Pages

Sunday, January 19, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေး တိုင်း ဒေသ ကြီး အတွင်းရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဇန်န၀ါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်း တွင် မကွေး တိုင်း ဒေသ ကြီး အတွင်း ရှိ အကြီးစား စက်ရုံ များ၊ စက်မှု သင်တန်း ကျောင်း နှင့် ဧရာဝတီ တံတား (မလွန်) တို့ကို သွားရောက် ကြည့်ရှု စစ်ဆေး သည်။ ရှေးဦး စွာ နိုင်ငံတော် သမ္မတ သည် မကွေး စက်မှု နယ်မြေ ရှိ အမှတ် (၁၃) အကြီးစား စက်ရုံ (မကွေး) သို့ ရောက်ရှိ ရာ စက်ရုံ အစည်း အဝေး ခန်းမ ၌ စက်မှု ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် က စက်ရုံ တည်ဆောက် ခဲ့မှု၊ စက်ရုံ ၏ ထုတ်ကုန် ပစ္စည်း များနှင့် ထုတ်လုပ် နိုင်မှု အရေ အတွက်၊ ဈေးကွက် တင်ပို့ ရောင်းချ မှု အခြေ အနေ နှင့် ထုတ်ကုန် တန်ဖိုး လျှော့ချ နိုင်ရေး ဆိုင်ရာ များ ကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီး ဝေလွင် နှင့် ဦးစိုးသိန်း တို့က ဖြည့်စွက် ရှင်းလင်း တင်ပြ ကြသည်။


တင်ပြချက်များ နှင့် စပ်လျဉ်း ၍ နိုင်ငံတော် သမ္မတ က ဆွေးနွေး မှာကြား ရာတွင် မော်တော်ယာဉ် များ ထုတ်လုပ် ရာ၌ ပြည်ပမှ တင်သွင်း ရောင်းချ သည့် ဈေးနှုန်း ထက် ဈေးနှုန်း သက်သာ စေရန် လိုအပ် ကြောင်း၊ သွင်းကုန် များများ သွင်းပြီး ထုတ်ကုန် များများ ထုတ်လုပ် ရောင်းချ ပေးရန် နှင့် ပြည်တွင်း သာမက ပြည်ပ သို့ တင်ပို့ ရောင်းချ နိုင်သည် အထိ ရည်မှန်း ချက် ထား လုပ်ဆောင် သွားရန် လိုအပ် ကြောင်း၊ အာဆီယံ လွတ်လပ် သော ကုန်သွယ်မှု ဇုန် ဖြစ်လာ ပါက အခြား အာဆီယံ နိုင်ငံ များက ထုတ်လုပ် သော ထုတ်ကုန် ပစ္စည်းများ ထက် အရည် အသွေး ကောင်းမွန် ပြီး ဈေးနှုန်း သက်သာ အောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သို့မှ သာ မိမိ ထုတ်ကုန် ပစ္စည်း များကို သုံးစွဲ သူများ က ကြိုက်နှစ်သက် ပြီး ဝယ်ယူ သုံးစွဲ မည် ဖြစ်ကြောင်း ဖြင့် မှာကြား သည်။ ထို့နောက် နိုင်ငံတော် သမ္မတ သည် အကြီးစား ကုန်တင် ယာဉ် ထုတ်လုပ် မှု အလုပ်ရုံ အတွင်း လှည့်လည် ကြည့်ရှု သည်။

အဆိုပါ စက်ရုံ ကို ၂၀၀၈ ခုနှစ် တွင် အိန္ဒိယ နိုင်ငံ TA TA Motors Ltd. ၏ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု ဖြင့် တည်ဆောက် ခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၃၁) ရက် တွင် ဖွင့်လှစ် ခဲ့သည်။ စက်ရုံ တွင် အကြီးစား ကုန်တင် ယာဉ် ထုတ်လုပ် မှု အလုပ်ရုံ နှင့် ထရန် စမစ်ရှင်း ဂီယာ အလုပ်ရုံ တို့ ပါဝင် ပြီး LPT 2116 Truck ? LPT 2123 Truck ? LPK 2523 Dump Truck ? 29 Seater Bus နှင့် ဂီယာဘောက်စ်များကို ထုတ်လုပ်လျက် ရှိကြောင်း သိရှိရသည်။ နိုင်ငံ တော် သမ္မတ သည် ထိုမှ တစ်ဆင့် စက်မှု သင်တန်း ကျောင်း (မကွေး) သို့ ရောက်ရှိ ရာ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် က ဝန်ကြီး ဌာန အောက် တွင် စက်မှု သင်တန်း ကျောင်း များ ဖွင့်လှစ် ထားမှု အခြေ အနေ နှင့် စက်မှု သင်တန်း ကျောင်း (မကွေး) ဖွင့်လှစ် သင်ကြား နေမှုကို ရှင်းလင်း တင်ပြ သည်။

