Pages

Wednesday, January 15, 2014

အိုင်စီတီ ပညာရေး စနစ် ပေါ်ပေါက် ရန် စီစဉ်နေ

နည်းပညာ အား အသုံးချ ၍ ပညာရေး ကဏ္ဍ အတွက် အထောက် အကူ ပြုစေရန်၊ အိုင်စီတီ ပညာရေး စနစ် တစ်ခု ပေါ်ပေါက် လာစေရန် အတွက် မြန်မာ နိုင်ငံ ကွန်ပျူတာ အသင်း ချုပ် နှင့် ပညာရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း ၍ အကောင် အထည် ဖော်ရန် စီစဉ် နေကြောင်း သတင်း ရရှိ သည်။ “ပညာရေး ကဏ္ဍ မှာ နည်းပညာ ကို အသုံးချ နိုင်ဖို့ ICT Education စနစ် တစ်ခု ပေါ်ပေါက် လာစေဖို့ အတွက် ပညာရေး ဝန်ကြီး ဌာန နဲ့ ပူးပေါင်း လုပ်ဆောင် နေပါတယ်။ လက်တွေ့ အကောင် အထည် ဖော်နိုင် ဖို့ အတွက် ဆရာ၊ ဆရာမ တွေ ကိုလည်း ကွန်ပျူတာ ကို အသုံး ချ ပြီးတော့ ပညာ ရေး မှာ အထောက် အကူ ပြုအောင် အသုံးချ နိုင်ဖို့ သင်ကြား ပေးနေ တာတွေ လည်း လုပ်ဆောင် နေပါတယ်” ဟု မြန်မာ နိုင်ငံ ကွန်ပျူ တာ အ သင်း ချုပ် အထွေထွေ အတွင်း ရေးမှူး ဦးဇော်မင်းဦး က ပြောသည်။

မြန်မာ နိုင်ငံ ကွန်ပျူတာ အသင်းချုပ် က နည်းပညာ အသုံးချ ၍ ပညာရေး ကဏ္ဍ ကို အထောက် အကူ ပြုစေ မည့် စနစ် တစ်ခု ပေါ်ပေါက် လာ စေရန် ရန်ကုန် နှင့် ဧရာဝတီ တိုင်း ဒေသကြီး တို့တွင် ရှိသော ဆရာ၊ ဆရာမ များ အား ကွန်ပျူတာ သင်တန်း ပို့ချခြင်း တို့ကို သက်ဆိုင် ရာ တိုင်း ဒေသကြီး အစိုးရ အဖွဲ့များ နှင့် ပူးပေါင်း လုပ်ဆောင် လျက် ရှိပြီး ကျန် တိုင်းနှင့် ပြည်နယ် များ တွင်လည်း လုပ်ဆောင် သွားရန် စီစဉ်လျက် ရှိ ကြောင်း သတင်း ရရှိ သည်။ “အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ ထိုင်းမှာ ဆိုရင် ကျောင်းသား တွေ ကို Tablet တွေ ပေးထား တယ်။ အင်တာနက် သုံးလို့ ရအောင် လုပ်ပေး ထား တယ်။ သင်ခန်းစာ တွေ ကို အွန်လိုင်း ကနေ ဒေါင်းလို့ ရတယ်။ သင်ခန်းစာ တွေ ကို ရုပ်ပုံ ကားချပ် တွေနဲ့ နားလည် လွယ် အောင် ရှင်းပြ ထားတယ်။ ဒီမှာ တော့ လိုအပ်ချက် တွေ ရှိနေသေး တယ်။ အတတ် နိုင်ဆုံး အကောင် အထည် ဖော်နိုင်ဖို့ လိုနေ ပါတယ်” ဟု ဦး ဇော်မင်းဦး က ပြောသည်။ နည်း ပညာ အသုံးချ ၍ ပညာရေး ကဏ္ဍ တွင် အထောက် အကူ ပြုနိုင် မည့် စနစ် ကို အခြေခံ ပညာ မူလတန်း မှ စတင် ၍ အသုံးပြု နိုင်စေရန် အကောင် အထည် ဖော်သွားမည် ဖြစ်ပြီး လက်ရှိ တွင် မြန်မာ နိုင်ငံ၌ အဆိုပါ စနစ် အကောင် အထည် ဖော်နိုင်ရန် အတွက် အခြေခံ အဆောက် အအုံ၊ အင်တာနက် သုံးစွဲ နိုင်မှု အခြေ အနေ စသည့် လိုအပ်ချက် များ လည်း ရှိနေ ကြောင်း မြန်မာ နိုင်ငံ ကွန်ပျူတာ အသင်း ချုပ် မှ သတင်း ရရှိသည်။

7 Day News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်