Pages

Wednesday, January 15, 2014

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင် ကြမည့် ပြိုင်ပွဲ ဝင် အားကစား သမား များ အား တွေ့ဆုံ နှုတ်ဆက်

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် မြန်မာ နိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် (၇) ကြိမ် မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တွင် ပါဝင် ယှဉ်ပြိုင် ရန် နေပြည်တော် တွင် ရောက်ရှိ နေသော အာဆီယံ နိုင်ငံ များမှ အသင်း အုပ်ချုပ် သူများ၊ နည်းပြ များနှင့် ပြိုင်ပွဲဝင် အားကစား သမားများ အား ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီ တွင် အားကစား လေ့ကျင့်ရေး စခန်း နေပြည်တော် ရှိ Social Zone ၌ တည်ခင်း ဧည့်ခံ သော လက်ဖက်ရည် ပွဲ သို့ တက်ရောက် ချီးမြှင့် သည်။

ရှေးဦးစွာ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း သည် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တွင် ပါဝင် ယှဉ်ပြိုင် မည့် အာဆီယံ နိုင်ငံ များမှ အသင်း အုပ်ချုပ် သူများ၊ နည်းပြ များနှင့် ပြိုင်ပွဲ ဝင် အားကစား သမား များ အား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက်ပြီး ပြိုင်ပွဲ အ ထိမ်း အမှတ် လက်ဆောင် များကို ပေးအပ် သည်။

အဆိုပါ ဧည့်ခံပွဲ သို့ (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ကျင်းပ ရေး ဦးစီး ကော်မတီ တွဲဖက် အတွင်း ရေးမှူး မြန်မာ နိုင်ငံ မသန်စွမ်း သူများ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ် နေလင်း၊ ကော်မတီ ဥက္ကဋ္ဌ များ ဖြစ်ကြ သည့် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးအောင်ကြည်၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာ ဒေါ်မြတ်မြတ် အုန်းခင် နှင့် ဦးဌေးအောင်၊ ဒုတိယ ဝန်ကြီး များ၊ ဌာန ဆိုင်ရာ အကြီး အကဲ များ၊ အာဆီယံ နိုင်ငံများ မှ အသင်း အုပ်ချုပ် သူများ၊ နည်းပြ များ၊ ပြိုင်ပွဲဝင် အားကစား သမား များ နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်