Pages

Friday, January 17, 2014

အနည်း ဆုံး လုပ်ခ ကြေးငွေ ၂၀၁၄ မကုန်မီ ထုတ်ပြန် မည်ဟု ဝန်ကြီး ဆို

မြန်မာ နိုင်ငံတွင် ပထမ ဆုံး အကြိမ် အဖြစ် လုပ်ငန်း မျိုးစုံတွင် သတ်မှတ် မည့် အနည်းဆုံး လုပ်ခ အခ ကြေးငွေ သတ်မှတ် ချက် ကို ၂၀၁၄ ခုနှစ် မကုန် မီ ထုတ်ပြန် ပေးသွား မည် ဖြစ်ကြောင်း အလုပ် သမား၊ အလုပ် အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့် က ပြောကြား သည်။ အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရန် ဖွဲ့စည်း ထားသည့် အမျိုးသား ကော်မတီ က ဇန်နဝါရီ လ ၁၆ ရက်နေ့ တွင် နေပြည်တော် ရှိ အလုပ် သမား၊ အလုပ် အကိုင် နှင့် လူမှု ဖူလုံရေး ဝန်ကြီး ဌာန ၌ ပြုလုပ် သည့် အစည်း အဝေး တွင် အမျိုးသား ကော်မတီ ၏ ဥက္ကဋ္ဌ လည်း ဖြစ်သူ ၎င်း က ယင်းသို့ ပြော ဆိုခြင်း ဖြစ် သည်။ အနည်း ဆုံး အခ ကြေးငွေ သတ်မှတ် ရေးနှင့် ပတ်သက် ၍ အလုပ်ရှင်၊ လုပ်သား တွေ့ဆုံပွဲ များကို ရန်ကုန်၊ မန္တလေး တိုင်း ဒေသကြီး နှင့် စစ်ကိုင်း တိုင်း ဒေသ ကြီးများ တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ လနှင့် ဒီဇင်ဘာ လ တို့တွင် ပြုလုပ် ခဲ့ပြီး အခြား တိုင်း ဒေသကြီး နှင့် ပြည်နယ် အသီး သီး တွင် လည်း ဇန်နဝါရီ လမှ ဇွန်လ အတွင်း အလုပ်ရှင် နှင့် လုပ်သား တွေ့ဆုံ ပွဲများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဦးအေးမြင့် က ဆိုသည်။ “တွေ့ဆုံပွဲ တွေက နေပြီး ရရှိတဲ့ လာတဲ့ သဘော ထား ရလဒ် များကို ထည့်သွင်း စဉ်းစား သွားပါ မယ်” ဟု ၎င်းက ပြောဆို သည်။

လုပ်သား များ လက်ရှိ ရရှိနေသော လုပ်ခ ကြေးငွေ ကို ဒေသ အလိုက် စစ်တမ်း ကောက်ယူရန် နှင့် အနည်းဆုံး အခကြေး ငွေ အတွက် လုပ်သား များ ၏ နေထိုင် စားသောက်မှု စရိတ် (Living Cost) သုတေသန ပြုလုပ်မှု အရေးကြီး ကြောင်း မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အရင်း အမြစ် အဖွဲ့ အစည်း (MDRI) သုတေ သန တာဝန် ခံ နိုင်ငံတော် သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာ ဇော်ဦး က ပြောကြား သည်။ “အနည်း ဆုံး အခ ကြေးငွေ ကို တိုင်း နှင့် ပြည်နယ် အစိုးရ တွေက နှစ်စဉ် မဟုတ် တောင် ၂ နှစ် ကို တစ်ခါ ပြောင်းလဲ သတ်မှတ် ပေးသင့် ပါတယ်” ဟု ၎င်း က ဆိုသည်။ အနည်း ဆုံး အခ ကြေးငွေ ဥပဒေ ကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက် နေ့တွင် ပြဋ္ဌာန်း ခဲ့သည်။ ယခု လက်ရှိ တွင် အနည်း ဆုံး လုပ်ခ အဖြစ် တစ်ရက် လျှင် ကျပ် ၇၀၀၀ ပေးရန်၊ ကျပ် ၅၆၀၀ ပေးရန် လုပ်သား တောင်းဆို မှု အသံ နှစ်မျိုး ထွက် နေပြီး ယင်း တောင်းဆို မှု နှစ်ခုလုံး ကို အလုပ်ရှင် က လိုက်လျော နိုင်မည် မဟုတ် ဟု ပြောဆို ထား ကြောင်း သိရသည်။

The Voice Daily

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်