Pages

Wednesday, January 15, 2014

အွန်လိုင်း မှ ဗီဒီယို သင်ခန်းစာ များ မြန်မာ ဘာသာဖြင့် လေ့လာ နိုင်မည်



ခန်း အကယ်ဒမီ မြန်မာ ဝက်ဘ်ဆိုက် (www.khanacademyburmese.org) တွင် အလယ် တန်း၊ အထက် တန်း နှင့် တက္ကသိုလ် အဆင့်များ အတွက် ဘာသာရပ် အလိုက် သင်ကြားရေး ဆိုင်ရာ ဗီဒီယို များ ကို မြန်မာ စာတန်း ထိုး ဖြင့် ဝင်ရောက် လေ့လာ နိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ သင်ခန်းစာ များ တွင် သချာင်္၊ ဓာတု ဗေဒ၊ ရူပ ဗေဒ၊ ဇီဝ ဗေဒ၊ သမိုင်း၊ ဘောဂ ဗေဒ၊ ကွန်ပျူတာ စသည့် ဘာသာရပ် ပေါင်းစုံ ပါဝင် မည် ဖြစ်ပြီး လက်ရှိ အချိန် တွင် ဗီဒီယို သင်ခန်းစာ တစ်ရာ ခန့်ကို မြန်မာ စာတန်း ဖြင့် အခမဲ့ ကြည့်ရူ လေ့လာ နိုင်ပြီ ဖြစ်ကြောင်း အထက်ပါ ဝက်ဘ် ဆိုက် တွင် ရေးသား ထားသည်။

“ကွန်တော် တို့ရဲ့ သင်ယူမှု ပုံစံက လေ့လာ သူ အားလုံး ကို အဆင်ပြေ စေပါတယ်။ အဓိက လေ့လာ သင်ယူမှု အနေနဲ့ အသုံးပြု နိုင် သလို ထပ်ဆောင်း လေ့လာမှု အနေ နဲ့ လည်း အသုံးဝင် ပါတယ်။ တခြား သင်ယူမှု ပုံစံ တွေက အတန်း ထဲမှာ ကိုယ်တိုင် ကိုယ်ကျ သင်ယူ ဖို့ ကျောင်း အဆောက် အအုံတွေ လိုအပ် ပါတယ်။ ကျွန်တော် တို့ ကတော့ ကျောင်းတွေ ထက် ပို ထိရောက် တဲ့ ရုပ်ကြွစာသင်ခန်း ပါ။ သင် ထောက်ကူ ပစ္စည်းတွေ အသုံးပြု ပြီး အင်တာနက် ရှိရင် အုပ်စု လိုက် ဖြစ်စေ၊ တစ်ဦး ချင်း ဖြစ်စေ စာသင်ခန်း အတွင်း မှာ ရော၊ အပြင် မှာပါ တိုးချဲ့ နိုင်တဲ့ သင်ယူမှု ပုံစံ ဖြစ်ပါ တယ်” ဟု ခန်း အကယ်ဒမီ တည်ထောင် သူ Salman Khan က ပြောသည်။ ခန်း အကယ်ဒမီ သည် ကမ္ဘာ့ အဆင့်မီ ပညာရေး ပြန့်ပွား စေရန် ဗီဒီယို သင်ခန်းစာ လေးထောင် ကျော်ကို ဝက်ဘ်ဆိုက် မှ တစ်ဆင့် အင်္ဂလိပ် ဘာသာ ဖြင့် အခမဲ့ ထုတ်လွှင့် ပေး နေပြီး ဘာသာ စကား ပေါင်း ၃၀ ဖြင့် ဘာသာ ပြန်ဆို ထားပြီး ဖြစ်ကာ ယခု အခါ မြန်မာ ဘာသာဖြင့် စတင် ဘာသာ ပြန်ဆို ထုတ်လွှင့် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

7 Day News

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်