Pages

Friday, February 8, 2013

ကေအိုင်အေ မှ တာလောကြီးရွာ လူငယ်တစ်ဦးအား ပစ်ခတ် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်

၅-၂-၂၀၁၃ နေ့၊ နံနက် (၁၁)နာရီခန့်အချိန်၌- မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာ၊ ရပ်ကွက်(၄)နေ အဘ ဦးစိုင်မန်း ၏ သား မောင်အောင်ထွန်းလင်း (ခ) မောင်စီးမောင် အသက်(၃၂) နှစ်သည် တာလောကြီးကျေး ရွာ၏ အရှေ့တောင်ဘက် (၁၀) မိုင် ကျော်ခန့်အကွာ ဒေသအခေါ် ခါးကျောတောသို့ သူငယ် ချင်းများဖြစ်သော (၁) မောင်ဝေစိုး (၂)မောင်ဝေမိုး (၃) မောင်ညွှန့်ဝင်း (၄) မောင်ဖိုးခင်း တို့နှင့် အတူ သစ်ခွပင် သွားခူးရာမှ KIA ၏ ခြိမ်းခြောက် ဖမ်းဆီးခြင်းကို ခံခဲ့ရပါသည်။

ဖမ်းဆီးခံခဲ့ရသော မောင်အောင်ထွန်းလင်းနှင့်အတူ သူငယ်ချင်း (၅)ယောက်တို့သည် ခါးကျောတော၌ အုပ်စု(၂)ခုခွဲ ၍ သစ်ခွပင်များ ရှာဖွေနေစဉ် လက်နက်ကိုင် အင်အား (၇)ယောက်ခန့်ရှိသော KIA နှင့် ပက်ပင်းတွေ့ခဲ့ရပြီး KIA မှ ပစ်ခတ် ခြိမ်ခြောက် လိုက်လံဖမ်းဆီးခဲ့ရာ မောင်အောင်ထွန်းလင်းမှာ အတင်းအဓမ္မ အဖမ်းအဆီး ခံခဲ့ရပြီး မောင်ဝေစိုးနှင့် ကျန်သည့် သူငယ်များချင်းများမှာ ချုံဘုတ်များအတွင်း (၂)နာရီလောက် ပုန်းအောင်းမှီခိုပြီးမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပါသည်။ ဒီအခင်းဖြစ်စဉ်နှင့် ပက်သက် ၍ နောက်ဆုံး စုံးစမ်းသိရှိထားရသော သတင်းများအရ ဖမ်းဆီးခံခဲ့ ရသော မောင်အောင်ထွန်းလင်း (ခ)စီးမောင်ကိုKIA စစ်သင်တန်းကျောင်းတွင် ပေးပို့ခံထားရသည်ဟု ဒေသခံများမှ တဆင့် စုံစမ်း သိရှိရပါသည်။

ယခုဖြစ်စဉ်သည် KIAနှင့် အစိုးရတို့ စစ်ပြေငြိမ်းချမ်းရေး ဆွေးနွေးအပြီးနောက်တစ်ရက် တွင် ဖြစ်ပေါ်ခဲ့ တာလဲ ဖြစ် ပါသည်။ KIA နှင့် အစိုးရတို့ စစ်ရေးအချိန်လျှော့ဖို့ မည်မျှ ဆွေးနွေးစေကာမူ ဒေသခံလူထုနှင့် စစ်ဘေးဒုက္ခသည်တို့၏ အခက်အခဲများကို ထည့်သွင်းစဉ်းစား ညှိနှိုင်းမှု မပြုလျင် ကချင်ပြည်နယ် လူထု၏ အထူးသဖြင့် တိုင်းလိုင် တိုင်းခန္တီစသော ဒေသခံ ဗုဒ္ဓဘာသာ ရှမ်းလူမျိုးများနှင့် ရှမ်းဗမာ စသော ဒေသခံလူမျိုးများသည် ၄င်းစစ်ပြေငြိမ်းချမ်းရေး၏ အကျိုးဆက်ကို မျှော်လင့်ခံစားရဖို့ အ လှမ်းဝေးနေ ဦးမှာလည်း ဖြစ်ပါသည်။


အစိုးရနှင့် KIAတို့ ငြိမ်းချမ်ရေးပျက်ပြားပြီး နှစ်နှစ်နီးပါး ကာလအတွင်း တာလောကြီးကျေးရွာအပေါ် KIA ၏
ဆက်ကြေးတောင်းခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်းနှင့် အခြားသော လူအခွင့်အရေး ချိုးဖောက်မှုများနှင့်အတူ KIA ၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသော တာလောကြီးရွာသားတစ်ချို့၏ ပုံများဖြစ်ပါသည်။










 
From:ဧရာဝတီ ဖြစ်ဖျားဆီက

www.mmdailystar.com

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်