Pages

Wednesday, January 15, 2014

နှစ်နှစ် အတွင်း ရန်ကုန် ၌ ယာဉ်တိုက်မှု ရာကျော် တိုးလာ၍ ဟောပြော ဆွေးနွေးပွဲ မထသ (ဗဟို) ပြုလုပ်

ရန်ကုန် တိုင်း ဒေသကြီး အတွင်း ၂၀၁၂ ခုနှစ် ထက် ၂၀၁၃ ခုနှစ် တွင် ယာဉ် မတော်တဆမှု ၁၀၀ ကျော် တိုးပွား လာ၍ မထသ (ဗဟို) မှ ယာဉ် လိုင်း အဖွဲ့အစည်း များနှင့် ဟောပြော ဆွေးနွေး ခဲ့သည်။ အဆိုပါ ဟောပြော ဆွေးနွေးပွဲ တွင် ယာဉ် စည်းကမ်း၊ လမ်း စည်းကမ်း လိုက်နာမှု တိုး တက် ရေး၊ အများ ပြည်သူ သယ်ယူ ပို့ဆောင်မှု တွင် ပါဝင် တာဝန်ယူ နေကြသူ များ၌ ထားရှိ သင့်သော စိတ်နေ သဘောထား များ ထားရှိ ရေး၊ ယာဉ် တိုက်ခိုက်၊ တိမ်းမှောက် မှု လျော့နည်း ရေး စသည်တို့ ဆွေးနွေး ခဲ့သည်။ အဆိုပါ ပွဲသို့ ယာဉ်မောင်း ၄၈ ဦး၊ ယာဉ် နောက်လိုက် ၉၂ ဦး စုစုပေါင်း ၁၄၀ ဦး တက်ရောက် ခဲ့သည်။

မထသ (ဗဟို) ၏ ထုတ်ပြန် ကြေညာချက် အရ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် နေ့မှ ၃၁ ရက် နေ့ အထိ ယာဉ် မတော်တဆ မှုသည် စည်ပင် နယ်နိမိတ် အတွင်း ၁၃ မှုနှင့် စည်ပင် နယ်နိမိတ် ပြင်ပ (၁) မှု ပေါင်း ၁၄ မှု ဖြစ်ပွား ခဲ့သည်။ အဆိုပါ ယာဉ် မတော်တဆ မှုများ ကြောင့် ကျား ၁၃ ဦး၊ မ ၁၂ ဦး စုစုပေါင်း ၂၅ ဦး ဒဏ်ရာ ရရှိ ခဲ့ပြီး ကျား ၃ ဦး၊ မ ၁ ဦး စုစု ပေါင်း ၄ ဦး သေဆုံး ခဲ့သည်။ ရန်ကုန် တိုင်း ဒေသ ကြီး မော် တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ရေး ကြီးကြပ်မှု ဗဟို ကော်မတီ ကြီးကြပ် မှု အောက် ရှိ ယာဉ်လိုင်း အဖွဲ့ အစည်းများ တွင် တာဝန် ထမ်းဆောင် ကာလ (၂) နှစ် မပြည့် သေးသည့် ယာဉ် လုပ်သားများ အား အခြေခံ သင်တန်း သင်ကြား ပေးလျက် ရှိရာ အခြေခံ သင်တန်း အမှတ်စဉ် (၂၅ / ၂၀၁၃) အထိ သင်တန်း တက်ရောက် ပြီးသည့် ယာဉ်မောင်း၊ ယာဉ် နောက်လိုက် ၂၉၀၈ ဦး ရှိကြောင်း သိရသည်။

Popular News Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်