Pages

Wednesday, January 15, 2014

တောင် ဆူဒန်ရှိ မော်တော် ဘုတ် နစ်မြုပ်၊ လူ ၂၀၀ ထက် မနည်း သေဆုံး



တောင်ဆူဒန် နိုင်ငံ၌ စစ်ပြေး ဒုက္ခ သည်များ လိုက်ပါ လာသော မော်တော် ဘုတ် တစ်စင်း နစ်မြုပ်မှု ဖြစ်ပွားရာ အရပ်သား ၂၀၀ ကျော် သေဆုံး ရကြောင်း ဒေသ ဆိုင်ရာ သတင်း ဌာနများ က ဇန်နဝါရီ ၁၄ ရက် တွင် သတင်း ထုတ်ပြန် သည်။ တောင် ဆူဒန် နိုင်ငံ မာလာကာ မြို့၌ တိုက်ပွဲ များ ပြင်းထန် လာခြင်း ကြောင့် စစ်ဘေး လွတ်ရာ သို့ ထွက်ပြေး ခိုလှုံ လိုသော အရပ်သူ အရပ်သား များ လိုက်ပါ လာ သည့် ကူးတို့ ရေယာဉ် တစ်စင်း သည် ဝှိုက်နိုင်း မြစ် အတွင်း နစ်မြုပ် ခဲ့ခြင်း ဖြစ်ကြောင်း ကြည်းတပ် ပြောရေး ဆိုခွင့် ရှိသူက ပြောကြား သည်။ တောင်ဆူဒန် နိုင်ငံရှိ မာလကာ မြို့နှင့် ဘိုးမြို့ တို့၌ တိုက်ပွဲ များ ပြင်းထန် လျက် ရှိကြောင်း၊ အစိုးရ တပ်ဖွဲ့ များက သူပုန် တို့ ထိန်းချုပ် ထား သော မြို့များ ကို ပြန်လည် သိမ်းပိုက် နိုင်ရန် ထိုးစစ်ဆင် တိုက်ခိုက် လျက် ရှိကြောင်း သတင်း တွင် ဖော်ပြ သည်။

ပီတီအိုင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်