Pages

Wednesday, January 15, 2014

စီးပွားရေး ဆိုင်ရာ သဘော တူညီချက် ခုနှစ်ချက် ကို နိုင်ငံ အားလုံး သဘော တူညီမှု ဖြင့် လက်မှတ် ထိုးမည်



မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ချိန်တွင် အာဆီယံ နိုင်ငံ အားလုံး ၏ သဘော တူညီချက် ဖြင့် သဘော တူညီချက် ပေါင်း ခုနှစ်ခု ကို အပြီးသတ် စာချုပ် ချုပ်ဆို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့် ဖွံ့ဖြိုး တိုးတက် ရေး ဝန်ကြီး ဌာနမှ ညွှန်ကြား ရေးမှူး ချုပ် ဦးအောင်နိုင်ဦး က ပြောသည်။ အဆိုပါ သဘော တူညီချက် ခုနှစ်ခု မှာ အာဆီယံ နိုင်ငံ များတွင် ကျန်းမာ ရေး လုပ်ငန်း သုံး ပစ္စည်းများ ၏ စံချိန် စံညွှန်းများ နှင့် ပတ်သက် သည့် သဘော တူညီချက်၊ စာရင်းအင်း လုပ်ငန်းနှင့် ပတ်သက် ၍ စာရင်းစစ် ပညာရှင်များ ကို တစ် နိုင်ငံ နှင့် တစ် နိုင်ငံ အပြန် အလှန် အသိအမှတ် ပြုရမည့် သဘော တူညီချက်၊ အာဆီယံ နှင့် အိန္ဒိယ နိုင်ငံ ကြား ဝန်ဆောင်မှု နှင့် ရင်းနှီး မြှုပ်နှံမှု သဘော တူ ညီချက်၊ အာဆီယံ ဝန်ဆောင်မှု များနှင့် ပတ်သက် သည့် သဘော တူညီချက်၊ အာဆီယံ ရင်းနှီး မြှုပ်နှံမှု သဘော တူညီချက်၊ အာဆီယံ နှင့် သြစတြေးလျ နိုင်ငံ၊ နယူးဇီလန် နိုင်ငံတို့ အကြား နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံ မှု သဘော တူညီချက် အချို့ ကို ပြင်ဆင် သည့် သဘော တူညီချက်၊ အာဆီယံ နှင့် ဂျပန် နိုင်ငံ တို့ အကြား ဘက်စုံ စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု သဘော တူညီချက် တို့ ဖြစ် သည်။

“အခု အစည်းအဝေး က အာဆီယံ စီးပွားရေး ဆိုင်ရာ အကြီးတန်း အရာရှိ တွေရဲ့ အစည်းအဝေး ဖြစ်တော့ တစ်နှစ် တာ လုပ်မယ့် ဟာတွေ ကို မြန်မာ က အဆိုပြု ပေးရတယ်။ ဒီမှာ အဓိက ပြောချင် တာတွေ၊ ဆွေးနွေး တင်ပြချင် တာတွေ၊ တစ်နှစ်တာ အကောင် အထည် ဖော်မယ့် ဟာတွေ နဲ့ ပတ်သက်ပြီး တော့ အားလုံး သဘော တူညီချက် ရလိုက် တယ်” ဟု ဦးအောင်နိုင်ဦး က ပြောသည်။ လက်ရှိ မြန်မာ နိုင်ငံက အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် ချိန်တွင် နေပြည်တော် ၌ ကျင်းပ နေသော အစည်း အဝေး တွင် အပြီးသတ် လုပ်ဆောင် မည့် လုပ်ငန်း များ ဆွေးနွေးခြင်း နှင့် နောင်နှစ် ဥက္ကဋ္ဌ တာဝန် လွှဲယူ ဆောင်ရွက်မည့် မလေးရှား နိုင်ငံ၌ အပြီးသတ် မည့် လုပ်ငန်း ဆိုင်ရာ ဆွေးနွေးရာ တွင် အထက် ပါ သဘော တူညီချက် များ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ တွင် ပြုလုပ် မည့် အစည်း အဝေးများ နှင့် ပတ်သက် ၍ တင်ပြ ဆွေးနွေးရာ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဘရူနိုင်း တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်း ယူချိန် တွင် ပြောကြား ခဲ့သော မိန့်ခွန်း အပေါ် အခြေခံ ကာ လုပ်ငန်းစဉ် များကို ဆွေးနွေး နေကြောင်း လက်ရှိ စီးပွားရေး ဆိုင်ရာ များကို ဦးဆောင် ဆွေးနွေး မှု ပြုလုပ် နေသော ဦးအောင်နိုင်ဦး က ပြောသည်။ ယခု ကျင်းပသော အစည်း အဝေး တွင် အာဆီ ယံ စီးပွားရေး ဝန်ကြီး များ အလွတ် သဘော ဆွေးနွေး မှုများ အတွက် ကြိုတင် ပြင်ဆင်ခြင်း ကိုပါ ထည့်သွင်း ဆွေးနွေး သွားမည် ဖြစ်သည်။ မြန်မာ နိုင်ငံ က အာဆီယံ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက် နေချိန် အာဆီယံ ဆိုင်ရာ အစည်း အဝေး ပေါင်း ၄၀၀ ကျော် ကျင်းပ ရန် ဆုံးဖြတ် ထားသည်။

7 Day Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်