Pages

Wednesday, January 15, 2014

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ရေလွှမ်းမိုး၊ ၁၃ ဦးထက် မနည်း သေဆုံး

 
 
ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း ရှိ ဒေသများ တွင် ရေလွှမ်းမိုး မှုနှင့် မြေပြို မှုများ ဖြစ်ပွား ခဲ့ရာ ၁၃ ဦး ထက် မနည်း သေဆုံး ကြောင်း ဒေသ ဆိုင်ရာ အုပ်ချုပ်ရေး ဌာနများ ၏ ပြောကြား ချက် ကို ဇန်နဝါရီ ၁၄ ရက် သတင်း တွင် ဖော်ပြ သည်။ ဒါဗာအို အော်ရီရင်တယ် ပြည်နယ် ကွမ်ပိုစတယ် လာဗယ်လီ ဒေသ ရှိ သတ္တု တွင်း လုပ်ငန်းများ ရှိရာ နေရာ တွင် မြေပြို မှုများ ဖြစ်ပွား သဖြင့် ၁၁ ဦး သေဆုံး ကြောင်း မြို့ပြ ကာကွယ်ရေး ဌာန အကြီး အကဲ က ပြောကြား သည်။ အက်ဂူဘန် ဒယ်လ်ဆာ ပြည်နယ် ရှိ ဘာယုဂန် မြို့တွင် ရေလွှမ်းမိုး မှု ဖြစ်ပေါ် သဖြင့် နှစ်ဦး သေဆုံး ကြောင်း၊ မြေပြို မှုများ၊ ရေလွှမ်းမှု များ ကြောင့် လူ ၁၀ ဦး ဒဏ်ရာ ရရှိပြီး ၁၄ ဦး ပျောက်ဆုံး လျက် ရှိကြောင်း၊ ဒေသခံ ပြည်သူ ၁၂၀၀၀ ကို ပြောင်းရွှေ့ နေထိုင် စေလျက် ရှိကြောင်း သိရ သည်။

ဆင်ဟွာ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်