Pages

Friday, January 17, 2014

တောင်ဆူဒန် အစိုးရ တပ်ဖွဲ့များ နှင့် လက်တွဲ ၍ သူပုန်များ အား တိုက်နေ ဟု ယူဂန္ဓာ သမ္မတ ပြောကြား

 
 
တောင်ဆူဒန် အစိုးရ တပ်ဖွဲ့များ နှင့် လက်တွဲ ကာ တောင် ဆူဒန် သူပုန် တပ်ဖွဲ့များ အား ဆန့်ကျင် တိုက်ခိုက် မှုများ ပြုနေ ကြောင်း ယူဂန္ဓာ နိုင်ငံ သမ္မတ ယူရီ ဟူ ဆေဗီနီ က အတည်ပြု ပြောကြား ကြောင်း ဇန်နဝါရီ ၁၆ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ တောင်ဆူဒန် နိုင်ငံ မြို့တော် ဂျူဘား မြောက် ပိုင်း ၌ အောင်မြင်မှု ရရှိ ခဲ့သည့် တိုက်ပွဲကြီး ၌ ယူဂန္ဓာ တပ်ဖွဲ့ များ ပူးပေါင်း တိုက်ခိုက် ခဲ့သည် ဟု ၄င်းက ပြောကြား သည်။ ယူဂန္ဓာ တပ်ဖွဲ့ များ အနေဖြင့် အကျ အဆုံး အနည်းငယ် ရှိသော်လည်း အသေး စိတ် အချက် အလက်များ ကိုမူ ယူဂန္ဓာ သမ္မတ က ထုတ်ဖော် ပြောကြား ခြင်း မရှိပေ။ လွန်ခဲ့ သည့် လများ အတွင်းက တောင် ဆူဒန် နိုင်ငံ အစိုးရ နှင့် သူပုန်များ အကြား ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ အတွင်း ထောင်နှင့် ချီသော ပြည်သူ များ သေဆုံး ခဲ့ရသည် ဟု ယုံကြည် မှုများ ဖြစ်ပေါ် ခဲ့သော်လည်း ယူဂန္ဓာ နိုင်ငံမှ လက်နက် ကိုင် တပ်ဖွဲ့ဝင် အင်အား မည်မျှ တောင် ဆူဒန် တွင် ရှိ နေမည် ကိုမူ ရှင်းလင်း စွာ မသိရ သေးပေ။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်