Pages

Friday, January 17, 2014

ရိုဟင်ဂျာ ဆိုသည့် လူမျိုး မရှိ ကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ပြောကြား အခြား အာဆီယံ နိုင်ငံများ က ရိုဟင်ဂျာ အရေး ဖိအား ပေး လာပါက လက်ခံ မည် မဟုတ်

 
 
ရိုဟင်ဂျာ ကိစ္စ အား ၂၀၁၄ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ၏ သီးသန့် အစည်း အဝေး ၌ ဆွေးနွေး သွားရန် မရှိကြောင်း၊ ရိုဟင်ဂျာ ဟူသော အသုံး အနူန်း ကို လက် မခံ ကြောင်းနှင့် အခြား အာဆီယံ နိုင်ငံ များ က ဖိအားပေး လာပါက လက်ခံ မည် မဟုတ်ကြောင်း ကို ပုဂံမြို့ ရွှေနန်း ဟိုတယ် နန်းမြင့် ဆောင် တွင် ပြုလုပ် သော မီဒီယာ များနှင့် တွေ့ဆုံပွဲ ၌ သမ္မတ ရုံး ပြောရေး ဆိုခွင့် ရှိသူ၊ ပြန် ကြားေ ရး ဒုဝန်ကြီး ဦးရဲထွဋ် က အောက်ပါ အတိုင်း ဖြေကြား ခဲ့သည်။

`ရိုဟင်ဂျာ ဆိုတဲ့ အသုံး အနူန်း ကို ကျွန်တော် တို့ ပြည်သူ တွေ အနေ နဲ့ ရော၊ အစိုးရ အနေနဲ့ ပါ လက်မခံ ပါဘူး။ ဒါ ရိုဟင်ဂျာ နဲ့ ပတ်သက် တဲ့ ကျွန်တော် တို့ရဲ့ ရပ်တည် ချက်။ ပြောင်းလဲ စရာ မရှိဘူး။ ကျွန်တော် တို့ ဆီမှာ ဖြစ်ခဲ့တဲ့ ဘာသာ ရေး ပြဿနာ တွေကို ဖြေရှင်း ခြင်း သည် မြန်မာ နိုင်ငံ ရဲ့ ပြည်တွင်း ရေး သာ ဖြစ် တယ်။ မြန်မာ အစိုးရ နဲ့ ပြည်သူ တွေ ကသာ ဖြေရှင်း သွားမှာ ဖြစ်တယ်။ သို့သော် တခြား နိုင်ငံေ တွ မှာ ဒီလို လူ့ အသိုင်း အ၀ိုင်းကြား မှာ ဖြစ်ခဲ့တဲ့ ပြဿ နာ တွေ နဲ့ ပတ်သက် လို့ သူတို့ရဲ့ အတွေ့ အ ကြုံေ တွ ကို ပြောပြတာ မျိုး ဆိုရင်တော့ ကျွန်တော်တို့ နားထောင် မယ်။ ကိုယ့် နိုင်ငံနဲ့ ကိုက်ညီရင် ကျင့် သုံး မယ်။ ဒါပေမယ့် ကျွန်တော် တို့ ပြည်တွင်း ကိစ္စကို ဘယ်သူ ကမှ ဒီလို လုပ်ပါ စသဖြင့် ပြောဖို့တော့ အေ ကြာင်း မရှိဘူး။ အစိုးရ အဖွဲ့ရယ်၊ ပြည်ထောင်စု လွှတ်တော် ရယ်၊ ပါဝင် ပတ်သက်တဲ့ လူ အသိုင်း အ၀ိုင်း တွေ ရယ်၊ မြန်မာ ပြည်သူတွေ ကနေပြီး တော့မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင် ထဲကပဲ ဆောင် ရွက် သွားဖို့ ရှိတယ်။´

News Watch Weekly

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်