Pages

Wednesday, January 15, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေ ညှိနှိုင်း ရေးမှူး၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ် အား လက်ခံ တွေ့ဆုံ


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး၊ ကုလ သမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေ ကိုယ်စားလှယ် အသစ် ဖြစ်သူ မစ္စ ရီနာတာ လော့ဒက် ဆဲလီယန် နှင့် အဖွဲ့ အား ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီတွင်  နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမ ဆောင် ၌ လက်ခံ တွေ့ဆုံ သည်။

ယင်းသို့ တွေ့ဆုံ စဉ် မြန်မာ နိုင်ငံ၏ ကုလ သမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် များ ပြည့်မြောက် အောင် အကောင် အထည် ဖော် ဆောင်ရွက် နေမှု နှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ၊ ဒေသ တည်ငြိမ် အေးချမ်းရေး ဆောင်ရွက် နေမှုများ တွင် ပိုမို ပူးပေါင်း ပါဝင် ကူညီ ပေးရေး၊ မြန်မာ နိုင်ငံနှင့် ကုလ သမဂ္ဂ တို့ အကြား ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့် သွားရေး တို့နှင့် စပ်လျဉ်း ၍ ဆွေးနွေး ကြသည်။ အဆိုပါ တွေ့ဆုံပွဲ သို့ ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးစိုးသိန်း နှင့် တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်