Pages

Wednesday, January 15, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အာဆီယံ အတွင်း ရေးမှူးချုပ် နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် အာဆီယံ အတွင်း ရေးမှူးချုပ် မစ္စတာ လီယောင်မင် နှင့် အဖွဲ့ အား ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၁၁) နာရီ တွင် နေပြည်တော် ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံ စဉ် မြန်မာ နိုင်ငံ၌ အာဆီယံ ဆိုင်ရာ အစည်း အဝေးများ ကျင်းပ နိုင်ရေး အတွက် အသွင် သဏ္ဌာန်နှင့် အနှစ် သာရ ပိုင်း ဆိုင်ရာ ကြိုတင် ပြင်ဆင် ထားရှိမှု၊ အာဆီယံ သည် စည်းလုံး ညီညွတ် သော အဖွဲ့ အစည်း တစ်ခု ဖြစ်၍ မြန်မာ နိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကာလ အတွင်း ဒေသ တွင်း တည်ငြိမ် အေးချမ်း မှုများ အတွက် သဘော တူညီချက် များ ရရှိ မည်ဟု ယုံကြည် မျှော်လင့် ထားမှု၊ မြန်မာ နိုင်ငံ ၌ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အောင်မြင် စွာ ကျင်းပ နိုင်ခဲ့ မှုသည် အာဆီယံ အဖွဲ့ အတွက် လည်း ဂုဏ်ယူ ဝမ်းမြောက် ဖွယ် ဖြစ်မှု၊ ၂ဝ၁၅ ခုနှစ် အာဆီယံ အသိုက် အဝန်း ထူထောင်ရေး အတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက် ရန် လိုအပ် မှုများနှင့် စပ်လျဉ်း ၍ ဆွေး နွေး ခဲ့ကြ သည်။

ယင်းသို့ တွေ့ဆုံ စဉ် ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ဦးစိုးသိန်း၊  ဦးအေးမြင့်ကြူ၊ ဒေါက်တာ ကံဇော်၊ အာဆီယံ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံ အမတ်ကြီး ဦးမင်းလွင် နှင့် တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်