Pages

Friday, January 17, 2014

မြန်မာနိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် သို့ အဆိုပြု လွှာ တင်ပြ သည့် လုပ်ငန်းရှင် များ သိသာ ရန်

၁။ မြန်မာ နိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် မှ ခွင့်ပြုမိန့် ရရှိရေး အတွက် ဆောင်ရွက် ရသည့် လုပ်ငန်း စဉ် အဆင့်ဆင့် မှာ အောက်ပါ အတိုင်း ဖြစ်ပါသည် -

(က) သတ်မှတ် ထားသည့် အဆိုပြု လွှာ ပုံစံ တွင် ရင်းနှီး မြှပ်နှံသူ (သို့) ကမကထ ပြုသူ မှ ရေး သား ဖြည့် သွင်း ပြီး ပြည့်စုံသော အဆိုပြု လွှာ ပြုစု ရပါ မည်။
(ခ) ၄င်း အဆိုပြု လွှာ ကို နေပြည်တော် ရှိ မြန်မာ နိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် ရုံး အဖွဲ့သို့ လည်းေ ကာင်း ၊ ရန်ကုန် (ရုံးခွဲ) သို့ လည်းကောင်း သွား ရောက် တင်ပြ ရပါမည်။ တင်ပြ လာသော အဆိုပြု လွှာ ကိုေ က်ာမရှင် အဖွဲ့ ဝန်ထမ်း များက စာရွက် စာတမ်း ပြည့်စုံ မှု ရှိ - မရှိ စိစစ် ၍ လက်ခံ ပါသည်။
(ဂ) ပြည့်စုံသော အဆိုပြု လွှာကို နေပြည်တော် ၌ အပါတ်စဉ် ကျင်းပ သည့် အဆိုပြု လွှာ စိစစ်ရေး အဖွဲ့ (Proposal Assessment Team) အစည်း အဝေး သို့ တင်ပြ ဆွေးနွေး ပါသည်။
(ဃ) အဆိုပြု ချက် စိစစ်ရေး အဖွဲ့ (Proposal Assessment Team) အစည်း အဝေးမှ အတည်ပြု လျှင် အဆိုပြု ချက်ကို လက်ခံ ကြောင်း / ငြင်းပယ် ကြောင်း အဆိုပြု လွှာ တင်သွင်း သူထံ သို့ အကြောင်းပြန် ပါသည်။
(င) လက်ခံ ပြီးသည့် အဆိုပြု လွှာနှင့် ပတ်သက် ၍ ကော်မရှင် ရုံး အဖွဲ့က သက်ဆိုင် ရာ တိုင်း ဒေသကြီး / ပြည် နယ် အစိုးရ အဖွဲ့ သဘော ထား၊ သက် ဆိုင် ရာ ဝန်ကြီး ဌာန သဘောထား များ တောင်းခံ ပါသည်။
(စ) သဘောထား မှတ်ချက် များ ပြည့်စုံ ပါက မြန်မာ နိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် အစည်း အဝေး သို့ အဆိုပြု ချက် ကို တင်ပြ ဆွေးနွေး ပါသည်။ အဆိုပါ အစည်း အဝေး သို့ ရင်းနှီး မြှပ်နှံသူ (သို့) ကမ က ထ ပြုသူ ကို ဖိတ်ကြား ၍ တက်ရောက် ဆွေးနွေး တင်ပြ ခွင့်ပြု ပါသည်။
(ဆ) မြန်မာ နိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် အစည်း အဝေးမှ ခွင့်ပြု ကြောင်း ဆုံးဖြတ် ပါက ရင်းနှီး မြှပ်နှံ သူ ထံ ခွင့်ပြု မိန့် ထုတ်ပေး ပါသည်။

၂။ အထက် အပိုဒ် ၂ ပါ လုပ်ငန်း များ ဆောင်ရွက် ရာ တွင် နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု ဥပဒေ ပုဒ်မ ၂၀ (ခ)၊ မြန်မာ နိုင်ငံသား များ ရင်းနှီး မြှပ်နှံ မှု ဥပဒေ ပုဒ်မ ၁၈ (ခ) တို့ အရ အဆိုပြု ချက်ကို လက်ခံ ပြီး ချိန် ကျ မှ ရက်ပေါင်း (၉၀) အတွင်း ကော်မရှင် မှ ခွင့်ပြုမိန့် ထုတ်ပေး မည် ဖြစ်ပါသည်။
၃။ ရင်းနှီးမြှပ်နှံ မှု အဆိုပြု လွှာ တင်ပြ ခြင်း၊ စိစစ် ခြင်း၊ ခွင့်ပြု မိန့် ထုတ်ပေးခြင်း တို့နှင့် မြန်မာ နိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင် သို့ ရင်းနှီး မြှပ်နှံ သူမှ ဝန်ဆောင်ခ နှင့် အခြား အခ ကြေးငွေ များ ပေးဆောင် ရန် မလို အပ်ပါ။
၎။ အသေးစိတ် သိရှိ လိုပါက အောက်ပါ တယ်လီဖုန်း နံပါတ် များ ကို ဆက်သွယ် မေးမြန်း နိုင်ပါသည် -

ညွန်ကြား ရေးမှူး ချုပ် ၀၆၇ - ၄၀၆၁၂၂
ဒုတိယ ညွန်ကြား ရေးမှူး ချုပ် ၀၆၇ - ၄၀၆၃၄၂
ညွန်ကြား ရေးမှူး( နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု ဌာန) ၀၆၇ - ၄၀၆၃၃၄
ညွန်ကြား ရေးမှူး( မြန်မာ နိုင်ငံသား ရင်းနှီး မြှပ်နှံမှု ဌာန) ၀၆၇ - ၄၀၆၁၃၉
ရင်းနှီး မြှပ်နှံမှု ဌာန ဆိုင်ရာ ပူးပေါင်း လုပ်ငန်း အဖွဲ့ ရုံး ၀၁ - ၆၅၇၈၉၂

မြန်မာနိုင်ငံ ရင်းနှီး မြှပ်နှံမှု ကော်မရှင်

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်