Pages

Wednesday, January 15, 2014

သမ္မတ ဦးသိန်းစိန် ကို မဲပေးရန် သီတဂူ ဆရာတော် တိုက်တွန်း

 
 
နိုင်ငံ့ အကျိုး၊ သာသနာ့ အကျိုး သယ်ပိုး ခဲ့သည့် သမ္မတ ဦးသိန်းစိန် ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် ထောက်ခံ မဲပေးကြ ရန် သီတဂူ ဆရာတော် ဘဒ္ဒ န္တ ဉာဏိဿရ က အထက် မြန်မာပြည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒ ခံယူပွဲ တွင် တိုက်တွန်း မိန့်ကြား လိုက်သည်။ ဗုဒ္ဓဘာသာဝင် အများစု က ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်လာလျှင် အမျိုး ဘာသာ သာသနာ မှေးမှိန်နိုင် စရာ ရှိသည် ဟု ယုံကြည် နေကြ ၍ သမ္မတ ဦးသိန်းစိန် ကို ထောက်ခံ မဲပေးရန် မိန့်ကြားခြင်း ဖြစ်ကြောင်း သီတဂူ ဆရာတော် က ဆို သည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒ ခံယူပွဲ သို့ တက်ရောက် နေသည့် NLD ပါတီဝင် အချို့ ကလည်း ဆရာတော် ၏ တိုက်တွန်း ချက် ကို ထောက်ခံ ကြောင်း အဆိုပါ ပွဲကို တက်ရောက် နေ သည့် ဦးလှိုင်ထူးအောင် က People Power သို့ ဆက်သွယ် ပြောကြား သည်။ NLD ပါတီ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ကို လည်း အမျိုး ဘာသာ သာသနာ အကျိုး သယ်ပိုး ခဲ့သည့် အတွက် လည်း သြ၀ါဒ ပေးသည့် ဆရာတော် များက တညီ တစ်ညွတ် တည်း ချီးကျူး ဂုဏ်ပြု ခဲ့ ကြောင်း ၎င်းက မှတ်ချက် ပြု ပြောဆို သည်။

မန္တလေး မြို့ မဟာ အတုလ ဝေယံ ဘုံသာ အတုမရှိ ကျောင်းတော်ကြီး တွင် ကျင်းပ သည့် ပွဲ ကို မြန်မာ နိုင်ငံ အရပ်ရပ် မှ ဆရာတော် အပါး ၄၀၀ တက်ရောက် ခဲ့ပြီး လူ ပုဂ္ဂိုလ် သုံးသောင်း ခန့် နှင့် သံဃာ အပါး တစ်သောင်း ခန့် တက်ရောက် ခဲ့ကြောင်း အထက် မြန်မာ ပြည် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ၏ သတင်း ထုတ်ပြန်ချက် အရ သိရ သည်။

People Power

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်