Pages

Friday, January 17, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မကွေးတိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်း အနားနှင့် မြေ လတ် သား အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမ အသင်း လီမိတက် ၏ နှမ်း အခွံချွတ် နှင့် နှမ်းလှော် ဆီမွှေး စက်ရုံ ဖွင့်ပွဲ အခမ်း အနား သို့ တက်ရောက် အားပေး

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်  ဇန်နဝါရီ၊ ၁၆ ရက်နေ့ နံနက်ပိုင်း တွင် မကွေး မြို့၌ ကျင်းပ သည့် မကွေး တိုင်း ဒေသ ကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်းအနား နှင့် မကွေး မြို့ မြေလတ် သား အထွေထွေ စီးပွား ရေး လုပ်ငန်း သမ ဝါယမ အသင်း လီမိတက် ၏ နှမ်းအခွံ ချွတ် နှင့် နှမ်းလှော် ဆီမွှေး စက်ရုံ ဖွင့်ပွဲ အခမ်း အနား သို့ တက်ရောက် အားပေး ချီးမြှင့် သည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတ သည် နံနက် (၈) နာရီ တွင် မကွေးမြို့သို့ အထူး လေယာဉ် ဖြင့် ရောက်ရှိ ရာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် ဝန်ကြီး များ၊ တပ်မတော် အရာရှိကြီး များ၊ ဌာန ဆိုင်ရာ တာဝန် ရှိသူများ၊ ကျောင်းသား ကျောင်းသူ များက မကွေး လေဆိပ် ၌ ကြိုဆို နှုတ်ဆက် ကြ သည်။ အလားတူ မကွေး မြို့မှ ဒေသခံ ပြည်သူ များ ကလည်း မြို့အဝင် လမ်းနှင့် မြို့တွင်း လမ်း တစ်လျှောက် လှိုက်လှဲ စွာ ကြိုဆိုနှုတ် ဆက် ကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ သည် မကွေး မြို့ မြို့တော် ခန်းမ၌ ကျင်းပ သည့် မကွေး တိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့်တင်ရေး အခမ်း အနား သို့ တက်ရောက် ၍ အမှာ စကား ပြောကြား သည်။

အခမ်းအနား သို့ ပြည်ထောင်စု ဝန်ကြီး များ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝန် ကြီးများ၊ လွှတ်တော် ကိုယ်စား လှယ် များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ တိုင်း ဒေသကြီး အတွင်းရှိ သမဝါယမ အသင်း များမှ အသင်းဝင် များ၊ လူမှုရေး အသင်း အဖွဲ့ဝင် များနှင့် ဒေသခံ ပြည်သူ များ တက်ရောက် ကြသည်။ အခမ်းအနား တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က အဖွင့် အမှာ စကား ပြောကြား သည်။

