Pages

Friday, January 17, 2014

နိုင်ငံတော် သမ္မတကြီး မကွေး မြို့သို့ ရောက်ရှိစဉ် အငြိမ်း စား ကျောင်းဆရာမ တစ်ဦး က ၎င်း၏ နေအိမ် ဖျက်သိမ်း ခံရမှု နှင့် ပတ်သက် ၍ အသနား ခံစာ ပေးရန် ကြိုးပမ်းမှု ဖြစ်ပေါ်

မကွေး မြို့ မြို့တော် ခန်းမ တွင် ဇန်န၀ါရီ ၁၆ ရက် နံနက် က ကျင်းပ ခဲ့သည့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်း အနား မှ နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် ပြန်လည် ထွက်ခွာ လာစဉ် အငြိမ်းစား ကျောင်း ဆရာမ တစ်ဦး က ၎င်း ၏ နေအိမ် ဖျက် သိမ်း ခံရမှု နှင့် ပတ်သက် ၍ အသနား ခံစာ ပေးရန် ကြိုးပမ်းမှု ဖြစ်ပေါ် ခဲ့ကြောင်း ကိုယ်တိုင် မြင်တွေ့ ခဲ့ရသူ များ ထံမှ သိရ သည်။

အငြိမ်းစား ကျောင်း ဆရာမ ဒေါ်သန်းမြင့် က ၎င်း နေထိုင် ခဲ့ရာ မကွေး မြို့ လမ်းမတော် အလယ် ရပ် ၃ လမ်း အမှတ် ၂၃ ရှိ အလျား ၁၀၇ ပေ၊ အနံ ၆၅ ပေ အကျယ် ရှိ အိမ်ဝိုင်း အတွင်းမှ ပျဉ်ထောင် အိမ် အား ၂၀၁၂ ခုနှစ် သြဂုတ် လအတွင်း က တရားရုံး ၏ အမိန့် ဖြင့် ဖျက်ပေး ခဲ့ရခြင်း နှင့် ပတ်သက် ၍ သမ္မတ ကြီး ထံ အသနား ခံစာ ပေးရန် ကြိုးပမ်း ခဲ့ခြင်း ဖြစ်သည်။

“သမ္မတ ကြီး ခန်းမ ထဲက ထွက်ပြီး ကားပေါ် တက်နေ တုန်း အမျိုးသမီး တစ်ဦးက မတရား ခံနေ ရတဲ့ ကိစ္စ တစ်ခု သမ္မတ ကြီး ကို တင်ပြ ချင်လို့ ခဏ တွေ့ ခွင့် ပေးပါ ဆိုပြီး အော်ပြော နေလို့ ရဲမေ တွေ က ကားနဲ့ တင်ခေါ် သွားတာ သမ္မတ ကြီး က အဲဒီ အမျိုးသမီး တင်ပြ ချင်တာ ကို ညှိနှိုင်း ပေးဖို့ နဲ့ အပြစ်ပေး အရေးယူ တာတွေ မလုပ်ဖို့ မကွေး တိုင်း အစိုးရ အဖွဲ့ဝင် တစ်ဦး ကို ကားပေါ် ကနေ မှာ သွားတယ်” ဟု ဖြစ်စဉ် အား မြင်တွေ့ လိုက်သူ တစ်ဦး က ပြော ကြား သည်။

အဆိုပါ အငြိမ်းစား ကျောင်း ဆရာမ နေထိုင် ရာ မကွေးမြို့ ဆားစည် ရပ် ၃ လမ်း အတွင်း ရှိ တဲအိမ် သို့ မကွေးတိုင်း အစိုးရ အဖွဲ့ဝင် များ စုံစမ်း စစ်ဆေးရေး ရုံး တာဝန် ရှိသူများ နှင့် ပြန်ကြား ရေး ရုံး တာဝန် ရှိသူများ က ယင်းနေ့ ၁၂ နာရီ ခန့် က သူမ တင်ပြ လိုသည့် အကြောင်း အရာ များ အား လာရောက် မေးမြန်း ခဲ့ကြောင်း သူမ ၏ သမ္မတ ထံ ပေးမည့် အသနား ခံစာ အားလည်း ယူဆောင် သွားခဲ့ပြီး သူမ အား ကျပ်ငွေ ၅၀၀၀၀ ပေးအပ် ခဲ့ကြောင်း ကာယကံ ရှင် ဒေါ်သန်းမြင့် ထံမှ သိရ သည်။

Eleven Media Group

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်