Pages

Friday, January 17, 2014

အက်ဖ် - ၃၅ စာရွက် စာတမ်းများ အီရန် သို့ ခိုးထုတ် ရန် ကြိုးပမ်းသူ ကို အမေရိကန် အာဏာပိုင် များ ဖမ်းဆီး

 
 
နည်းပညာ အဆင့်မြင့် စစ် လေယာဉ်နှင့် ဆိုင်သော စာရွက် စာတမ်းများ ကို ခိုးယူ ၍ အီရန် နိုင်ငံသို့ တင်ပို့ရန် ကြိုးစား သည်ဟု စွပ်စွဲ လျက် အီရန် ယီယန် - အမေရိကန် အင်ဂျင်နီယာ တစ်ဦး ကို အမေရိကန် အာဏာပိုင် များက ဖမ်းဆီး လိုက်ကြောင်း ကြာသပတေး နေ့ သတင်း တွင် ဖော်ပြသည်။ ဗဟို အစိုးရ ရှေ့နေများ က မိုဇာဖာ ခါဇာအီး (၅၉) နှစ် အား အက်ဖ် - ၃၅ တိုက်လေယာဉ် ၏ စာ မျက်မှာ ထောင်နှင့် ချီသော စာရွက် စာတမ်းများ ကို တရား မဝင် တင်ပို့ ရန် ကြိုးစား ခဲ့သည် ဟု စွပ်စွဲ ခဲ့သည်။ ခါဇာအီး သည် ၄င်းအား အင်ဂျင်နီယာ အဖြစ် ခန့်အပ် ခဲ့သော စစ်ဘက် ဆိုင်ရာ ကန်ထရိုက်တာ များ ထံမှ ၄င်း စာရွက် စာတမ်းများ ကို ခိုးယူ ခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေများ က ပြောကြား သည်။

၎င်းသည် စစ်ဘက် ဆိုင်ရာ ကန်ထရိုက်တာ ပရတ် နှင့် ဝှစ်နေး ၏ ဝန်ထမ်းဟောင်း တစ်ဦး ဖြစ်ပြီး စစ်ဘက် သုံး အင်ဂျင် အစိတ် အပိုင်းများ ၏ ကြံ့ခိုင်မှု ကို စမ်းသပ်ရ သည့် တာဝန် ထမ်းဆောင် ရသည်။ အမေရိကန် က ၄င်းကို ဖမ်းဆီး ခဲ့ပြီးနောက် တရားရုံး တွင် ဆက်လက် စစ်ဆေးရန် အတွက် ကွန်နက် တီကတ် သို့ လွှဲပြောင်း ပေးမည် ဟု သိရသည်။ အီရန် နိုင်ငံ သို့ ခရီးသွား မည့် ခါဇာအီး ကို နယူး ဂျာစီ ပြည်နယ် နီးဝပ် ရှိ လေဆိပ် ၌ ဇန်နဝါရီ ၉ ရက်တွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည် ဟု ရှေ့နေ ရုံး၏ ကြေညာ ချက် တွင် ဖော်ပြ ထားသည်။ ခါဇာအီး သည် အီရန် နိုင်ငံသား ဖြစ်ပြီး အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားသူ ဖြစ်သည်။ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှား ၍ ပြစ်ဒဏ် စီရင်ခြင်း ခံရလျှင် ထောင်ဒဏ် ၁၀ နှစ် ကျခံ ရ မည့် အပြင် ဒဏ်ငွေ ဒေါ်လာ ၂၅၀၀၀၀ ပေးဆောင် ရမည် ဖြစ် သည်။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်