်ကုန် အဖွဲ့က တုံ့ပြန် ပြောကြား ခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည် နှင့် နေပြည်တော် အဖွဲ့ တို့က ပယ်ချ ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် အဖွဲ့ တွင် ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း ဦးဆောင်သော ၀င်း - ၀င်းဂိုဏ်း ဖြစ်ပြီး နေပြည်တော် အဖွဲ့မှာ ဒေါ်အောင်ဆန်း စုကြည် ၊ ဦးဝင်းမြင့် နှင့် လွှတ်တော် ကိုယ်စားလှယ် များ ပါဝင် သည်။ နေပြည်တော် အဖွဲ့ သည် ၀င်း - ၀င်းဂိုဏ်း ကို အလေး မထား သည့် အပြင် ဦးကိုနီ အား NLD ဥပဒေ အကြံပေး အဖွဲ့ ခေါင်းဆောင် တစ်ဦး အဖြစ် မိတ်ဆက် ပေးကာ အမေရိကန် နိုင်ငံ သို့ ၁ လ ကျော် ကြာ လိုက်ပါ စေခဲ့ သည်။ လွှတ်တော် အမတ်များ ပါဝင် သော အဆိုပါ ကိုယ်စားလှယ် အဖွဲ့တွင် ဦးကိုနီ အား ခေါင်းဆောင် တင် ၍ စေလွှတ် မှု ကို ရန်ကုန် NLD က ကျေနပ်ခြင်း မရှိ ဘဲ ပြည်သူများ ၏ ဆန့်ကျင် မှုများ ပိုမို ခံရနိုင် သည် ဟု ပြောကြား ခဲ့ကြကြောင်း သိရှိ ရသည်။

သို့သော် လည်း NLD နေပြည်တော် အဖွဲ့ ကမူ ဦးကိုနီ ကို ကန့်ကွက် နေလျှင် ဦးကိုနီ လောက် မည်သူ အရည် အချင်း ရှိသနည်း ဟု ပြန်လည် မေးမြန်း ခဲ့ရာ ဦးဥာဏ်ဝင်း နှင့် ရန်ကုန် အဖွဲ့က အမျက် ထွက်လျက် ရှိကြောင်း သိရှိ ရသည်။

ပြည်သူ့ အာဏာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်