Pages

Friday, January 17, 2014

တိုင်းရင်း ဆေးရုံ မြေနေရာ ရရှိရေး မြေအလှူရှင် များ လိုအပ်

တောင်ငူ ခရိုင် အတွင်း တောင်ငူ မြို့တွင် ၂၅ ကုတင် ဆံ့ တိုင်းရင်း ဆေးရုံ၊ ရေတာရှည် နှင့် ဖြူးမြို့များ တွင် ၁၆ ကုတင်ဆံ့ တိုင်းရင်း ဆေးရုံ များ နှင့် အုတ်တွင်း မြို့နှင့် ထန်းတပင် မြို့များ တွင် ကျေးရွာ အုပ်စု တိုင်းရင်းဆေး ခန်းများ အား ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ် တွင် ဆောက်လုပ် ရန် အတွက် မြေနေ ရာ ရွေး ချယ် လျှက် ရှိကြောင်း သိ ရသည်။ တောင်ငူ မြို့တွင် ၂၅ ကုတင် ဆံ့ တိုင်းရင်း ဆေးရုံ အပြင် ခရိုင် ဦးစီး ရုံးခန်း ပါ ဆောက် လုပ်မည် ဖြစ်ရာ ခရိုင် ဦးစီးရုံး အတွက် မြေ နေရာ ရရှိ ပြီး ဖြစ်သော် လည်း တိုင်းရင်း ဆေးရုံ မြေနေရာ အခက်အခဲ ရှိနေကြောင်း ခရိုင် တိုင်းရင်းဆေး ကုသ ရေး ဦးစီး ဌာနမှူး ဦးမြင့်အောင် က ပြောကြားသည်။

"လက်ရှိ အခြေအနေ မှာ ဖြူးမှာ ဆောက်ဖို့ မြေ နေရာ အလှူရှင် ရှိတယ် လို့ သိရပြီး တောင်ငူ နဲ့ ရေတာရှည် က အဆင် မပြေ သေး ပါဘူး။ နိုင်ငံတော် က အနှစ် (၂၀) လောက်ကြာ မှ တိုင်းရင်း ဆေးရုံ တွေ တိုးချဲ့ ဆောက်လုပ် တာပါ။ မိမိ မြို့ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် မြို့မိ၊ မြို့ဖ နဲ့ အထောက် အကူပြု အဖွဲ့ တွေက လိုအပ် တဲ့ မြေနေရာ ရရှိအောင် ဝိုင်းဝန်း ပံ့ပိုး ပေးသင့်ကြောင်း အခွင့်အရေး ရရှိတုန်း ပူးပေါင်း ဆောင်ရွက် မှ သာ ကိုယ့်မြို့ အတွက် ကျန် ရှိမှာ ဖြစ်ပါတ ယ်။ လေဖြ တ်၊ လေ ငန်း၊ ထုံနာ ကျင်နာ သမားတွေ အနေနဲ့ တိုင်းရင်း ဆေးခန်း ပြသခြင်း ထက် တိုင်း ရင်း ဆေးရုံ တက်ရောက် ကုသ ခြင်း က ပိုမို ထိရောက် နိုင်တာမို့ တိုင်းရင်း ဆေးရုံ က မရှိမဖြစ် လိုအပ် ပါတယ်" ဟု ခရိုင် တိုင်းရင်းဆေး ကုသရေး ဦးစီး ဌာနမှူး ဦးမြင့်အောင် က ဆက် လက် ပြောကြား သည်။ မြေ နေရာ သတ်မှတ်ရာ တွင် ၂၅ ကုတင်ဆံ့ တိုင်းရင်း ဆေး ရုံ အတွက် ၆ ဧက၊ ၁၆ ကုတင်ဆံ့ တိုင်းရင်း ဆေးရုံ အတွက် ၄ ဧက၊ ကျေးရွာ အုပ်စု တိုင်းရင်း ဆေးခန်း အတွက် ပေ (၁၀၀) ပတ်လည် သတ်မှတ် ထားကြောင်း သတင်း ရရှိ သည်။

သတင်းစဉ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်