Pages

Saturday, January 18, 2014

ကမ်းလွန် လုပ်ကွက် AD 6 တွင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ စတင် တူးဖော် မည့် ရှာဖွေရေး တွင်း အမှတ် အောင်ဇမ္ဗူ (၁) ၊ COSL - Gift (Jack up)တွင်း တူးစင် စတင် တူးဖော်ခြင်း အခမ်းအနား ကျင်းပ

ကမ်းလွန် လုပ်ကွက် AD 6 တွင် ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ စတင် တူးဖော် မည့် ရှာဖွေရေး တွင်း အမှတ် အောင်ဇမ္ဗူ (၁) ၊ COSL - Gift (Jack up)တွင်း တူးစင် စတင် တူးဖော်ခြင်း အခမ်းအနား ကို ဇန်နဝါရီ လ (၁၆) ရက်နေ့ နံနက် ပိုင်းတွင် COSL - Gift (Jack up) တွင်း တူးစင် ၌ ကျင်းပ ပြု လုပ်ရာ စွမ်းအင် ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် နှင့် ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ ရခိုင် ပြည်နယ် ဝန်ကြီး ချုပ် ဦးလှမောင်တင်၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း မှ ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် တာဝန် ရှိသူများ၊ CAL ကုမ္ပဏီ မှ ဥက္ကဌ၊ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြ သည်။
 

ရှေးဦးစွာ တွင်းတူးစင် ရှိ အစည်း အဝေး ခန်းမ၌ CAL ကုမ္ပဏီ မှ တာဝန်ရှိ သူများ က တူးဖော်ရေး ဆောင်ရွက် မည့် အခြေ အနေများ အား ရှင်းလင်း တင်ပြ ကြပြီး၊ မင်္ဂလာ အချိန် (၁၀း၅၃) နာရီ တွင် တွင်း တူးစင် ထိန်းချုပ် ရေး စက်ခန်း အတွင်း မှ ခလုတ် နှိပ်၍ တွင်းတူး ဖော်ခြင်း အား စတင် ဆောင်ရွက် ပေး ခဲ့ကြ သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဝန်ကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ် တို့က တွင်းတူးစင် ရှိ မြန်မာ့ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း မှ ဝန်ထမ်း များနှင့် ပြည်ပ ဝန်ထမ်းများ ထံသို့ သစ်သီးခြင်း လက်ဆောင် များ ပေးအပ် ၍ အားပေး စကား ပြောကြား ခဲ့ကြ သည်။

CAL ကုမ္ပဏီ သည် AD 6 လုပ်ကွက် အား ၂၀၀၇ ခုနှစ် မှ စတင် ၍ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း နှင့် ထုတ်လုပ် မှု အပေါ် ခွဲဝေ ခံစားမှု စာချုပ် ချုပ်ဆို ၍ ဆိုက်စမစ် တိုင်းတာရေး လုပ်ငန်း များ အား ဆောင်ရွက် ခဲ့ပြီး၊ သဘာဝ ဓာတ်ငွေ့ သိုက် အလား အလာ ကောင်း မွန် သဖြင့် စမ်းသပ် ရေး တွင်း စတင် တူးဖော်ခြင်း ဖြစ်ကာ အနက် ပေ (၁၁၀၇၆) ထိ တူးဖော် ရန် ရည်မှန်း ထားကြောင်း သတင်း ရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်