Pages

Friday, February 1, 2013

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရန် ပြင်ဆင် နေသော်လည်း မိမိတို့ ရည်မှန်းချက် အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဟု KIA ပြော


လိုင်ဇာ ဖေဖော်ဝါရီ ၁
 
အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမည့်အဖွဲ့နဲ့ KIOအဖွဲ့တို့ တွေ့ဆုံဆွေးနွေးဖို့ KIA ဘက် က ပါဝင်မယ့် ကိုယ်စားလှယ်တွေရွေးချယ်နေပါတယ်။ ဒီဆွေးနွေးပွဲဟာ ကမ္ဘာကအာရုံစိုက်နေတဲ့ေ ဆွးနွေး ပွဲ တစ်ခု ဖြစ်နေလို့ KIA ဘက်က ဆွေးနွေးဖို့သဘောတူခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ ပတ် သ က် လို့ KIA ဒုတိယ စစ်ဦးစီးချုပ်အက်အစ်ဂွမ်မော်က KIA တပ်ဖွဲ့က တပ်မဟာမှူးတွေ၊ တပ်ရ င်း မှူးေ တွ ကို တွေ့ဆုံပြီး ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က တပ်မဟာ(၅)ဌာနချုပ် မှာတွေ့ဆုံ   ပြော ဆိုခဲ့ရာ မှာေ တာ့. .. KIO/KIA အနေနဲ့ အစိုးရနဲ့တွေ့ဆုံဆွေးနွေးပွဲ တွေ ဘယ်လိုပဲကျင်းပ ကျင်း ပ..လက် နက် ကိုင် လမ်းစ ဉ် ကိုစွန့်လွှတ်မှာမဟုတ်တဲ့အပြင် ဆွေးနွေးပွဲကာလအတွင်း မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထား မှာမ ဟုတ် ဘူးလို့ပြောဆိုခဲ့ပါတယ်။
 


KIAတပ်မတော်အတွက် ခရာဘွမ်ကျဆုံးခြင်းဟာ ဗဟိုဌာနချုပ်ကျဆုံးခြင်းဖြစ်လို့ လိုင်ဇာဌာနချုပ် ထပ်မံ ကျဆုံးခြင်းမရှိအောင်ပြင်းပြင်းထန်ထန်ကာကွယ်ကြရမည်လို့လဲ အက်စ်ဂွမ်မော်ကပြောဆိုပါတယ်။ မိမိတို့ရဲ့ ကချင်တိုင်းရင်းသားတွေအနေနဲ့ ဗမာစစ်တပ်အပေါ် နာကျည်းမုန်းတီး စိတ်ဝင်နေအောင်   နှိုးေ ဆ်ာကြဖို့အတွက်လဲ  ထည့်သွင်းပြောကြားခဲ့ပါတယ်။ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးနေပေမယ့် မိမိရ ည် မှန်း ချက်အတိုင်း ဆက်လက်လုပ် သွားမှာမို့ အစိုးရတပ်တွေရဲ့   နောက်တန်း ဌာနချုပ်တွေ ကို ပြောက်ကျား အဖွဲ့တွေနဲ့ ၀င်ရောက်တိုက်ခိုက်ပြီး မိုင်းထောင်ဖျက်ဆီးမှုတွေပြုလုပ်ဖို့နဲ့ အစိုးရဘက်ေ တာ် သားဖြစ်နေ တဲ့ က ချင်ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်ဖို့ အစီအစဉ်တွေရေးဆွဲခဲ့တယ်လို့ အ စည်း အဝေးတ က်ေ ရာက်ခဲ့တဲ့ KIA တပ်ရင်းမှူး တစ်ဦးက ပြောဆိုခဲ့ပါတယ်။
 
ဆွေးနွေးပွဲမှာ ပင်လုံစာချုပ်ကိုအကြောင်းပြထားမှာဖြစ်ပေမယ့် အဓိကအချက်ကတော့ ကချင်ပြည် သူ့ သမ္မတနိုင်ငံထူထောင်နိုင်ရေးနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ဆက်လက် ရပ်တည်ရေးကို အဓိ က ထား ဆွေးနွေးမှာဖြစ်တယ်လို့လဲ အက်စ်ဂွမ်မော်ကပြောဆိုပါတယ်။ စစ်တပ်ဘက်က အပစ်အခတ်ေ တွရပ်စဲနေချိန်မှာ လည်း မိမိတို့KIA တပ်တွေထဲက အင်အား အလွန်နည်း တဲ့တပ်တွေ ကို ပြန်လည်စုပေါင်းပြီး အင်အားတောင့်တင်း အောင် လုပ်ဆောင်ကြဖို့နဲ့   ပြောက် ကျားစ နစ်အသုံးပြုပြီး တိုက်ပွဲ ၀င်ရမှာဖြစ်လို့ လက်နက်ခဲယမ်းနဲ့လူသစ်တွေ စုဆောင်းရှာဖွေကြဖို့ မှာကြားခဲ့ပါတယ်။ မိမိတို့ KIA အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲဟာ အယောင်ပြဆွေးနွေးတာဖြစ်လို့ မိမိတို့ KIAတပ်မတော်ရဲ့ ရည်မှန်းချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ်ဂွမ်မော်က အသိပေးခဲ့တယ်လို့ လိုင်ဇာမှာလာတဲ့ သတင်းတွေအရ သိရှိရပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်