Pages

Friday, January 17, 2014

ဒေါ်စု အတွက် မမျှော်မှန်း နိုင်လောက်အောင် ကို ခက်ခဲ လာတော့မယ်

 
 
ဗုဒ္ဓဘာသာ နိုင်ငံမှာ သံဃာ နဲ့ ထိပ်တိုက် တွေ့ရင် ထိလိမ့်မယ်၊ သံဃာ အင်စတီးကျူးရှင်း ကို အထင် သေးရင် ကွဲပါမယ် ပြောတုန်း က ဒီလောက် တော့ မှုစရာ မလို ပါဘူး။ NLD အနေ အထိုင် ရွေ့သွား စရာ မရှိပါဘူး။ သက်သက် ချောက်ချ နေတာပါ လို့ အပြောခံ ခဲ့ရဖူး တယ်။ အခု သံဃာ့ ညီလာခံ က ကြေညာချက် ထုတ်လိုက်တယ်။ ကြေညာချက် ၂ မှာ တိုက်ရိုက် မဆို ထားပေမယ့် သုံးနှုန်း ထားတဲ့ စကားလုံး ဟာ ၅၉ (စ) ကို ပြင်ဖို့ သံဃာ ဘက်က လက်ခံ တော့မှာ မဟုတ်ဘူး လို့ ငြင်းပယ် လိုက်ပြီ။

စစ်တပ်၊ သံဃာ့ အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီ အင်စတီ ကျူးရှင်း ၃ ခု။ စစ်တပ် ရဲ့ တစ်သွေး တစ်သံ တစ်မိန့် ဖွဲ့စည်းပုံ နဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် လာတဲ့ သံဃာ့ ဖွဲ့စည်းပုံ အင်စတီ ကျူးရှင်း၂ ခု ဟာ အခိုင်အမာ ရှိတယ်။ နိုင်ငံရေး ပါတီ ဘက် အခု ချိန်ထိ ခိုင်မာမှု ကို အသေ အချာ မပြ နိုင်သေး ဘူး။ ဒေါ် အောင်ဆန်း စုကြည် ရဲ့ ပါဝါ သိပ်တက် နေချိန် မှာ စစ်တပ် နဲ့ အစိုးရ ဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ပတ်သက် လို့ လေသံ ပျော့သွား တယ်။ ၅၉(စ) ကိုပါ ထည့်ပြင် မလား ဆိုတဲ့ သဘောထား ပျော့ပြောင်း တဲ့ အမူအရာ တွေ ရှိလာ ခဲ့တယ်။ ဒါပေမယ့် အခု သံဃာ ဘက် က မီးစိမ်းပြ လိုက်ပြီ။ ၅၉(စ) ကို ပြင်ဆင် ဖို့ ငါတို့ မထောက်ခံ တော့ဘူး တဲ့။ ပါဝါ ဂိမ်းမှာ အင်အား ကြီး အဖွဲ့အစည်း တစ်ခု ကိုယ့် ဘက်ပါ လာတော့ နဂို ကတည်း က ပြင်ဆင် ဖို့ စိတ်မပါ တဲ့ စစ်တပ် ဘက်က ဘယ်လို မှ အလျှော့ပေး တော့မှာ မဟုတ် ဘူး။

၅၉ (စ) ကိစ္စ အသံ မထွက်လာ ခင် ကတည်းက အွန်လိုင်း ပေါ်က ဒီမို ဆိုသူတွေ ရဲ့လုပ်ရပ် ကို မရှင်းလင်း နိုင်ဘူး ဆိုရင် NLD ပြဿနာ တက်လိမ့် မယ် ပြောခဲ့ဖူး တယ်။ အဲဒီ တုန်း ကလည်း မပြင်ဆင် တဲ့ အပြင် ပြောတဲ့ သူကပဲ ချောက်ချ နေသယောင် ပြော ခဲ့တယ်။ အခု တကယ် လည်း သံဃာ့ အဖွဲ့အစည်း က ကြေညာ ချက် ထုတ်လာ တယ်။ စစ်တပ် နဲ့ သံဃာ အင်စတီ ကျူးရှင်း နှစ်ခု ကျောချင်း ကပ်သွား တယ်။ အဲဒီအခါ မှာ လည်း သူတို့ ဘက်က အရေး အသားနဲ့ တစ်ခြား လူတွေ အကုန်လုံး က NLD နဲ့ ဒေါ်အောင်ဆန်း စုကြည် ကို အပုပ်ချ နေတာ ပါ ဆိုတဲ့ လေသံက မပြောင်း လဲ သွားသေး ပြန်ဘူး။ သံဃာ့ အဖွဲ့အစည်း ဟာ ကိုယ်နဲ့ မဆိုင် တာတွေ လျှောက်လုပ် နေပါတယ် ဆိုတဲ့ စကားသံ တွေကို ပါ ထပ်ပြော လာတယ်။ ကိုယ့်ဘက် မပါမှန်း သိလာတဲ့ အခါမှာ ထိပ်တိုက် မတိုးသင့် တဲ့သူတွေ ကိုတောင် ရန်သူ အသွင် ဆောင် လာတယ်။ ဒီ လူတွေ ရှေ့ဆက် တိုးပါလိမ့် ဦးမယ်။ လက်ရှိ အခြေအ နေ ကို မမြင်နိုင် လောက်အောင် ဘက် အစွဲ ဆက်ဖုံး နေပါလိမ့် ဦးမယ်။

ဒီပုံစံ နဲ့ဆို NLD နဲ့ ဒေါ်အောင်ဆန်း စုကြည် ကျော်ဖြတ် ရမယ့် ခရီးလမ်း ဟာ မမျှော်မှန်း နိုင်လောက် အောင်ကို ခက်ခဲ လာတော့ မယ် ဆိုတာကို မြင်အောင် ကြည့်ကြ စေချင် တယ်။ ပြောတဲ့ သူကို ကက်ကက် လန် အောင် ရန်တွေ့မယ့် အစား ဘာလို့ ဒီ အခြေ ရောက်လာလဲ ဆို တာကို သုံးသပ် ကြည့်စေချင် တယ်။

Thurein Hlaing Win

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်