တင်ပြချက်များ အပေါ် နိုင်ငံတော် သမ္မတ က လိုအပ်သည် များ ဖြည့်ဆည်း မှာ ကြားပြီး သင်တန်း ကျောင်း အတွင်း သင်တန်း သားများ လက်တွေ့ သင် ကြား လေ့ကျင့် နေမှုကို လှည့်လည် ကြည့်ရှု ကာ သင်တန်း သားများ အား ရင်းရင်း နှီးနှီး နှုတ်ဆက် အားပေး သည်။ စက်မှု ဝန်ကြီး ဌာန အနေ ဖြင့် ဆင်တဲ၊ မန္တလေး၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံ တို့၌ စက်မှု သင်တန်း ကျောင်း များ ဖွင့်လှစ် ထားပြီး ယင်း သင်တန်း ကျောင်း (၆) ကျောင်း မှ နှစ်စဉ် သင်တန်းသား (၁၀၀၀) ကျော် ကို မွေးထုတ် ပေးလျက် ရှိသည်။ စက်မှု သင်တန်း ကျောင်း (မကွေး) ကို မကွေး စက်မှု နယ်မြေ ၌ ၂၀၁၁ ခုနှစ် ဇူလိုင် (၁၀) ရက် တွင် စတင် ဖွင့်လှစ် ခဲ့သည်။ သင်တန်း ကျောင်းအား ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ (KOICA) က နည်း ပညာ နှင့် စက် ပစ္စည်း များ ထောက်ပံ့ ပြီး မော်တော် ယာဉ် အင်ဂျင် ပြုပြင် ထိန်းသိမ်း ခြင်း၊ မော်တော် ယာဉ် လျှပ်စစ် နှင့် အီလက် ထရွန် နစ် ဘာသာ ရပ်၊ ထရန်စမစ်ရှင်း နှင့် ယာဉ် အောက်ပိုင်း ပြုပြင် ထိန်းသိမ်း ခြင်း၊ မော်တော် ယာဉ် ဘော်ဒီ ပြုပြင် ခြင်း နှင့် ဆေးမှုတ် ခြင်း၊ ကွန်ပျူတာ သုံး ဒီဇိုင်း ရေးဆွဲ ခြင်း နှင့် ထုတ်လုပ် မှု ဘာသာ ရပ်များ ကို သင်ကြား ပို့ချ ပေးလျက် ရှိသည်။ သင်တန်း ကာလ မှာ တစ်နှစ် ဖြစ်ပြီး သင်တန်း ဆင်း များ အနေဖြင့် ဝန်ကြီး ဌာနများ နှင့် ပြင်ပ ပုဂ္ဂလိက စက်ရုံများ တွင် အလုပ် အကိုင် များ ရရှိ လျက် ရှိကြောင်း သိရှိ ရသည်။

ထိုမှ တစ်ဆင့် နိုင်ငံတော် သမ္မတ သည် မင်းလှ မြို့နယ် မလွန်မြို့ ရှိ အမှတ် (၁၇) အကြီးစား စက်ရုံ (မလွန်) သို့ ရောက်ရှိ ရာ စက်မှု ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမျိုးအောင် က စက်ရုံ တည်ထောင် ခဲ့မှု နှင့် ဇွဲ လယ်ထွန် စက်များ အပါ အဝင် ယာဉ် နှင့် စက် အမျိုးမျိုး ထုတ်လုပ် နေမှု၊ ဈေးကွက် လိုအပ်ချက် အပေါ် မူတည်၍ ထုတ်လုပ် ရောင်းချ မည့် အခြေ အနေ တို့ကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး များ က ထုတ်လုပ် မှု တိုးတက် ရေး အတွက် ဖြည့်စွက် ရှင်းလင်း တင်ပြ ကြသည်။

