Pages

Saturday, February 9, 2013

Online စာမျက်နှာများ တိုက်ခိုက်ခံရမှု နည်းပညာကဏ္ဍကို စိန်ခေါ်


ပြည်သူများအတွက် သတင်းအချက်အလက်ဆိုင်ရာ အဓိကအားထားရသည့် သမ္မတရုံး Website နှင့် The Voice Weekly, Eleven Media Group စသော ပြည်သူ့ဝန်ဆောင်မှု Online မီဒီယာ စာမျက်နှာများကို ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အဆက်မပြတ် တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ခြင်းကြောင့် အရှိန်ယူ ဖွံ့ဖြိုးစ ပြုလာသော ပြည်တွင်း အိုင်တီကဏ္ဍနှင့် အစိုးရ၏ အဓိက စီမံကိန်းတစ်ရပ်ဖြစ်သော e-Government ဖော်ဆောင်ရေးအတွက် ကြီးစွာသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီး အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ 


“အင်စတီကျူးရှင်းပိုင်း အားနည်းတာ၊ ဆိုက်ဘာမှုခင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာ တွေ့ရတယ်။ အဲ့ဒါကို အစိုရ၊ ပညာရှင်နဲ့ မီဒီယာတွေ အပါအဝင် အားလုံး စုံစုံညီညီ ဆွေးနွေးအဖြေရှာဖိုပ လိုပါတယ်” ဟု Online လုံခြုံရေးနှင့် ပတ်သက်၍ သုံးသပ်ပြောကြားပြိး အဆိုပါ တိုက်ခိုက်မှုများမှာ စီအိုင်အေနှင့် ပင်တဂွန်ကဲ့သို့သော ကမ္ဘာကျော်ဌာနကြီးများပင် အဆက်မပြတ် ကြုံတွေ့နေရသော နည်းပညာ စိန်ခေါ်မှုတစ်ရပ် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။ ပြည်တွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် Eleven Media Group Website ကို Red-Army-Team အမည်ခံ ဟက်ကာများက ဇန်နဝါရီလအတွင်း တိုက်ခိုက်ခဲ့ပြီး The Voice Weekly၊ Eleven Media Group စသည့် သတင်းမီဒီယာများ၏ Facebook စာမျက်နှာနှင့် သမ္မတရုံး Website များကို ဖေဖော်ဝါရီလ ပထမပတ်အတွင်း ထပ်မံတိုက်ခိုက် ခံခဲ့ရကြောင်း အဆိုပါ Website စာမျက်နှာများကို တာဝန်ယူထားသူများ၏ ပြောကြားချက် အရ သိရသည်။ “မီဒီယာတွေကို ဦးတည်တိုက်ခိုက်တာတော့ မကောင်းဘူးပေါ့။ ဒါပေမယ့် မတိုက်အောင် လုပ်လို့မရဘူး။ အတိုက်မခံရအောင်ဘဲ ကိုယ့်ဘက်က ကာကွယ်ရမှာ” ဟု အိုင်တီပညာရှင် တစ်ဦးလည်းဖြစ်သူ ဘလော့ဂါ ကိုညီညီသံလွင်က ပြောကြားခဲ့သည်။ ပြည်တွင်းမီဒီယာများ၏ Online စာမျက်နှာများကို တိုက်ခိုက်မှုများအတွက် ဆွေးနွေးရန် သတင်းကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Khit Lu Nge

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်