Pages

Wednesday, January 15, 2014

ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ အစည်း အဝေး ကျင်းပ

 
(၆၇) နှစ်မြောက် ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ အစည်း အဝေး ကို ဇန်န၀ါရီလ ၁၄ ရက်နေ့ မွန်းလွဲ (၂) နာရီ တွင် နိုင်ငံတော် သမ္မတ ရုံး အစည်း အဝေး ခန်းမ ၌ ကျင်းပရာ (၆၇) နှစ်မြောက် ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အမှာ စကား ပြောကြား သည်။
 
အစည်း အဝေး သို့ ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီဝင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်၊ ဦးသိန်းညွန့်၊ ဦးဉာဏ် ထွန်းအောင်၊ ဦးခင်မောင် စိုး၊ ဦးဇေယျာ အောင်၊ ဦးအေးမြင့် ကြူ၊ ဦးသန်းဌေး၊ ဦးဌေးအောင် နှင့် ခေတ္တ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးမြင့်၊ ပြည်ထောင်စု နေ့ ကျင်းပ ရေး စီမံ ခန့်ခွဲမှု ကော်မတီဝင် ဆပ် ကော်မတီ ဥက္ကဋ္ဌ များ နှင့် တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က အမှာ စကား ပြောကြား ရာ တွင် ၂ဝ၁၄ ခုနှစ် (၆၇) နှစ် မြောက် ပြည်ထောင်စု နေ့ အခမ်းအနား ကို နိုင်ငံရေး အနှစ် သာရ ရှိရှိ ကျင်းပ နိုင်ရေး အတွက် လိုအပ်သည့် လုပ်ငန်း များ ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ် ပါကြောင်း။ ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီ (၁၂) ရက် တွင် ကျင်းပမည့် ပြည်ထောင်စု နေ့ အခမ်း အနား များ ကို ပြည်ထောင်စု နယ်မြေ ဖြစ်သည့် နေပြည်တော် အပါ အဝင် တိုင်း ဒေသကြီး နှင့် ပြည်နယ် များ အားလုံး သည် ကျင်းပရေး ဗဟို ကော်မတီ မှ ချမှတ် ပေးမည့် အမျိုးသား ရေး ဦးတည် ချက်များ နှင့် အညီ စည်ကား သိုက်မြိုက် စွာ ကျင်းပ ကြမည် ဖြစ်ပါကြောင်း။

ထိုသို့ ကျင်းပ နိုင်ရန် (၆၇) နှစ်မြောက် ပြည်ထောင်စု နေ့ ကျင်းပရေး ဗဟို ကော်မတီ နှင့် ကျင်းပရေး စီမံ ခန့်ခွဲမှု ကော်မတီ များ ကို နိုင်ငံတော် သမ္မတ ရုံးမှ ဖွဲ့စည်း ပေး ခဲ့ပြီး စီမံ ခန့်ခွဲမှု ကော်မတီ က ဖွဲ့စည်း ပေးခဲ့သည့် သက်ဆိုင်ရာ ဆပ် ကော်မတီ များ အနေ နှင့် ယနေ့ အစည်း အဝေး တွင် ဆောင်ရွက် ထားရှိ မှုများ နှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ် များ၊ ဖြည့်ဆည်း ပေးရမည့် လိုအပ် ချက်များ အား ဆွေးနွေး တင်ပြ ကြရန် ဖြစ်ကြောင်း။

ယခင်နှစ် များ နည်းတူ ပြည်ထောင်စု နေ့ အခမ်း အနားကြီး ကို တိုင်း ဒေသကြီး၊ ပြည်နယ် အသီးသီး မှ ရွေးချယ် ထား သည့် လွှတ်တော် ကိုယ်စား လှယ် များ အား ဖိတ်ကြား သွားရန် ဖြစ်ကြောင်း၊ ယဉ်ကျေးမှု အဖွဲ့များ ခေါ်ယူရာ တွင် တိုင်း ဒေသကြီး (၃) ခု နှင့် ပြည်နယ် (၇) ခု က ယဉ်ကျေးမှု အဖွဲ့ (၁ဝ) ဖွဲ့အား ခေါ်ယူပြီး ယဉ်ကျေးမှု ဝန်ကြီး ဌာနနှင့် ပူးပေါင်း ၍ တိုင်းရင်းသား ရိုးရာ အက ပဒေသာ များ ဖြင့် ဖျော်ဖြေ သွားရန် ဖြစ်ကြောင်း ဖြင့် ပြောကြား သည်။

ထို့နောက် ဗဟို ကော်မတီဝင် စီမံ ခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ သမ္မတ ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းညွန့် က ပြည်ထောင်စု နေ့ ကျင်းပ ရေး စီစဉ် ဆောင်ရွက် ထားရှိမှု များ အား ရှင်းလင်း တင်ပြ သည်။ ယင်းနောက် စီမံ ခန့်ခွဲမှု ကော်မတီ အတွင်း ရေးမှူး က ပြည်ထောင်စု နေ့ ကျင်းပ မည့် အစီအမံ များ အား ရှင်းလင်း တင်ပြပြီး တက်ရောက် လာကြ သည့် ဆပ် ကော်မတီ ဥက္ကဋ္ဌ များ နှင့် တာဝန်ရှိ သူများ က မိမိ တို့ သက်ဆိုင်ရာ ကဏ္ဍ များ အလိုက် ရှင်းလင်း တင်ပြ ကြရာ ဗဟို ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က လုပ်ငန်း လိုအပ်ချက် များ ကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးသည်။

ထို့နောက် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က (၆၇) နှစ်မြောက် ပြည်ထောင်စု နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ဖွဲ့စည်း ပေးထား သည့် ဗဟို ကော်မတီ၊ စီမံ ခန့်ခွဲမှု ကော်မတီ နှင့် ဆပ် ကော်မတီ အသီးသီး တို့က သက်ဆိုင်ရာ ဝန်ကြီး ဌာန များ နှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် သွားကြ ရန် မှာကြား ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်