ထို့နောက် သမဝါယမ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း က အသေးစား ချေးငွေများ ထုတ်ချေး ပေးမှုနှင့် စက် ကိရိယာနှင့် ပစ္စည်းများ ပံ့ပိုး ပေး နေမှုကို ရှင်းလင်း တင်ပြ ရာတွင် ယနေ့ အခမ်း အနား၌ မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးလက် နှင့် မြို့ပြနေ အခြေခံ ပြည်သူ များ အတွက် ဆောင်း သီးနှံ အသေးစား ချေးငွေ များ ပံ့ပိုး ပေးပြီး လယ်ယာ သုံးနှင့် လုပ်ငန်း သုံး စက်ကိရိယာ များ ကိုလည်း အရစ်ကျ ငွေချေ စနစ်ဖြင့် ရောင်းချ ပေး သွားမည် ဖြစ်ပါ ကြောင်း၊ အလားတူ ကျန်တိုင်း ဒေသကြီး နှင့် ပြည်နယ် များရှိ ကျေးလက် နေ ပြည်သူ များ အတွက် ဆောင်း သီးနှံ အသေး စား ချေးငွေ ပေါင်း (၃၇၃၆၁၅ ဒသမ ၇၇) သိန်း ကိုလည်း ယခု ဇန်နဝါရီ လ အတွင်း ဆက်လက် ထုတ်ချေး ပေးသွား မည် ဖြစ်ပါကြောင်း။ ဝန်ကြီး ဌာန အနေဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာ လမှ စတင်ပြီး ပြည်သူ များ၏ အရင်း အနှီး အတွက် ကျပ် သန်းပေါင်း (၁၁၆၀၅၃ ဒသမ ၀၉၈) သန်းကျော် ထုတ်ချေး ပေး ထားပြီး တန်ဖိုး ငွေ ကျပ် သိန်းပေါင်း (၂၆၅၀၀ ဒသမ ၉၄၂) သိန်းရှိ လယ်ယာ သုံး၊ လုပ်ငန်း သုံး ယာဉ် နှင့် ပစ္စည်း၊ ရေ လုပ်ငန်း သုံး ပစ္စည်း စုစုပေါင်း အရေ အတွက် (၂၉၈၁) ခု ကိုလည်း အရစ်ကျ ငွေချေ စနစ်ဖြင့် ရောင်းချ ပေးပြီး ဖြစ်ပါ ကြောင်း၊ အသေး စား ချေးငွေ လုပ်ငန်း ကို ပြည်သူ များ အတိုးကြီး ပေး၍ ငွေချေး ယူနေ ရသည့် အခြေ အနေ မှ လတ်တလော သက် သာလာ စေရန် နှင့် နောင် ( ၄/၅ ) နှစ် အတွင်း တွင် ငွေချေး ယူစရာ မလိုတော့ ဘဲ မိမိ ပိုင်ငွေဖြင့် မိမိ လုပ်ငန်း လုပ်နိုင် လာစေ ရန်၊ ထိုမှ တစ်ဆင့် ဆက်လက် ဖွံ့ဖြိုး တိုးတက် သည့် Sustainable Development ဖြစ်လာ စေရန် ရည်မှန်းချက် ထား ဆောင်ရွက် ပေးနေ ခြင်း ဖြစ်ပါ ကြောင်း ဖြင့် ရှင်းလင်း တင်ပြ သည်။

ဆက်လက် ၍ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ က တိုင်း ဒေသကြီး အတွင်း ကျေးလက် ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှု စီးပွား ဘ၀ မြှင့် တင် ရေး လုပ်ငန်း များ ဆောင်ရွက် နေမှုကို ရှင်းလင်း တင်ပြ ရာတွင် တိုင်း ဒေသကြီး အတွင်း မြို့နယ် များရှိ သမဝါယမ အသင်း (၄၈၉) သင်း အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လတွင် ကနဦး မတည် ငွေကျပ် (၁၂၅၆၂ ဒသမ ၉၇) သိန်း၊ ၂၀၁၃ ခုနှစ် ဇူလိုင် လတွင် ဒုတိယ အကြိမ် အဖြစ် သမဝါယမ အသင်း (၂၁၇) သင်း အား ပံ့ပိုးငွေ ကျပ်သိန်း (၅၀၀၀) ပံ့ပိုး ပေးခဲ့ ပြီး ဖြစ်ပါကြောင်း။ သမဝါယမ ဝန်ကြီး ဌာန အနေဖြင့် ကျေးလက် နေ ပြည်သူများ ကုန်ထုတ် အရင်း အနှီး ရရှိ အောင် ဆောင်ရွက် ပေးနေ သည့် အတွက် တိုင်း ဒေသကြီး အတွင်း ရှိ ပြည်သူ များ ကိုယ်စား ကျေးဇူး တင် ရှိပါ ကြောင်း၊ အသေး စား ငွေစု ငွေချေး လုပ်ငန်း ဖြင့် ဆင်းရဲ နွမ်းပါး သူများ အတွက် အမှန် တကယ် ထိရောက် အကျိုး ရှိအောင် အုပ်ချုပ် ရေး အဖွဲ့ အစည်း များ၊ ဝန်ကြီး ဌာနများ မှ ဝန်ထမ်း များ၊ လူထု လူတန်းစား အဖွဲ့ အစည်း အသီးသီး မှ ပုဂ္ဂိုလ်များ အားလုံး က ဝိုင်းဝန်း ကူညီ ဆောင်ရွက် ကြ ရမည် ဖြစ်ပါ ကြောင်း ဖြင့် ပြော ကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း နှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ် တို့က တိုင်း ဒေသကြီး အတွင်းရှိ သမဝါယမ အသင်းများ သို့ ခရိုင် အလိုက် အသေးစား ချေးငွေ များကို ပေးအပ် ပြီး ဗဟို သမဝါယမ အသင်း နှင့် သမဝါယမ ဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေး က အရစ်ကျ ပံ့ပိုးပေး သည့် လယ်ယာ သုံးနှင့် လုပ်ငန်း သုံး စက် ကိရိယာ များကို ပေးအပ် သည်။ ယင်းနောက် တိုင်း ဒေသကြီး အတွင်း ရှိ သမဝါယမ အသင်း သားများ ကိုယ်စား တိုင်း ဒေသကြီး သမဝါယမ အသင်းစု ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးစံကျော်ဝင်း က ကျေးဇူး တင်စကား ပြောကြား ပြီး အခမ်း အနား ကို ရုပ်သိမ်း လိုက် သည်။

