Pages

Wednesday, January 15, 2014

မွေးကင်းစ ကလေးငယ် ခုနစ်ဦး ကို ရောင်းချ သူ ဆရာဝန်မ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ် ခံရနိုင်

 
 
တရုတ် နိုင်ငံမှ အမျိုးသမီး ဆရာဝန်မ တစ်ဦး အား မွေးကင်းစ ကလေးငယ် ခုနစ်ဦး ကို ခိုးယူ ပြီး ကလေး မှောင်ခို များကို ရောင်းစား ခဲ့မှုဖြင့် သေဒဏ် ချမှတ်ခြင်း ကို ဆိုင်းငံ့ ထားလိုက် သည်။ ကျန်ဆူရှား အမည်ရှိ အဆိုပါ ဆရာဝန်မ သည် ရှန်စီ ပြည်နယ် ဖူပင်း မြို့၌ မွေးကင်းစ ကလေး ခုနစ်ဦး အား ခိုးယူ ရောင်းစားမှု ဖြင့် အပြစ်ရှိ ကြောင်း တရားရုံး က ပြောကြား သည်။ အဆိုပါ မွေးကင်း စ ကလေးများ သည် ရောဂါ ပြင်းထန်စွာ ရရှိ ထားကြောင်း ၄င်းက ကလေး မိဘများ အား ပြောကြား ခဲ့သည် ဟု တရားရုံး က ပြောသည်။ ကျန် သည် ယင်း ပြစ်မှုများ ကြောင့် သေဒဏ် ချမှတ် ခံရသည်။ သို့သော် လည်း ၄င်းအား သေဒဏ် မှ ဆိုင်းငံ့ လိုက်သည်။

တရုတ်နိုင်ငံ တွင် သေဒဏ် ဆိုင်းငံ့ ခံရသူများ အား သာမန် အားဖြင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချလေ့ ရှိသည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာ လ မှ ၂၀၁၃ ခုနှစ် ဇူလိုင် လ အထိ မွေးကင်းစ ကလေး ခုနစ်ဦး အား ခိုးယူ ပြီး လူမှောင်ခို များအား ရောင်းစား ခဲ့သည်။ ယင်းတို့ အနက် အမြွှာ ကလေး တစ်စုံ လည်း ပါဝင် သည်။ အဆိုပါ ရောင်းစား လိုက်သော ကလေး ခြောက်ဦး ကို ကယ်တင် နိုင်ခဲ့ သည်။ သို့သော် မိန်းကလေး တစ်ဦး သေဆုံး ခဲ့ရ သည်။ ကျန်သည် ဖူပင်း မိခင် နှင့် ကလေး စောင့်ရှောက်ရေး ဆေးရုံ ၌ အလုပ်လုပ် နေသူ ဖြစ်သည်။ ကလေး များ ကို ရောင်းစား သည်ဟု မိဘများ က သံသယ ရှိ သဖြင့် ရဲကို တိုင်ကြား ရာမှ အမှုမှန် ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်သည်။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်