Pages

Wednesday, January 15, 2014

ဖမ်းမိသော ငါးကြီး တစ်ကောင်အား ငွေကျပ် ၂၂၅ သိန်း ဖြင့် ၀ယ်

 
 
မွန် ပြည်နယ် မော်လမြိုင် မြို့ ကော့ တွန်ကျေးရွာ အုပ်စု၊ ဇွယ်ရပ် ကျွန်းနေ ဒေါ်ပု ၏ သား မောင် သာထူး သည် မော်လမြိုင် ခေါင်း ဆေး ကျွန်း အနီး တွင် ဇန်န၀ါရီ ၁၃ ရက် နံနက် ၁၁ နာရီ က ငါး ပြက် ပိုက်ဆွဲရာ မှ အလေးချိန် ၅၂ ပိဿာခန့် ရှိ ကသမြင် ငါးကြီး တစ်ကောင် ကို ဖမ်းဆီး ရမိခဲ့ ကြောင်း သိရ သည်။

အဆိုပါ ငါးကြီးအား မော် လမြိုင်မြို့ ဘိုကုန်း ရပ်ရှိ သံ လွင် ဈေး ငါးအ၀ယ် ဒိုင်တွင် လာရောက် ရောင်း ချရာ ကျိုက္ခ မီ မြို့မှ ငါး အ၀ယ် ဒိုင် ပိုင်ရှင် တစ်ဦး က ငွေကျပ် ၂၂၅ သိန်း ပေးဝယ် ပြီး ရန်ကုန် မြို့သို့ နေ့ ချင်း အပြီး သယ်သွား ကြောင်း၊ ငါးထက် ငါးအဆီပေါင်း က ပိုမို ဈေး ရကြောင်း ငါး လုပ်ငန်းရှင် များ က ပြောဆို ကြသည်။

““ကသမြင် ငါး အကြီးကြီး ရလိုက် တဲ့ လူဟာ နောက်ဆို တံငါ လုပ်ငန်း လုပ်လို့ မရတော့ ဘူး။ တံငါ လုပ်ငန်း ပြန်လုပ် ရင် ခိုက်တယ် တဲ့။ အရင်က လဲ ဒီလို ငါး အကြီးကြီး ရဖူး ကြ ပါတယ်”” ဟု ချမ်းအေး ရပ်ကွက် မှ တံငါသည် တစ်ဦး က ပြော သည်။

Yangon Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်