စစ်ကိုင်းတိုင်းဒေသကြီး
အထက်ပိုင်း မဲဇာဘူတာမှ ကချင်ပြည်နယ်အစ နန့်စီးအောင်ဘူတာအထိ
မီးရထား သံလမ်းပိုင်းတွင် မကြာခဏ ဖောက်ခွဲဖျက်စီးမှုများ ရှိနေ၍ ညမဖြတ်ရ
အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားေ ကြာင်း သိရသည်။
အဆိုပါ အမိန့်တွင် မီးရထားသံလမ်း ဘေးဝဲယာ (၇၅)ပေအတွင်း ပါဝင်ပြီး ကျေးရွာ ဧရိယာများ၊ မြို့ပြ ဧရိယာများနှင့် ဘူတာဝန်းကျင် ဧရိယာများမပါဝင်ဘဲ ည(၈း၀၀)နာရီမှ မနက် (၅း၀၀)နာရီ အထိ အကျုံးဝင် သည်ဟု စုံစမ်းသိရှိရသည်။ ''စာကိုတော့ (၁၆)ရက်နေ့မှ စထုတ်ပါတယ်။ ကျွန်တော်တို့ဆီကိုတော့ (၁၈) ရက်နေ့မှ ရောက်ပါတယ်။ ဇန်န၀ါရီလ (၁၆)ရက်ကနေ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ အထိလို့ သတ်မှတ် ထားပါတယ်။ ဒီကြားထဲမှာလည်း အခြေအနေအရ အတိုးအလျော့ ရှိနိုင်ပါတယ်။ သံလမ်းနဲ့ နီးစပ်ရာ ရွာတွေမှာလည်း ကြေငြာချက်တွေ ထုတ်ပြန်ပြီးသွားပါပြီ'' ဟု အင်းတော်ဘူတာမှ မီးရထားတာဝန်ရှိသူ တစ်ဦးက ဖြေကြားခဲ့သည်။
အဆိုပါပုဒ်မ ၁၄၄ကို နန့်စီးအောင် ဘူတာမှ မဲဇာဘူတာအထိ (၇)ဘူတာ ထုတ်ပြန်ထားကြောင်း သိရှိ ရပြီး မြစ်ကြီးနားနှင့် နန့်စီးအောင်ကြားတွင် ၎င်းပုဒ်မ ၁၄၄ ထုတ်ပြန်ထားခဲ့ခြင်း မရှိကြောင်း သက်ဆိုင်ရာ ၀န်ထမ်းများက ပြန်လည်ဖြေကြားခဲ့သည်။
No comments:
Post a Comment