ဇန်နဝါရီ၊ ၁၆ ရက်နေ့ အခမ်း အနား တွင် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ခရိုင် (၅) ခရိုင်၊ မြို့နယ် (၂၅) မြို့နယ်၊ အခြေခံ သမဝါယမ အသင်းပေါင်း (၆၀၆) သင်း မှ အသင်းသား (၃၅၀၇၂) ဦး သို့ ငွေကျပ် (၃၄၃၁၅ ဒသမ ၅၀) သိန်း ထုတ်ချေး ပေးနိုင် ခဲ့ပြီး ငွေကျပ် (၈၈၄၉ ဒသမ ၄၆) သိန်း တန်ဖိုး ရှိ လယ်ယာ သုံး စက် ကိရိယာ (၂၈၄) မျိုး၊ ငွေကျပ် (၁၁၇၅ ဒသမ ၈) သိန်း တန်ဖိုး ရှိ လုပ်ငန်း သုံး စက် ကိရိယာ (၂၁၅) မျိုး စုစုပေါင်း စက် ကိရိယာ (၄၉၉) မျိုး အတွက် ငွေကျပ် (၁၀၀၂၅ ဒသမ ၂၆) သိန်း ကို ပံ့ပိုး ပေးနိုင် ခဲ့ကြောင်း သိရှိရ သည်။ အခမ်း အနား အပြီး တွင် နိုင်ငံတော် သမ္မတ သည် အခမ်းအနား သို့ တက်ရောက် လာသူများ အား ရင်းရင်း နှီးနှီး လိုက်လံ နှုတ်ဆက် ပြီး သမဝါယမ ဝန်ကြီး ဌာနနှင့် သမဝါယမ အသင်း အဖွဲ့များ ၏ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက် ပေးမှု ဆိုင်ရာ ပြခန်း များ၊ သမဝါယမ အသင်းသား များ သို့ ပံ့ပိုး ပေး သည့် လယ်ယာသုံး စက် ကိရိယာ များနှင့် လုပ်ငန်း သုံး စက် ပစ္စည်း များကို လှည့်လည် ကြည့်ရှု အားပေး သည်။

