Pages

Friday, January 17, 2014

မြူခိုးမြူ ပမာဏ မြင့်တက် လာမှု သတိပြု ရန် ပေကျင်း မြို့နေ ပြည်သူ လူထု အား သတိပေး

 
 
တရုတ် နိုင်ငံ မြို့တော် ပေကျင်း တွင် လေထု ညစ်ညမ်းမှု ပမာဏ မြင့်တက် လာခြင်း အား ကြိုတင် သတိထား မှုများ ပြုကြ ရန် အာဏာပိုင် များ က သတိ ပေး ထုတ်ပြန် မှုများ ပြုလုပ် ခဲ့ကြောင်း ဇန်နဝါရီ ၁၆ ရက် ဘီဘီစီ သတင်း တွင် ဖော်ပြ သည်။ မြို့တော် ပေကျင်း ၏ လေထု ညစ်ညမ်းမှု ပမာဏ အား မှတ်တမ်း တင်ရာ၌ ဇန်နဝါရီ ၁၆ ရက် တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထောက်ခံ တင်ပြ ထားသည့် လေထု ညစ်ညမ်းမှု ပမာဏ ထက် အဆ ၂၀ ခန့် ပိုမို နေခဲ့ သည်ဟု ဆိုသည်။ မြို့တော် ပေကျင်း တွင် ထူထပ်စွာ ဖုံးလွှမ်း နေသည့် မီးခိုးမြူ များ ကြောင့် မိုးမျှော် အဆောက် အအုံများ ၏ ပတ်ဝန်းကျင် ၌ မီတာ ရာပေါင်း အနည်းငယ် မျှ ဝေးသော နေရာများ အထိ မြင်ကွင်း ကို တားဆီး ဖုံးလွှမ်း နေပြီး လေထု အတွင်း၌ သေးငယ် သော ဖုန်မှုန့် များ ရစ်သိုင်း လျက် ရှိသည်။ ပေကျင်း မြို့တော် အာဏာပိုင် များက မြို့တော် နေသူများ လုပ်ငန်းခွင် သို့ သွားလာ ရာ၌ မျက်နှာဖုံး အကာ အကွယ် များ တပ်ဆင် သွားလာ ကြရန် အကြံပေး ထားပြီး ကလေးငယ် များနှင့် သက်ကြီး ရွယ်အိုများ အနေဖြင့် အဆောက် အအုံများ အတွင်း ၌သာ နေထိုင် ကြရန် ဆော်သြ ထားသည်။

ဘီဘီစီ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆက်သွားချင်သေးတယ် ဆိုရင်