Pages

Saturday, January 18, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြားရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ အား လက်ခံ တွေ့ဆုံ

 
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်း စည်း ရေး ကော်မတီ ဥက္ကဋ္ဌ H.E. Mr. AHN, Hong- Joon  ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ဇန်နဝါရီ (၁၇) ရက်နေ့ နံနက် (၉) နာရီခွဲ တွင် နိုင်ငံတော် သမ္မတ အိမ်တော် ရှိ သံတမန် ဆောင် ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံ သည်။

တွေ့ဆုံစဉ် ကိုရီးယား နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အတွေ့ အကြုံ များ မျှဝေ သွားရေး၊ ကိုရီးယား ကုမ္ပဏီ များ ပိုမို လာရောက် ရင်းနှီး မြှုပ်နှံမှု ပြုရေး၊ ပညာ ရေး၊ နည်းပညာ ဆိုင်ရာ အကူ အညီများ ပေးရေး၊ ကိုရီးယား နိုင်ငံမှ အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်း များ လာရောက် လုပ်ကိုင် ခွင့် ရရှိရေး နှင့် အလုပ် အကိုင် အခွင့်အလမ်း ဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း ၍ ဆွေးနွေး ခဲ့ကြ သည်။

ယင်းတွေ့ဆုံပွဲ သို့ နိုင်ငံတော် သမ္မတ နှင့် အတူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဒုတိယ ဝန်ကြီး ဦးသန့်ကျော် နှင့် တာဝန် ရှိသူ များ တက်ရောက် ကြပြီး ဧည့်သည်တော် ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်း ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ ကိုရီးယား သံ အမတ်ကြီး လည်း တက်ရောက် သည်။

ကိုရီးယား သမ္မတ နိုင်ငံ အမျိုးသား လွှတ်တော် ၏ နိုင်ငံခြား ရေး နှင့် ပေါင်းစည်းရေး ကော်မတီ ဥက္ကဋ္ဌ ၏ ခရီးစဉ် တွင် Korea International Cooperation Agency (KOICA) မှ ဒုတိယ ဥက္ကဋ္ဌ နှင့် တာဝန် ရှိသူ များ လိုက်ပါ လာပြီး ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အပါ အဝင် လူ့ စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက် ရေး၊ ကျန်းမာရေး ဆိုင်ရာ ကဏ္ဍများ တွင် ကူညီ ဆောင်ရွက် ပေးနိုင်ရေး တို့ အတွက် လေ့လာ သွားမည် ဖြစ်ကြောင်း သိရှိ ရ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်