နိုင်ငံတော် သမ္မတ က ရှင်းလင်း တင်ပြ မှုများ အပေါ် မှာကြား ရာတွင် စက်ရုံ အနေဖြင့် အရည် အသွေး ကောင်း စက်ပစ္စည်း များ ကို ထုတ်လုပ် ရန် လိုအပ် ကြောင်း၊ လမ်းကြိတ် စက်များ ကို ဆောက်လုပ် ရေး လုပ်ငန်း များ တွင် တွင်ကျယ် စွာ သုံးစွဲ နိုင်ရေး အတွက် ဆောက် လုပ်ရေး ဝန်ကြီး ဌာန နှင့် ချိတ် ဆက် ဆောင်ရွက် သွားရန် လိုအပ် သကဲ့သို့ ဆန်စက် ငယ်များကို တောင်သူ များ တွင်ကျယ် စွာ အသုံးပြု နိုင်ရေး အတွက် မွေးမြူရေး၊ ရေ လုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုး ရေး ဝန်ကြီး ဌာနနှင့် ဆက်သွယ် ဆောင်ရွက် ရန် ဖြစ်ကြောင်း၊ စက်ရုံ ကို ခေတ်မီ တိုးတက် အောင် အဆင့် မြင့်တင် သွားရန် နှင့် သုံးစွဲ သူများ ကြိုက်နှစ် သက်အောင် ထုတ်လုပ် သွားရန် မှာကြားပြီး စက်ရုံ မှ ထုတ်လုပ် သည့် စက်နှင့် ယာဉ်များ၊ အလုပ် ရုံ များ အတွင်း လုပ်ငန်း ဆောင်ရွက် နေမှု များ ကို လှည့်လည် ကြည့်ရှု သည်။

အဆိုပါ စက်ရုံ ကို ၁၉၆၆ ခုနှစ် တွင် ယခင် ချက်ကို စလို ဗက်ကီးယား နိုင်ငံ မိုတိုကော့(ဖ်) ကုမ္ပဏီ နှင့် ပူးပေါင်း ၍ စတင် တည်ထောင် ခဲ့ပြီး ၁၉၆၇ ခုနှစ် တွင် စတင် ကုန်ထုတ် လုပ် ခဲ့သည်။ စက်ရုံ မှ မြင်းကောင်ရေ (၅၀)၊ (၈၀) နှင့် (၉၀) ရှိ ဇွဲလယ် ထွန်စက် များ၊ (၂) တန် နှင့် (၄) တန် လက်တွန်း ထွန်စက် နောက်တွဲ ယာဉ်များ၊ (၁၀) တန် နှင့် (၂၅) တန် သုံးဘီး လမ်း ကြိတ်စက် များ၊ ဆန်စက် ငယ် အမျိုးမျိုး၊ စပါး ခြွေလှေ့ စက် နှင့် သုံးဘီး မော်တော် ဆိုင်ကယ် များ ကို ထုတ်လုပ် လျက် ရှိကြောင်း သိရှိ ရသည်။

နိုင်ငံတော် သမ္မတ သည် ညနေ ပိုင်း တွင် ဧရာဝတီ တံတား (မလွန်) ကို ဖြတ်သန်း ကြည့်ရှု သည်။ ထို့နောက် စီမံကိန်း ရှင်းလင်း ဆောင်၌ ဆောက် လုပ် ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် က ဧရာဝတီ တံတား (မလွန်) တည်ဆောက် ဖွင့်လှစ် ခဲ့မှု၊ တံတား နှင့် ဆက်စပ် နေသော လမ်းများ အခြေ အနေ၊ ယခု ဘဏ္ဍာ နှစ် တွင် တည်ဆောက် ဆဲ တံတားကြီး များ၏ လုပ်ငန်း တိုးတက်မှု နှင့် လာမည့် ဘဏ္ဍာနှစ် တွင် တည်ဆောက် မည့် ပေ (၁၈၀) နှင့် အထက် တံတား များ စာရင်း ကို ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က တံတား များ အတွက် သံပေါင် များ ထုတ် လုပ် ပေးနေ မှုကို ရှင်းလင်း တင်ပြ သည်။

နိုင်ငံတော် သမ္မတ နှင့် အဖွဲ့ဝင် များသည် ညနေပိုင်း တွင် မကွေး မြို့မှ တစ်ဆင့် အထူး လေယာဉ် ဖြင့် နေပြည်တော် သို့ ပြန်လည် ရောက် ရှိသည်။ ဧရာဝတီ တံတား (မလွန်) ကို ၂၀၁၃ ခုနှစ် မေလ (၁၁) ရက် တွင် ဖွင့်လှစ် ခဲ့ပြီး တံတား အရှည်မှာ (၃၂၁၅) ပေ ရှိသည်။ တံတား ကြီး တွင် ကားလမ်း နှစ်လမ်း နှင့် ရထား လမ်း တစ်လမ်း ပါဝင် သည်။ ယခု ဘဏ္ဍာနှစ် တွင် နိုင်ငံ တစ်ဝန်း တည်ဆောက် လျက် ရှိသော တံတားကြီး များမှာ (၂၃) စင်းရှိပြီး လာမည့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာ နှစ် တွင် တည်ဆောက် မည့် ပေ (၁၈၀) နှင့် အထက် တံတား ပေါင်း (၂၁) စင်း ရှိကြောင်း သိရှိ ရသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်