ထိုမှ တစ်ဆင့် နိုင်ငံတော် သမ္မတ သည် မကွေးမြို့ မြေလတ် သား အထွေထွေ စီးပွားရေး လုပ်ငန်း သမဝါယမ အသင်း လီမိတက်၏ နှမ်း အခွံချွတ် နှင့် နှမ်း လှော် ဆီမွေး စက်ရုံ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက် အားပေး သည်။ အခမ်းအနား တွင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း က စက်ရုံမှ နှမ်းလှော် ဆီမွှေး ကို တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် ထုတ်လုပ် တင်ပို့ မည့် အခြေ အနေ များ ကို ပဏာမ ရှင်းလင်း ပြောကြား ပြီး သမဝါယမ အသင်း လီမိတက် မန်နေဂျင်း ဒါရိုက်တာ နှင့် ဒါရိုက်တာ တို့က စက်ရုံ တည်ဆောက် ခဲ့မှု၊ ကုန်ကြမ်း ရရှိမှု နှင့် ပြည်ပ သို့ တင်ပို့ ရောင်းချ မည့် အခြေအနေ တို့ကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတ က တန်ဖိုးမြှင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန် တီထွင် ကြံဆ ဆောင်ရွက်မှု မှာ အလွန် ဝမ်းမြောက် စရာ ကောင်းပါ ကြောင်း၊ ပြည်ပ သို့ ဈေးကွက် ပိုမို ချဲ့ထွင် နိုင်အောင် လည်း ကြိုးစား ဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ တောင်သူ များ၏ လူမှု စီးပွား ဘ၀ တိုးတက် မြင့်မား လာ ရေး အတွက် အခြေခံ အကျဆုံး မှာ သမဝါယမ အသင်း များ ပင်ဖြစ်ရာ ဒေသခံ တောင်သူ များနှင့် ထိတွေ့ ဆက်ဆံ ပြီး ကူညီ ဆောင်ရွက် ပေးကြ ရန် ဖြစ်ကြောင်း၊ တောင်သူ များ အနေဖြင့် စိုက်ပျိုး ရေး သာမက နေ့စဉ် ဝင်ငွေ ရရှိ စေရန် နွား မွေးမြူရေး လုပ်ငန်း ကို လည်း တွဲဖက် လုပ်ကိုင် လာကြ စေရန် စည်းရုံး ဆောင်ရွက် ကြရန် နှင့် နိုင်ငံတော် အနေဖြင့် လည်း ပြည်သူ များ နို့ သောက်သုံး သည့် အလေ့ အကျင့် ရရှိ စေရန် သမဝါယမ အသင်းများ သို့ နို့ ထုတ်လုပ်ရေး စက်များ ပံ့ပိုး ပေးသွား မည် ဖြစ်ကြောင်း ဖြင့် ပြောကြား သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ် နှင့် သမဝါယမ အသင်းစု လီမိတက် ဥက္ကဋ္ဌ ဦးအင်းယား တို့ က နှမ်း အခွံချွတ် နှင့် နှမ်းလှော် ဆီမွှေး စက်ရုံ ကို ဖဲကြိုးဖြတ် ၍ ဖွင့်လှစ် ပေးကြပြီး နိုင်ငံတော် သမ္မတ က စက်ရုံ ဆိုင်းဘုတ် ကို စက် ခလုတ် နှိပ် ၍ ဖွင့်လှစ် ပေးသည်။ ဆက်လက်၍ နိုင်ငံတော် သမ္မတ နှင့် အဖွဲ့ဝင် များ သည် စက်ရုံ အတွင်း နှမ်း လှော်ဆီမွှေး ထုတ်လုပ် နေမှုနှင့် မကွေး တိုင်း ဒေသကြီး သမ ဝါယမ အသင်းစု ချုပ် ၏ တန် (၃၀) ဆီစက် တို့ကို လှည့်လည် ကြည့်ရှု ကြသည်။ အဆိုပါ နှမ်း အခွံချွတ် နှင့် နှမ်းလှော် ဆီမွှေး စက်ရုံ မှ တန်ဖိုးမြှင့် ကုန်ချော ပစ္စည်း များ အဖြစ် နှမ်းများ အား လှော်၍ နှမ်းဆီမွှေး ထုတ်လုပ် ကာ ပြည်ပ သို့ တင်ပို့ ရောင်းချ လျက် ရှိပြီး နှမ်းများ အား အခွံချွတ် ၍ ပြည်ပသို့ တန်ဖိုးမြှင့် ကုန် ပစ္စည်းများ အဖြစ်လည်း တင်ပို့ ရောင်းချ လျက် ရှိကြောင်း သိရှိ ရသည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်